Toxic paracetamol ပါရာစီတမော အဆိပ်ဆေးရည်

ဘင်္ဂလားဒက်ရှ်နိုင်ငံလုပ် ပါရာစီတမောဆေးရည် အဆိပ်သင့်မှုအတွက် ဆေးကုမ္ပဏီတာဝန်ရှိသူ ၆ ဦးကို ထောင် ၁ဝ နှစ်စီ ချတဲ့သတင်း ကနေ့ထွက်ပေါ်လာပါတယ်။ ဒီအမှုက ၂၃ နှစ်ကြာပါပြီ။
BCIB ဆေးကုမ္ပဏီအပါအဝင် ဆေးကုမ္ပဏီပေါင်း ၅ ခုကဟာ ဈေးချိုတဲ့ Diethylene glycol ဓါတုဆေးကို Paracetamol syrups ပါရာစီတမောဆေးရည် ထုတ်လုပ်ရာမှာ သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိပါတယ်။ အဲတာက အဝတ်အထည် ဆေးဆိုးရာမှာသာ သုံးရတာဖြစ်ပါတယ်။ အမှန်က Propylene glycol ဓါတုဆေးကိုသာ သုံးမှာဖြစ်ပါတယ်။ သူတို့သုံးတာက ၁ဝ ဆဈေးချိုပါတယ်။

၁၉၉၂ တုံးက အသက် ၁ နှစ်ကနေ ၅ နှစ်အရွယ် ကလေးပေါင်း ၇၆ ယောက် ဒီဆေးရည်ကြောင့်သေဆုံးခဲ့ပါတယ်။ Bangabandhu Sheikh Mujib ဆေးတက္ကသိုလ်လေ့လာမှုအရ ၁၉၈၂ ကနေ ၁၉၉၂ အတွင်းမှာ ကလေးစုစုပေါင်း ၂၇ဝဝ သေဆုံးပါတယ်။

မြန်မာနိုင်ငံမှာ ဘင်္ဂလားဒက်ရှ်ကနေ ဆေးတွေဝင်နေပါတယ်။ တရုပ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေကနေ သွင်းနေတဲ့ ဆေးတွေထဲမှာ (၁) ဆေးအတု၊ (၂) အရည်အသွေးမမီတဲ့ဆေးနဲ့ (၃) အဆိပ်သင့်နိုင်တဲ့ဆေးတွေ ပါနေနိုင်တာကို အထူးသတိပြုကြစေလိုပါတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး