Goat အကောင်ပျောက်ရှာဖွေရေး အော်ပရေးရှင်း

ချင်းတွင်းမြစ်မှာရေကြီးကာစ ဆော်သြရေးစာလေးတွေရေးပါတယ်။ NLD ကလုပ်မယ်ဆိုတာလည်းပါတယ်။ ကွန်မင့်တခုက ကုလားဆီကလာလည်း လက်ခံမှာပဲလားတဲ့။

ဒီအစိုးရလက်ထက်မှာ ကုလားနဲ့ ဘင်္ဂါလီတွေဟာ ပေါ်ပြူလာအဖြစ်ဆုံး ဗန်းစကားနှစ်လုံးဖြစ်လာတယ်။ ဖတ်ဖူးတာလေးတခုရှိတယ်။

ကျွန်ုပ်သည် မုတ်ဆိတ်ဖွါးဖွါး ကုလားကြီးကိုတွေ့မြင်တိုင်း အလွန်ဝမ်းနည်းပါသည်။ ကျွန်ုပ်၏ မျက်လုံးအစုံတို့သည် မျက်ရည်ကို ဆီးတားခြင်းငှာမတတ်နိုင်တော့ပါ။ ထိုမျက်ရည်များသည် မိုးဦးကျ တောင်ကျချောင်းမှ ရေများ စီးဆင်းလာဘိသကဲ့သို့ ဒလဟောစီးဆင်းလာကြပါသည်။ ကျွန်ုပ်၏ရင်ဝယ် ရေအိုင်များထွန်းနေပါပြီ။ ကျွန်ုပ်၏ မျက်လုံးအစုံမှာလည်း မော်တော်ကားများ၏နော်က်မီးကဲ့သို့ နီရဲနေပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကြောက်သောကြောင့် မဟုတ်ပါ။ မျက်စိကျိန်းသောကြောင့်လည်းမဟုတ်ပါ။ စင်စစ်မှာမူ အိမ်၌မွေးမြူထား၍ ပျောက်ဆုံးသွားသည့် ဆိတ်သိုးကြီးကို သတိရသောကြောင့်သာဖြစ်ပါသည်။

ဆိတ်သိုးကြီးပျောက်နေသူတွေ အမြန်ရှာတွေ့ကြပါစေ။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၅

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်