Looking forward to မျှော်ကြည့်မိခြင်း

၁၉၉ဝ မှတ်တမ်းဓါတ်ပုံတွေထဲက ကျွန်တော့်ဓါတ်ပုံကိုကြည့်ပြီး အသက်မေးလို့ ၄၂ နှစ်လို့ဖြေပါတယ်။ မိတ်ဆွေတယောက်က နုပျိုခြင်းတွေ လေကြမ်းကြမ်း နေကြမ်းကြမ်းနဲ့ တိုက်စားသွားလို့ မှတ်ချက်ပေးလာတယ်။

မြို့သာမှာ တိုက်နယ်ဆရာဝန်လုပ်စဉ်က တောကျောင်းဆရာတော်က ကျွန်တော့်အသက်ကိုမေးတယ်။ အဲဒီတုံးက ကျွန်တော့်အသက်က ၃ဝ တောင်မပြည့်သေးပါ။ အသက် ၄ဝ ဆိုတာ လူ့သက်တမ်းမှာ အသန်စွမ်းဆုံးလို့မိန့်ပါတယ်။
အဲဒီအသန်စွမ်းဆုံးအချိန်မှာ ကျွန်တော်နိုင်ငံရေးထဲ စရောက်ပါတယ်။ စိတ်အားထက်သန်စွာနဲ့ အစွမ်းဆုံးလုပ်ခဲ့ပါတယ်။
လေကြမ်းကြမ်း နေကြမ်းကြမ်းဒဏ်တွေကို အန်တုနိုင်ပေမယ့် ဇာတာသက်က ဆက်သွားနေပါတယ်။

နေညိုချိန်လို့လည်း တွက်မနေပါ။ ခုနေမှာ အသန်စွမ်းဆုံးအရွယ်တွေအများကြီးက ဆက်လုပ်နေကြလို့ အိုကြီးအိုမတွေလည်း နူပျိုလန်းဆန်းရပါတယ်။
သူတို့တတွေပါ ကျွန်တော်လို့ စမြုံ့ပြန်နိုင်တဲ့ကာလမှာတော့ မြန်မာပြည်ဟာ သာယာနေမှာပေါ့လို့ မျှော်ကြည့်နေမိပါတော့တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ