Transderm-Scop patch အမူး-အအန်ပျောက်ဆေးကပ်ခွါ

ယာဉ်စီးရင် မူးတာ-ပျို့တာ-အန်တာ သက်သာစေဘို့မှာသုံးနိုင်တယ်။ မေ့ဆေးကြောင့် အဲလိုဖြစ်တာအတွက်လည်း သုံးနိုင်တယ်။ ကိုယ်ထဲမှာရှိနေကြတဲ့ acetylcholine နဲ့ norepinephrine တွေကို မျှခြေမှန်အောင် လုပ်ပေးတဲ့ဆေး ဖြစ်တယ်။ ဦးနှောက်မှာရှိတဲ့ ပျို့-အန်တာကိုအချက်ပေးစနစ်ကိုပါ ပိတ်ပေးစေနိုင်တယ်။ ကလေးတွေကိုမသုံးရပါ။

ကပ်ထားတာကိုခွါလိုက်ပြီး အမွှေးမထူတဲ့ သန့်တဲ့ကိုယ်အရေပြားတနေရာရာမှာကပ်ပါ။ ၃ဝ စက္ကန့်ကြာဖိပေးပါ။ ကပ်စရာမှာပါနေတဲ့ဆေးကို ၃ ရက်တာထုတ်ပေးနောတာကို အရေပြားကနေစုပ်ယူလိမ့်မယ်။ မူး-အန်စရာမဖြစ်မီ ၄ နာရီ ကြိုတင်ကပ်ထားပေးပါ။ နလိုရတော့ရင် စောပြီးခွါပါ။ လိုသေးရင် ၃ ရက်နေတော့ အသစ်လဲကပ်ပါ။

ဗိုက်ခွဲမွေးတဲ့ခွဲစိတ်မှုအတွက်ဆိုရင် မခွဲခင် ၁ နာရီသာကြိုတင်ပါ။ ဒါမှ ဆေးက ကလေးဆီမရောက်စေမှာဖြစ်တယ်။ ခွုပြီး ၂၄ နာရီမှာခွါပြစ်ပါ။

ဘေးထွက်ဆိုးကျိုးအရ သူငယ်အိမ်ကိုကျယ်စေလို့ ခဏတာ မျက်စိကြည့်မကောင်းတာဖြစ်စေမယ်။ ခွါပြစ်ပြီးနောက်မှာ နည်းနည်းခေါင်းမူးနေနိုင်တယ်။ ကိုယ်ခန္ဓာထိန်းရတာအားနည်းမယ်။ ခေါင်းနည်းနည်းကိုက်နိုင်တယ်။ ကြွက်သား အားနည်းနေနိုင်တယ်။ နှလုံးခုန်းနှေးမယ်။ အာခေါင်ခြောက်နေမယ်။ ချွေးထွက်နည်းမယ်။ ဝမ်းချုပ်မယ်။ ဆေးနည့် မတည့်သူဆိုရင် (အလားဂျစ်) ဖြစ်စဉ်ရနိုင်တယ်။ ရှားတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး