Three arrows မြားသုံးစင်း

Htein Linn လူတစ်ယောက် ဆန္ဒမဲ သုံးခုပေးရမယ်ဆိုတာကို သိတဲ့သူ အတော်နည်းနေတယ်ပြောရမယ်ဆရာ။ နယ်မြို့မို့လို့လားမသိဘူး။ စိတ်ဝင်စားမှု အားနည်းကြတယ်။

ဟုတ့့် အမျိုးသားလွှတ်တော်အတွက်တမဲ + ပြည်သူ့လွှတ်တော်အတွက်တမဲ + တိုင်းဒေသကြီး/ပြည်နယ်အတွက်တမဲ၊ မဲပေးခွင့်ရှိသူတိုင်းမှာ စုစုပေါင်း (၃) မဲစီပေးပိုင်ခွင့်ရှိကြပါတယ်။ မဲပုံး (၃) မျိုးရှိမယ်။ သက်ဆိုင်တဲ့မဲကို သက်ဆိုင်တဲ့ မဲပုံးထဲမှာ ကိုယ်တိုင်ထည့်ရပါမယ်။

သုံးမဲလုံးကို ပါတီတခုတည်းက ကိုယ်စားလှယ်လောင်းတွေကို ထည့်မှာလား၊ သုံးမဲကို သုံးပါတီ ခွဲပေးမှာလား။

ကလေးသုံးယောက်ကို မုန့်ဝေသလိုမလုပ်သင့်ပါ။ ပံ့သကူ အလှူလိုလည်းမလုပ်သင့်ပါ။ ယတိပြတ်ဆုံးဖြတ်ချက်ချပါ။ အကြိုက်ဆုံးပါတီမှာ ပုံအောလိုက်ပါ။

လက်ရှိနိုင်ငံရေး၊ စီးပွါးရေးစတာတွေကို အားရကျေနပ်တယ်ဆိုရင် အဟောင်းကိုသာပေးပါ။ ပိုကောင်းစေချင်တယ်ဆိုရင် အသစ်ကိုပေးပါ။ အသစ်ဆိုတာ တခါမှမကြားဖူးသေးတဲ့ပါတီ မဟုတ်ပါ။ ၁၉၉ဝ တုံးက မဲဆန္ဒနယ်ပေါင်း ၄၈၅ နေရာရှိတာ ၃၉၂ နေရာမှာ NLD ပါတီကိုသာမဲပေးခဲ့ကြတယ်။

အများက အားဖြစ်တယ်။ စုန်းမပြူးစေလိုပါ။ ဘီလူးသူရဲတွေလည်း မဲပေးတာကိုချောင်းကြည့်မနေပါ။ မြားသုံးစင်းလုံးကနေ ပစ်မှတ်ကိုထိမှန်ပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၅

Comments