Posts

Showing posts from January, 2019

နွေးပါစေ မွှေးပါစေ

Image
ဆရာရှင့် တခုလောက်မေးချင်ပါတယ်။ ဒီနေ့ဆရာတင်တဲ့ Post တခုဖတ်လိုက်ရပါတယ်။ မြတ်စွာဘုရား ခြေတော်လက်တော်နွေးစေဖို့ သနပ်ခါးမီးပူဇော်တဲ့ ကုသိုလ်ပြုတယ်ဆို ဘယ်လိုပူဇော်ရတာပါလဲဆရာ။ သနပ်ခါးတုံးတွေကိုခွဲပြီး ဘုရားကျောင်းဆောင်ရှေ့မှာ ခွဲထားတဲ့ သနပ်ခါးတုံးတွေကိုမီးလောင်စေပြီးပူဇော်ရတာလားရှင့်။ ကျွန်မနားမလည်လို့ပါ။ စာရေးတဲ့အထဲမှာ အမှားပါရင်ခွင့်လွှတ်ပေးပါရှင့်။ မြတ်စွာဘုရား ခြေတော်လက်တော်နွေးစေဖို့ သနပ်ခါးမီးပူဇော်တဲ့ ကုသိုလ်ပြုတယ်ဆိုတာ ဘုရားဆွမ်းတော် တင်သလိုသဘောဖြစ်တယ်။ တပို့တွဲလပြည့်မှာ လုပ်ကြတယ်။ ရက်အတိအကျမဟုတ်လည်း လုပ်နိုင်တယ်။ နည်းရယ်လို့တော့ မရှိပါ။ ဆရာနေရတဲ့နေရာမျိုးမှာ စမုတ်အလမ်း ခေါ်တဲ့ မီးခိုးထွက်ရင် အသံမြည်တာတပ်ထားလို့ အိမ်ထဲမှာ မီးခိုးထွက်တာမျိုး လုပ်ရတာ ခက်တယ်။ မီးလောင်တတ်တာ သတိထားရမယ်။ တချို့လူတွေက အနံ့အသက်ကို မတည့်တာရှိတယ်။ တချို့နေရာတွေမှာတော့ သတ်သတ်မှတ်မှတ်လုပ်ကြတယ်။ ဥပမာ ဘုတလင်မြို့။ ရန်အောင်မြင်ဘုရားကြီးမှာ နှစ်စဉ် မနက်အရုဏ်တက်ချိန်မှာ စုပေါင်းလုပ်ကြတယ်။ သနပ်ခါး၊ နံ့သာဖြူ၊ ကရမက်တွေကို မီးလောင်လွယ်အောင် သေးသေးလေးတွေ ခွဲစိတ်ပြီး မီးလောင်ခံခွက်အမျိုးမျိုးထဲမှာထည့်ပြီး ဘုရားရှေ့၊ ဘု

စာအုပ်စင်နဲ့ သစ်ပင်

Image
စာအုပ်ဆိုတာ ကောင်းတယ်။ သစ်ပင်တွေကလည်း ကောင်းတယ်။ ဒါပေမဲ့ စာကောင်းတွေကို သတ်ပုံမှန်အောင်ရေးမှသာ အကျိုးပြုမယ်။ ပိုးကျနေတဲ့အပင် အသုံးမဝင်ပါ။ မျိုးဗီဇပြင်ထားတဲ့ အပင်တွေ သတိထားရတယ်။ သတ်ပုံပြင်စာအုပ်တွေ စင်ပေါ်မထားပါ။ ဒေါက်တာတင့်ဆွေ ၃၁-၁-၂၀၁၉

Arthritis အဆစ်နာ

Image
အဆစ်နာ အမျိုးပေါင်း ၂ဝဝ ရှိတယ်။ အကြီး-အငယ်၊ အရွယ်မရွေး၊ ကျား-မ မရွေး ဖြစ်တယ်။ တကိုယ်လုံးအနှံ့ ဖြစ်တယ်။ Osteoarthritis အဆစ်ကို အသုံးချတာ များရာကနေ ကြာတော့ ပွန်းပဲ့ ဟောင်းနွမ်းရာကနေဖြစ်တာမျိုး။ Rhumatoid arthritis လေးဘက်နာလို့ပြောတာက ခုခံအားစနစ်ကြောင့်ဖြစ်တယ်။ Juvenile arthritis ကလေးတွေမှာဖြစ်တာဆိုပြီး သုံးမျိုးခွဲနိုင်တယ်။ (က) ဆေးပေးကုသနည်း အဓိက စားဆေး လေးမျိုးရှိတယ်။ (၁) Analgesics အနာသက်သာဆေး။ Aspirin, Paracetemol, Ibuprofen တို့ဖြစ်တယ်။ Aspirin နဲ့ Ibuprofen က အရောင်ကျတာမှာ ပိုကောင်းတယ်။ ပိုပြင်းတဲ့ အနာသက်သောဆေးတွေက Codeine နဲ့ Diamorphine တို့ဖြစ်တယ်။ (၂) Anti-inflammatory medicines အရောင်ကျဆေး။ Non-steroidal anti-inflammatory drugs (NSAIDs) Ibuprofen, Indomethacin, Naproxen, Fenbufen, Piroxicam, Diclofenac နဲ့ Osteoarthritis အတွက်ပေးတဲ့ ဆေးသစ် Cox-2 inhibitors တွေ ဖြစ်တယ်။ (၃) Steroids (စတီရွိုက်)ဆေး။ ကိုယ်ထဲကနေ အလိုလိုထုတ်ပေးနေတဲ့ cortisone သဘာဝဟော်မုန်းဖြစ်ပြီး၊ အရောင်ကျစေတယ်။ သတိထားရမှာက ဘေးထွက်ဆိုးကျိုးတွေဖြစ်တယ်။ တခြားဆေးနဲ့မတိုးမှ သုံးတာကောင်းတယ်။ Disease-modifyin

Augmentin ပဋိဇီဝဆေး

Image
Augmentin ပဋိဇီဝဆေး Amoxicillin နဲ့ Clavulanate ပဋိဇီဝဆေး ၂ မျိုးရောထားတာဖြစ်တယ်။ 250 mg/125 mg, 500 mg/125 mg, 875 mg/125 mg စာဆေးတွေနဲ့ 125 mg/31.25 mg per 5 mL, 250 mg/62.5 mg per 5 mL သောက်ဆေးတွေရှိတယ်။ Augmentin ဆေးကို နေရာအမျိုးမျိုးမှာ ဗက်တီးရီးယားပိုးဝင်ခြင်းအတွက်ပေးတယ်။ အစာနဲ့သောက်သင့်တယ်။ နားအလယ်ပိုင်းရောင်ခြင်း။ အာသီးရောင်ခြင်း။ လည်ချောင်ရောင်ခြင်း။ အသံအိုးရောင်ခြင်း။ လေပြွန်ရောင်ခြင်း။ ဆိုင်းနပ်စ်။ နူမိုးနီးယား။ ဆီးလမ်းပိုးဝင်ခြင်း။ အရေပြားပိုးဝင်ခြင်း။ ဂနိုးရီးယား။ 500 mg/125 mg-875 mg/125 mg PO q12h တနေ့ ၂ ကြိမ်။ သို့မဟုတ် 250 mg/125 mg-500 mg/125 mg တနေ့ ၃ ကြိမ်။ ၅-၇ ရက်။ Sinusitis ဆိုင်းနပ်အတွက် 875 mg/125 mg တနေ့ ၂ ကြိမ်၊ ၅-၇ ရက်။ သို့မဟုတ် 500 mg/125 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။ အစာနဲ့သောက်သင့်တယ်။ UTI ဆီးလမ်းပိုးဝင်ခြင်း 500 mg/125 mg တနေ့ ၂ ကြိမ်၊ ၃-၇ ရက်။ အစာနဲ့သောက်သင့်တယ်။ ပဋိဇီဝဆေးတိုင်း ဆရာဝန်ညွှန်မှသာသောက်ရတယ်။ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ ဆေးကို ဆေးပတ်စေ့အောင်သောက်ရမယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာတိုင်း ပဋိဇီဝဆေး

Leukopenia သွေးဖြူဥနည်းခြင်း

Image
မင်္ဂလာပါ ဆရာခင်ဗျ၊ ကျွန်တော့်မိတ်ဆွေ အမျိုးသမီးတယောက် သွေးဖြူဥနည်းတဲ့ရောဂါဖြစ်လို့ဆရာ၊ အန္တရာယ်ရှိလား ခင်ဗျ ကုသလို့ရော ပျောက်ကင်းနိုင်ရဲ့လား ခင်ဗျ အသက်က (၄၀) ဝန်းကျင်ပါ ဆရာ၊ သူ့မိသားစုက အရမ်းစိုးရိမ်နေလို့ပါ ဆရာ၊ ပြန်ဖြေကြားပေးပါဦးခင်ဗျ။ ဆရာ ကျန်းမာပါစေ၊ လူနာ အအသက်နဲ့ အမျိုးသမီးလို့သာသိရ။ ကျန်တာတွေ မသိ။ ဘယ်လိုခံစားနေရမသိ။ ကျန်းမာနေသူတယောက်မှာ သွေးဖြူဥ 3,500 ကနေ 11,000 အထိရှိတယ်။ ရိုးတွင်းခြင်ဆီကနေ ထုတ်ပေးနေတယ်။ သွေးဖြူဥနည်းနေသူ ကူးစက်ရောဂါဝင်လာရင် ခံနိုင်စွမ်းနည်းမယ်။ သွေးဖြူဥဆိုတာ ခုခံအားနဲ့ဆိုင်တယ်။ သွေးဖြူဥအမျိုးအစား ၅ မျိုးရှိတယ်။ ၁။ Neutrophils 55% ကနေ 70% ရှိတယ်။ ဖန်းဂတ်စ် ခေါ်မှိုပိုးနဲ့ ဗက်တီးရီးယားတွေကို ခုခံပေးတယ်။ ၂။ Lymphocytes က ဒုတိယအမျိုးဆုံး။ ဗိုင်းရပ်စ်ပိုးကိုခုခံပေးတာယ်။ ၃။ Basophils အမျိုးအစားနည်းရှားတယ်။ ရောင်ရမ်ဖြစ်စဉ်နဲ့ အလာဂျီမှာပါဝင်တယ်။ ၄။ Monocytes အရွယ်အစားအကြီးဆုံး။ ဗက်တီးရီးယား၊ ဖန်းဂတ်စ်နဲ့ ဗိုင်းရပ်စ်တွေကို ခုခံပေးတယ်။ ရောင်ရမ်းဖြစ်စဉ်မှာလည်း ပါတယ်။ ၅။ Eosinophils အလာဂျီမှာအဓိကကျတယ်။ အလာဂျီရှိနေသူတွေနဲ့ ပန်းနာရှိသူမှာ များနေမယ်။ နည်းနေသူ

ဝင်းဦး သီချင်းများ

Image
ချစ်သောသူတယောက် ဆောင်းတညဝယ် မုန်းတလှဲ့ ပြုံးတလှဲ့ ဝင်းဦးခေတ်ဆိုတာ ရှိခဲ့တယ်။ အဲလ်ဗစ်ပရက်စလေခေတ်နဲ့ အပြိုင်။ အလွန်အဆိုကောင်းပြီး သရုပ်ဆောင်လည်းကောင်း၊ စာရေးလည်းကောင်းတယ်။ အဲဒီခေတ်မှာ လူတိုင်းကလည်း သတ်ပုံမှန်အောင်ရေးခဲ့ကြပါတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၁-၂ဝ၁၉

Breakfast ကျောင်းသားနံနက်စာ

Image
ဒီတိုင်းပြည် ကျောင်းစားသောက်ခန်းမှာ ကပ်ထားတဲ့ နံနက်စာ ပိုစတာ အသီးတမျိုးပါရမယ်။ ဖွေးနေအောင်ချွတ်မထားတဲ့ ပေါင်မုံ့၊ ဆန် ဂျုံနဲ့လုပ်တာ တခုခုပါမယ်။ သောက်စရာ နွားနို့။ အခြေခံအချက်က စုံရတာပါ။ ဖွေးနေအောင်ချွတ်မထားတဲ့ပေါင်မုံ့နေရာမှာ ဆန် သို့မဟုတ် ဂျုံနဲ့လုပ်တာ တခုခုပါမယ်။ ကိုယ့်ဆီမှာ ရတာကို စုံအောင်စားရင် အတူတူပါပဲ။ ဒေါက်တာတင့်ဆွေ ၃၁-၁-၂၀၁၉

HPV Vaccine သားအိမ်ဝကင်ဆာကာကွယ်ဆေး မြန်မာပြည်တပြည်လုံး ထိုးပေးမယ်

Image
သတင်းတခု အခုပဲဖတ်ရတယ်။ အသက် ၁၀ နဲ့ ၁၄ နှစ်ကြားအရွယ် မိန်းကလေးတွေကို ထိုးပေးမှာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ သားအိမ်ဝကင်ဆာဖြစ်နှုန်း တတိယလိုက်တယ်လို့ သတင်းမှာပါတယ်။ ကမ္ဘာမှာလည်း ဖြစ်ပွါးမှုအများဆုံးနိုင်ငံတဲ့။ ဆောရီး။ ကျန်းမာရေးဆန်းစစ်ချက်တွေအားလုံးမှာ မြန်မာပြည်ဟာ အညံ့ဆုံးတွေချည်းသာဖြစ်နေတယ်။ ဆောရီး။ Gardasil နဲ့ Silgard ဆေးတမျိုးမျိုးထိုးပေးဘို့ WHO လမ်းညွှန်မှာပါတယ်။ Human papillomavirus (HPV) ခေါ် ဗိုင်းရပ်ကနေ သားအိမ်ဝကင်ဆာဖြစ်စေနိုင်တယ်။ ၂၀၁၂ ခုနှစ်တုန်းက အမျိုးသမီးပေါင်း ၂၆၆၀၀၀ ယောက်သေဆုံးခဲ့ရတယ်။ လူနာသစ် ၅၂၈၀၀၀ ယောက်တွေ့ခဲ့တယ်။ သားအိမ်ဝကင်ဆာ လူနာအားလုံးရဲ့ ၈၅% ဟာ ဖွံ့ဖြိုးမှုနည်းတဲ့တိုင်းပြည်တွေမှာဖြစ်တယ်။ အမျိုးသမီးတွေမှာဖြစ်တဲ့ ကင်ဆာ အားလုံးရဲ့ ၁၂% ဟာ သားအိမ်ဝကင်ဆာ။ ၉၉% တို့ဟာ လိင်လမ်းကြွက်နို့ကနေဖြစ်တယ်။ ဒီပိုးကနေ တခြားနေရာ ကင်ဆာတွေလည်း ဖြစ်တယ်။ စအို၊ ဦးခေါင်း၊ လည်ပင်းမှာ ယောက်ျားရော မိန်းမတွေမှာ ဖြစ်နိုင်တယ်။ လိင်ကတဆင့် ကူးစက်တယ်။ ကာကွယ်ဆေး ၃ မျိုးရှိတယ်။ Bivalent ကာကွယ်ဆေး၊ Quadrivalent ကာကွယ်ဆေးနဲ့ Nonavalent ကာကွယ်ဆေးတွေ ဖြစ်တယ်။ ဆေးအားလုံးကနေ သားအိမ်ဝကင

The Old Fisherman တံငါအို

Image
ကိုမင်းနောင်ဆိုရင် သူဆိုတဲ့သီချင်းကောင်းတွေ အများကြီးထဲက ၂ ပုဒ် ခေါင်းထဲရောက်လာတယ်။ ဇရာ နဲ့ တျာချင်း။ ဝန်ကြီးပဒေသရာဇာ၏ ထန်းတက်သမားဖွဲ့ တျာချင်း နွေဦးကာလ၊ မြူထသောခါ၊ ရင်းထောင် ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊ ဓားနှီး ထက်စွာ၊ ခါးမှာချပ်လျက်၊ ထန်းပွင့် ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊ ကလိုင်သာလွယ်လို့၊ တက်သည်နှင့်လေး။ ထန်းပင် ထန်းလက်၊ ထန်းရွက်ကယ် ဝေဝေ၊ စင်အောင် ခုတ်ထစ်၊ နုမြစ်ကယ် ထန်းဦးရေ၊ မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း၊ သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်၊ ထန်းလျှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။ ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ၊ ခွေးဟစ် လူဟစ်၊ ခတ်ပစ်ကယ် ခြောက်သောခါ၊ ပတတ်ကယ် ယုန်, ခါ၊ တောမှာရှိကြ၊ ငုံး ကြက်ကယ် ဖွတ် မြွေ၊ ဝံပုလွေ၊ မနေ ထွက်လာကြသည်တည့်လေး။ ဝမ်းသာအားရ၊ မယားကတသွယ်၊ ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်၊ လင်ကတသွယ်၊ ယုန်ငယ်ကစ၊ တောသတ္တဝါ၊ တွေ့တိုင်းကိုသာ၊ အိတ်မှာသာ ယူ၍ချသည်နှင့်လေး။ သို့နှင့်ရောက်က၊ ခဏအောင့်လျှင်၊ တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်၊ ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး၊ အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်၊ မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။ နှီးဒေါင်းလန်ြး

လက်ဖက်ရည်ဆိုင်ရောက်

Image
ရခိုင်ကျောင်းသားတယောက်နဲ့။ ရောက်တတ်ရာရာ။ လွှတ်တော်ကနေ စလိုက်တာ စုံပါရောဗျာ။ မြန်မာပြည်အနောက်စွန်း၊ မြောက်ဖက်ထိပ်နဲ့ ထိပ်သီးမျိုးစုံ သတင်းတွေ။ ဘုန်ကြီးသတင်းလည်းပါ။ ဖုံးထဲကသတင်းတွေလဲပါ။ တချို့က အလုံးကြီးလို့ ထင်တာမျိုးကို တချို့က အပြားလို့သိကြတယ်။ ချင်းဆိုင်မှာ ကုလားစာ ပူရီစားခဲ့တယ်။ ကျောင်းသားတုန်းက လက်ဖက်ရည်ဆိုင် သတိရတယ်။ တခွက် တမတ်။ မွေးရပ်ကို အလည်ပြန်တော့ လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်တာ၊ ဧည့်သည်လုပ်တဲ့သူက တပြားမှ မကုန်ခဲ့ပါ။ ကျေးဇူး။ ဒေါက်တာတင့်ဆွေ ၃၁-၁-၂ဝ၁၉

Gestational Diabetes ကိုယ်ဝန်နဲ့ဆီးချို

Image
၁။ ကျွန့်တော့ဇနီးမှာ ယခုကိုယ်ဝန် ၂လကျော်ပြီလို့သိရပါတယ် သူ့မှာဆီးချိုရှိနေပါတယ် နေ့လည်ကဆရာတယောက်ကပြောပါတယ် သားဖွားမီးယက်ဆရာမပါပဲ ဆီးချိုရှိရင်ကလေးမယူရဘူး ယူရင်တောင်မွေးလာမည့်ကလေးက အင်္ဂါမစုံတာ ဉာဏ်ရည်မမှိတာ ကလေးအသက်မမှိတာတို့ဖြစ်နိုင်တယ်လို့ပြောလိုက်တော့ ယခုကျွန်တော့အမျိုးသမီးက တစ်မိုင်မိုင်တတွေတွေဖြစ်နေပါတယ်ခင်ဗျာ အဲတာကြောင့် ဆရာ့ကိုမေးရတာပါ ကျေးဇူးပြု၍ဖြေကြားပေးပါဦးဆရာ ဆရာတစ်ယောက်၊ အင်္ဂါမဆုံတာ နဲ့ တစ်ထွေထွေ ကို ပြင်လိုက်တယ်။ ဖူးလ်စတော့တွေကိုလည်းဖျက်လိုက်တယ်။ ဆောရီး။ ၂။ ဆရာရှင့် ကိုယ်ဝန်ဆောင်နဲ့ပျားမီးရွတ်တည့်လားရှင့်။ သမီးအသက်က ၂၉နှစ်ပါ။ ကိုယ်ဝန်ဆောင်တာ ၆လပါ ဆီးချိုမျိုးရိုးလဲရှိပါတယ် OG လဲအပ်ထားပါတယ်။ ဆီးချိုနဲ့ပတ်သတ်တဲ့ စစ်ဆေးမှုတွေအကုန်လုပ်ပြီးပါပြီ OGTTစစ်တာ Glugose သောက်ပြီး 250mg/l ပါ။ တခြားစစ်ဆေးမှုက HbA1C စစ်တာ၂ကြိမ်မှာ ၁ကြိမ်က 6.7 နဲ့နောက်တကြိမ် 5.6 ရှိပါတယ်။ အိမ်မှာ ကိုယ်တိုင်သွေးဖောက်စစ်တာကတော့ အစားမစားမီ 120-140 mg/l စားပြီး 180-190mg/l ရှိပါတယ်ဆရာ။ အဲလောက်ပမာဏတွေဆို အန္တရာယ်ရှိနိုင်လား ရိုးရိုးမွေးဖို့ဖြစ်နိုင်လားဆရာ။ ultrasound ရိုက်တာကတော့ အနေထားတွေအားလုံးကောင်းပါတယ်ဆ

Our Language Root မြန်မာစာသည် ခါး၏

Image
လူမျိုးတမျိုးရဲ့ အမျိုးသားရေးဝိသေသထဲမှာ ဘာသာစာကို မှန်မှန်ကန်ကန်သုံးတတ်ခြင်းပါပါတယ်။ ဘယ်လို ကွဲသလဲဆိုတာ ခွဲခြမ်းပေးပါဦးဆရာ။ (မေးခွန်းပါသတ်ပုံတချို့ကို ပြင်လိုက်ပါတယ်။ ဆောရီး) ကနေ့အထိသုံးစွဲနေတဲ့ ကမ္ဘာမှာရှေးအကျဆုံးဘာသာစကား (၁ဝ) မျိုးရှိတယ်။ ၁။ Hebrew ဟီဘရူး၊ ၂။ Basque ဘက်စ်၊ ၃။ Tamil တမီးလ်၊ ၄။ Lithuanian လစ်သူနီးယန်၊ ၅။ Farsi ဖါရ်ဆီ၊ ၆။ Icelandic အိုက်စလန်၊ ၇။ Macedonian မက်ဆီဒိုးနီးယန်း၊ ၈။ Finnish ဖင်းနစ်ရှ်၊ ၉။ Georgian ဂျော်ဂျီယန်၊ ၁၀။ Irish Gaelic အိုင်းရစ်ရှ် ဂေးလစ်၊ Sumerian ဆူမားရီးယန်ဘာသာစကားဟာ ကမ္ဘာမှာ ရှေးအကျဆုံးလို့ ဆိုပါတယ်။ ဘီစီ ၃ဝဝဝ မတိုင်မီကတည်းက ရေးသားခဲ့တယ်။ ခေတ်ဟောင်းအင်္ဂလိပ်ဘာသာစကားကို အင်ဂလို-ဆက်ဆွန်လို့ခေါ်တယ်။ ၅ ရာစုလောက်ကစတယ်။ နော်မန်တွေက သိမ်းယူတော့ အင်ဂလို-နော်မန်ဘာသာစကားကို အထက်တန်းကျသူတွေက သုံးလာတယ်။ ခေတ်ဟောင်း အင်္ဂလိပ်စကား ရပ်စဲသွားတယ်။ အလယ်ခေတ်အင်္ဂလိပ်စကားဟာ အနောက်ဂျာမန်စကားနဲ့ ဆက်နေတယ်။ နှစ် ၁၄ဝဝ ကျော်အတွင်း တိုးတက်ဖွံ့ဖြိုးလာတယ်။ ကိုလိုနီနယ်တွေသိမ်းယူနိုင်ရာကနေ အင်္ဂလိပ်စကားလည်း ကျယ်ပြန့်လာတယ်။ အက္ခရာတွေရော သဒ္ဒါပါ ပြောင်းလာတယ်။ ကမာၻမွာ လူဦးေ

သနပ်ခါးမီး ပူဇော်ခြင်း

Image
ကိုယ့်ခြေလက်တွေအေးလို့ ဘုရားပူဇော်တဲ့ဓလေ့ကို မနေ့ကတည်းက သတိရနေတာ။ ကနေ့တော့ နှစ်ပတ်လည်စာအဖြစ် ပြန်ပေါ်လာပါတယ်။ ဒီနှစ်တပို့တွဲလပြည့်နေ့ကတော့ နောက်လ ၁၉ ရက်နေ့မှကျရောက်မယ်။ ပြည်တွင်းမှာနေစဉ်ကတော့ မြတ်စွာဘုရား ခြေတော်လက်တော်နွေးစေဖို့ သနပ်ခါးမီးပူဇော်တဲ့ ကုသိုလ်ပြုမှုကို တပို့တွဲလပြည့်ညမှာ လုပ်ခဲ့ရတယ်။ အပြင်မှာနေရတော့ ဘာသာရေး၊ လူမှုရေးတွေမှာ ဘာလုပ်လုပ် စတိသာလုပ်နိုင်တယ်။ သနပ်ခါးတုံးလေးတွေကို ရှိတဲ့ဓါးနဲ့စိတ်ခွဲရတဲ့အလုပ်ကို ကြိုးစားပမ်းစားလုပ်တာ၊ ဘယ်ဘက်လက်ညှိုး တချက်ထိသွာလို့ ပလာစတာကပ်ထားရသေးတယ်။ ကျွန်တော်က ခွဲစိတ်ဒါးသာ ကိုင်တတ်တာ။ ဘုရားစင်ရှိတဲ့အခန်းမှာလည်း မီးခိုးနဲ့ မီးတောက်ကို ဒေါ်မြမြအေးက ရေတခွက်နဲ့ စောင့်ရသေးတယ်။ မြန်မာပြည်ကဘုရားတွေမှာ သနပ်ခါးမီးသင်းတဲ့ အနံ့တွေ မွှေးကြိုင်ပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၃၁-၁-၂ဝ၁၈ ၃၁-၁-၂ဝ၁၉

Asthma ပန်းနာမေးခွန်း

Image
မင်္ဂလာပါရှင့်ဆရာ ကျမအသက် ၂၅နှစ် အိမ်ထောင်သည်ပါ ကျမမှာ မွေးရာပါ ပန်းနာရင်ကြပ်ရှိပါတယ် လွန်ခဲ့သော တပါတ်က အသက်ရှုခက်လို့ ပြနေကျဆေးခန်းမဟုတ်ပဲ အခြားဆေးခန်းတခုသို့ သွားပြကြပါတယ် ဆရာဝန်က ရောဂါ စမ်းသပ်ပြီး ဆေးထိုးပေးလိုက်ပါတယ် ဆေး ၂လုံး တလုံးက ရင်ကျပ်တဲ့ ထိုးဆေးပြီးနောက် တလုံးက အသက်ရခက်ရတာ သက်သာဖို့အတွက်ပြောပြီး ထိုးခဲ့သာ အဲ့ဒီညတညလုံး ကျမဆေးခန်းကပြန်လာပြီး အိပ်မရတော့ပါဘူး အသက်ရှုရ အရမ်းခက်တယ် တညလုံး ဂေါက်နဲ့ရှုနေရတယ် မိုးလင်းတော့ တကိုယ်လုံး အဖုအပိတ်တွေထွက်လာပြီး ရောင်ကိုင်းပြီး နာနေတယ်လာတယ် ထိလို့တောင်မရတော့ဘူး အဲ့ဆေးခန်းလဲ ပြန်မသွားရဲလို့ ပြနေကျဆေးခန်းကို ပြန်သွားတာ ပြနေကျဆရာက ဆေးထိုးမှားလို့ဖြစ်တယ်လို့ပဲပြောတယ် အဲ့ဒီ အရောင်ကျအောင် ၃ရက်ဆက်တိုက် ဆေးထိုးပေးမဲ့ အနာပဲသက်သာတယ် အဖုအပိတ်နဲ့ အရောင်တွေက သိပ်မကျသေးဘူး ဘာဆေးသောက်သင့်သလဲလို့ သိချင်လို့ပါ ဒီမှာတရုတ်ဆေးတွေများလို့ အပြင်ဆေးမသောက်ရဲလို့ပါ။ ကျမခံရသလို သူများတွေနောက်ဆို ဆင်ခြင်ထိရအောင်ပါဆရာ။ Asthma (1) ပန်းနာ (၁) https://doctortintswe.blogspot.com/2014/11/asthma-1.html Asthma (2) ပန်းနာ အဆက် http://doctortintswe.blogspot.com/2014/11/asthma-2

ကင်းစခန်းတခု

Image
စစ်သူကြီးမဟာဗန္ဓုလအကြောင်း ငယ်ငယ်ကသင်ရတယ်။ အခုပုံလည်းပါတယ်။ ပဌမအင်္ဂလိပ်-မြန်မာစစ်ပွဲမှာ မဟာဗန္ဓုလရဲ့တပ်က အဲလိုကင်းစခန်းမျိုး အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ လူအများစုဟာ ငယ်ငယ်က သင်အံဖတ်ရှု ကြည့်ရှုခဲ့တာတွေကို အသက်တွေကြီးတဲ့အထိ စွဲထင်မှတ်သား နာယူကြပါတယ်။ ခုခေတ် တီဗွီတွေ ရုပ်ရှင်တွေမှာ သစ်ပင်ပေါ်အိမ်ဆောက်တာတွေ့တိုင်း ဗန္ဓုလခေတ်က သစ်ပင်ပုံကိုသာ မြင်ယောင်မိပါတယ်။ ခုခေတ်လူတွေလည်း မနေ့တနေ့က တီဗွီမှာပြတဲ့ သတင်းမျိုးတွေကို နှစ်တွေကြာတဲ့အထိ စွဲထင်နေကြပါလိမ့်မယ်။ ဒေါက်တာတင့်ဆွေ ၃၀-၁-၂၀၁၉

သာဓု

Image
တကြိမ်တခါမျှ ပုံနှိပ်ခြင်း မပြုရသေးသော သာဓုရေး ဝတ္ထုသစ် (့) ပုဒ်ပါသည်။ သာဓုဟာ အင်မတန်တော်တဲ့ စာရေးဆရာ အနုပညာရှင်ဖြစ်တယ်။ သူ့စာအုပ်တွေ သူ့ရုပ်ရှင်တွေကို အကုန်လိုလို ဖတ်ခဲ့ ကြည့်ခဲ့ရတယ်။ သူ့မျိုးဆက်ကိုလည်း မွေးထုတ်ပေးခဲ့တယ်။ သတ်ပုံမျိုးဆက်တော့ အဖြတ်ခံလိုက်ရတယ်။ တစ်ကြိမ်တစ်ခါလို့သာ ရေးကြတော့တယ်။ ဆောရီး ဆရာ။ ဒေါက်တာတင့်ဆွေ ၃၁-၁-၂ဝ၁၈ ၃၁-၁-၂ဝ၁၉ ဓါတ်ပုံ Yan Naung Oo ကျေးဇူး။

Excessive hair in women အမျိုးသမီး ကိုယ်မွေးများခြင်း

Image
၃ နှစ်ကစာ ကန်တော့ပါ။ ဆရာရှင့် သမီး ဟော်မုန်းပြောင်းလဲလို့လားမသိဘူး နှုတ်ခမ်းမွေးတွေ ထွက်လာာပါတယ်။ မိန်းကလေးတယောက်အနေနဲ့ ရှက်မိပါတယ်။ သမီးအသက်က ၂၃ ပါရှင်။ အိမ်ထောင်သည်ပါ။ ရာသီ မှန်ပါသလား။ တားဆေး သုံးပါသလား။ ဖြစ်တာ ဘယ်လောက်ကြ။ တခြး ဘာဖြစ်။ ဥပမာ လိင် (ဆောရီး)။ တားဆေးမသုံးပါ ဆရာ။ ရာသီမှန်ပါတယ်။ ၃ လလောက်မှ နှုတ်ခမ်းမွေးတွေ ထူလာတာဆရာ။ မရိတ်ပါနဲ့။ မနုတ်ပါနဲ့။ သိသာရင် ဖယောင်းသုံးနုတ်နည်းသာလုပ်ပါ။ စောင့်ကြည့်ပါ။ ရာသီနဲ့ လိင်စိတ်မူမတူရင်သာ ထပ်မေးပါ။ လိင်စိတ်က တော့ ပြောင်းတယ်ဆရာ။ နည်းလာတာလား။ ဟုတ်ဆရာ။ သားအိမ်ပုံစံပျက်မှာ ကြောက်တာမို့ သိပ်စိတ်မပါဘူးဆရာ။ အမျိုးသမီးတွေမှာ ကိုယ်မွေးအနည်းအများ မတူကြပါ။ အမြင်မှာ ကိုယ်မွေးထူတာမျိုးက ပုံမှန်များတာဖြစ်နိုင်သလို ယောက်ျားတွေနဲ့တူသလို ဥပမာ နှုတ်ခမ်းမွေးပေါက်တာဆိုရင် တခုခုလွဲနေသလား ဆေးစစ်ဆေးရပါမယ်။ Androgens အင်ဒရိုဂျင်ခေါ်တဲ့ ယောက်ျားဟော်မုန်းက မိန်းမတွေမှာ နည်းနည်းလေးသာရှိရတယ်။ အဲတာများနေရင် ယောက်ျားတွေလို ကိုယ်မွေးပေါက်နိုင်တယ်။ တခါတလေ ဘာလို့ဖြစ်မှန်းမသိပဲ မိန်းမတွေမှာ အဲလိုဖြစ်နေတတ်တယ်။ များသောအားဖြင့် အဲလိုဖြစ်ပေမယ့် ဘာမှစိုးရိမ်စရာမရှိပ

တယောက်မလွတ်စေရတည်း

Image
ရိပ်သာဆောင်းဆောင်း၊ တပင်ကောင်းသော်၊ တသောင်းငှက်များ၊ နားသည့်အတူ၊ သဲသဲဆူမျှ၊ မည်သူ မပြိုင်၊ အခေါင်တိုင်၍၊ မနိုင်မကန်၊ ဝေဇယန်သို့၊ အလွန်မွေ့လျော်၊ စံစားသော်လည်း၊ လောကဓံနောက်၊ တကောက်ကောက်သည်၊   ၊ တယောက်မလွတ်စေရတည်း။ ရှင်မဂ္ဂသမာဓိရေးသားတဲ့ နေမိဘုံခန်းပျို့ ဒေါက်တာတင့်ဆွေ ၃၀-၁-၂၀၁၉

Gitanjali ဂီတဉ္စလီ

Image
မြသန်းတင့်၊ ဇော်ဂျီ၊ မင်းသုဝဏ်နဲ့ ပါရဂူတို့ စုပေါင်းရေးတဲ့စာအုပ်က လက်ရွေးစင်တဂိုးဝတ္ထုတိုများ။ ဝေယံဘုန်း ဘာသာပြန်စာအုပ်က ကွန်းခိုရာ ရာဘင်ဒြာနတ်တဂိုး။ လှမိုး (ပညာရေး) က ရာဗိန္ဒြာနတ်တဂိုး လို့ရေးတယ်။ စာဖတ်နည်းလွန်းသူတွေက တခါတလေ စာရေးဆရာကို အမျိုးသမီးလား အမျိုးသားလား မသိကြပါ။ စာဖတ်သက် နုလွန်းသေးတဲ့ သော်တာဆွေကို ရှုမဝဦးကျော်နဲ့ မိတ်ဆက်ပေးတော့ ရှုမဝလို့သာပြောနေကြတာ ဦးကျော်ရုပ်ရည်က ပြောသလောက်မဟုတ်ပါဘူးတဲ့။ တဂိုးကို အိန္ဒိယကလို့ တချို့ သိချင်မှသိကြတယ်။ သတ်ပုံကိုလည်း ကပျက်ကချော်ကများလာတော့၊ တစ်ဂိုးလို့ရေးသူတွေ၊ နတ်ဆိုတာနဲ့ တန်ခိုးလို့မှတ်သူတွေ ရှိမလာဘူးမပြောနိုင်ပါ။ တဂိုးရဲ့ ဂီတဉ္စလီကိုလည်း မဟာဂီတနဲ့ မမှားကြစေလိုပါ။ အကြင်အရပ်၌ စိတ်သည် ကြောက်ရွံခြင်း ကင်း၏။ ဦးခေါင်းကို မော်၍ မော့ထားနိုင်၏။ အကြင်အရပ်၌ အသိပညာရှာရာတွင် အတားအဆီးမရှိ လွတ်လပ်၏။ အကြင်အရပ်၌ ကိုယ့်အချင်းချင်း မကြင်မနာ မကျဉ်းမြောင်းသော တံတိုင်းအကာအရံတို့ဖြင့် ကမ္ဘာလောကကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် ခွဲခြားထားခြင်းလည်း မရှိ။ အကြင်အရပ်၌ ပြောဆိုသောစကားတို့သည် သစ္စာအနက်မှ စီးဆင်းယိုထွက်၏။ ကျွန်တော့်အတွက်တော့ အကြင်အရပ်ဆိုတာ မြန်မာပြ

ဘ ဘယက် ရွှေဒေါင်းခွက်

Image
ကျွန်မက မခွဲစိတ်ချင်ဘူးဆရာ ဘလိုလုပ်ရင်ကောင်းမလဲဆရာ ဘလိုလို့ရေးကြတဲ့ မေးခွန်း နမူသာဖြစ်တယ်။ အဲလိုရေးသူတွေ မနည်းပါ။ ဘယ်လိုလုပ်လို့ ရေးသင့်တယ်။ ဘ ဘကြီး ဘနန်းလုလု ဘဘ ဘယက် ဘယက်တန်ဆာ ဘယဆေး ဘရုံးဘရင်း (မညီမညွတ်၊ ဆူဆူညံညံ) ဘရင်ဂျီနာ (ဂရင်ဂျီနာ) ဘရဏီနက္ခတ် ဘရန်ဒီ ဘရာစီယာ ဘရိတ်အုပ် ဘရိုကိတ် ဘရိုက်တီးကျောက် ဘဝဂ်အဆုံး ဘဝင်ကျ ဘဝပြောင်းသည် ဘဝဲ ဘဂေး (ဆိုဘွယ်ရာတစုံတရာမျှမရှိ) ဘထွေး ဘထွေး ဘလောက် မိဘ လာဘ်လာဘ အံ့ဘနန်း အဘ အသုဘ ဥသဘနွား ဘယ် ဘယ်ကဲ့သို့ ဘယ်ချမ်းသာနှင့်မတူ ဘယ်ဇာပြုအံ့နည်း ဘယ်နံရောအခါ ဘယ်ပုံဘယ်နည်း ဘယ်လိုဖန် ဘယ်လိုလဲ ဘယ်သန် ဘယ်သူ ဘယ်ဝါ ဘယ်အခါ ဘယ်အတွက်ကြောင့် ဘယ်တော့ ဘယ်ကြောင့် ဘယ်လောက် ဘယ်နှယ် အဘယ်ကဲ့သို အဘယ်မိဘုရား အိုဘဲ့ဘယ် အိုဘယ့်ဘယ် အိုဘယ့်သမီးတော် ရွှေလှော်သွန်းပုံဆင်း၊ အိုဘယ့်ဘယ် အိုဘယ့်သမီးတော်၊ ထင်ပေါ်ဘုန်းပျံ့သင်း၊ အိုဘယ့်ဘယ် အိုဘယ့်သမီးတော်၊ နတ်သော်ပုံမယွင်း၊ အိုဘယ့်ဘယ် အိုဘယ့်သမီးတော်၊ စန္ဒော်လနှယ်ဝင်း၊ (ရှင်မဟာရဋ္ဌသာရ) ဒေါက်တာတင့်ဆွေ ၃ဝ-၁-၂ဝ၁၉

A Boat လှေတစင်း

Image
အထဲမှာတော့ မနေ့က မဲပြိုင်ခဲ့ကြတယ်။ အပြင်မှာ တောင်ယဉ်စွန်းတန်းစွန်းနဲ့ ဝေးရာမှာနေရာသူတွေက အအေးဒီဂရီ ပြိုင်ကြတယ်။ ကျွန်တော်က မြန်မာစာသတ်ပုံစာလေးတွေရေးတာကို လက်ခံသူနည်းနည်းရှိတယ်။ တနေ့က တယောက်တော့ ဆဲတယ်။ ကနေ့မနက် တယောာက်ကတော့ ရင့်ရင်းသီးသီးရေးပြီး သူ့ဖါသူ ဘလော့သွားတယ်။ မြန်မာနိုင်ငံသားတွေဆိုတာ အဲလို မတူတာတွေအားလုံးကို ခေါ်ပါတယ်။ ဖွဲ့စည်းပုံပြင်တာ အနှေးနဲ့အမြန် ဖြစ်လာမယ်။ မြန်မာစာကတော့ ကမ်းနဲ့ဝေးခဲ့ပြီ။ ဝံပုလွေတကောင်ဟာ တောနက်ကြီးထဲမှာ သူ့သဘာဝနဲ့သာ သူ့ကို ပွဲတော်ကြီးကို ခေါ်သွားလိုက်တာ အဆန်းအပြား တန်းဆာတွေက သူ့အတွက်တော့ ငိုစရာ အစိမ်းရောင်မီးရောင်ဟာ သူ့ကိုအနီရောင်မျက်ရည်ကျစေပါ ရေပင်လယ်မှာသာပျော်တဲ့ လှေဟာ နေရာပြောင်းခံရတဲ့ပမာ။ ရစ်ချတ်ဘရော်တင်ဂန်ရေးတဲ့ လှေတစင်းကဗျာကို ဘာသာပြန်တာပါ။ ဒေါက်တာတင့်ဆွေ ၃ဝ-၁-၂ဝ၁၉

စာမတတ် လမ်းဖတ်

Image
ကျွန်တော်တို့ငယ်ငယ်ကတည်းက အဲလိုအဆိုရှိတယ်။ အမြင်မတော် သင်ပေး၊ လမ်းပေါ်ပညာရေး။ နည်းနည်းကြီးလာတော့ ဇာတ်ပွဲကြည့် အသိတိုး။ နည်းနည်းအိုလာတော့ ဖေ့စ်ဘွတ်မှာတင်၊ အမြင်မတော် ပြင်ပေး၊ အွန်လိုင်းပညာရေး။ ထပ်တိုးဦးမယ်။ သီချင်းစာတန်းထိုးတွေ ဖတ်ကြည့် အမြီးနဲ့ အမောက် မတည့်။ အွန်လိုင်းဒေါင်းလုဒ်တွေ ဖတ်ကြည့် နှမ်းမဖြူးဘဲ ယမ်းလူးထားကြတယ်။ ဖေ့စ်ဘွတ်မှာ ဖုံးမထားတာတွေလည်း အတိုင်းသား၊ ရေးသားတာတွေကလည်း ခါးတောင်းတခြာ့း့ တခြား။ (ကန်တော့) စာတတ်ချင်ရင် ဖေ့စ်ဘွတ် မဖတ်နဲ့။ သီချင်းစာတန်းထိုး တီဗွီစာတန်းထိုး မဖတ်နဲ့။ ဒေါင်းလုဒ် မဖတ်နဲ့။ ဒေါက်တာတင့်ဆွေ ၃ဝ-၁-၂ဝ၁၈ ၃ဝ-၁-၂ဝ၁၉

Pantoprazole ပန်တိုပရာဇိုးလ်

Image
ဆရာ ပုံပါဆေးကို အမြဲသောက်လို့ရလားဆရာ။ ပန်တိုပရာဇိုးလ်ဆေးဟာ လူသုံးများတယ်။ Proton pump inhibitors အမျိုးအစားဆေးဖြစ်တယ်။ အစာအိမ်လေနာ၊ အူသိမ်အစပိုင်းလေနာ၊ အစာမျိုပြွန်ကနေ အစာခြေရည်အထက်ဆန်တာအတွက်ပေးတယ်။ အစာအိမ်က အက်စစ်ရည် ထွက်တာကို နည်းစေတယ်။ ရင်ပူတာသက်သာစေမယ်။ အစာမျိုခက်တာနဲ့ မပြတ်တမ်းချောင်းဆိုးနေတာအတွက်ပါ ပေးနိုင်တယ်။ ဆေးအမည်အမျိုးမျိုးရှိတယ်။ Pantocid 40 နာမည်နဲ့လည်းလာတယ်။ ဆေးဘယ်လိုပေးမလည်း • Duodenal ulcer အူသိမ်အစပိုင်းလေနာဆိုတာ Helicobacter pylori infection ဗက်တီးရီးယားကနေဖြစ်တယ်။ • Zollinger-Ellison Syndrome ရောဂါအတွက်လည်းပေးတယ်။ အဲတာက ရှားတဲ့ သရက်ရွက်နဲ့ အူသိမ်အစပိုင်းမှာ အကျိတ်ဖြစ်တာ။ အစာခြေရည်တွေအများကြီးထွက်စေတယ်။ • အူသိမ်အစပိုင်းလေနာအတွက် 40 mg တနေ့ ၁ ကြိမ်၊ ၂-၄ ပါတ်။ Helicobacter pylori infection ကြောင့်ဖြစ်ရင် ပိုးသေဆေးနဲ့ပါတွဲပေးရတယ်။ • Gastric ulcer အစာအိမ်လေနာအတွက် 40 mg တနေ့ ၁ ကြိမ်၊ ၄-၈ ပါတ်။ • Reflux oesophagitis အစာခြေရည်အထက်ဆန်လို့ရောင်တာတာအတွက် 40 mg တနေ့ ၁ ကြိမ်၊ ၄-၈ ပါတ်။ • Zollinger-Ellison Syndrome ရောဂါအတွက် 40 mg တနေ့ ၂ ကြိမ်။ • GERD အစာခြေရည်အထက်

တညသောအခါ

Image
တညသောအခါ မွေးဖွားလာသည် ဆရာဝန်ဖြစ်မဲ့ ကလေးတယောက်။ ညဥ့်ဦးညဥ့်နက် ဝတ်မပျက် မွေးဖွားပေးရ ခွဲစိတ်ပေးရတဲ့ တောဆရာဝန်တယောက်။ တညသောအခါ ထိုဆရာ ဖမ်းခံထိရ အရွေးချယ်ခံရတဲ့ အမတ်တယောက်။ ညဥ့်ဦးညဥ့်နက် ဝတ်မပျက် မွေးဖွားပေးရ ခွဲစိတ်ပေးရ သူများနိုင်ငံမှာနေရတဲ့ ဆရာဝန်တယောက်။ တညသောအခါ ထိုဆရာ တနိုင်ငံရောက်၊ နောက်တနိုင်ငံရောက်ရတဲ့ နိုင်ငံရေးလုပ်တဲ့ ဒုက္ခ သည်တယောက်။ ညဥ့်ဦးညဥ့်နက် ဝတ်မပျက် မေးတာဖြေရ စာပြန်ရတဲ့ အွန်လိုင်းပေါ်က လူအိုလူဟောင်းတယောက်။ တညသောအခါသည်ကား ကျွန်ုပ်၏ကမ္ဘာ ကျွန်ုပ်၏ဘဝတည်း။ ဒေါက်တာတင့်ဆွေ ၃ဝ-၁-၂ဝ၁၉

Powerful Speech နှုတ်ကောင်းလျှင် ပြည်စိုး

Image
စကားအမျိုးအစားများ • အပြစ်ဖြစ်သောစကား၊ • ဝါကြွား၍ပြောသောစကား၊ • အနိုင်အထက်ပြောသောစကား • ချီးမွမ်းစကား။ စကားပုံများ • စကားကျွံသော် နုတ်မရ၊ • စကားစကား ပြောပါများ စကားထဲကဇာတိပြ၊ • စကားနောက် တရားပါ၊ • ဝစီဗေဒ ထိတိုင်းရှ၊ • နှုတ်ချို သျှိုတစ်ပါး၊ • နှုတ်ကောင်းလျှင် ပြည်စိုး၊ • နှုတ်ကြောင့်သေ လက်ကြောင့်ကြေ၊ ဝစီဒုစရိုက် (၄) ပါး (၁) မုသာဝါဒါ = မဟုတ်မမှန်သောစကားကို ပြောဆိုခြင်း၊ (၂) ပိသုဏဝါစာ = သူနှစ်ဦးအချစ်ကို ပျက်အောင် ကုန်းချောခြင်း၊ (၃) ဖရုသာဝါစာ = ကြမ်းတမ်းသဖြင့် နားမခံသာတဲ့စကားကို ပြောဆိုခြင်း၊ (၄) သမ္ဗပ္ပလာပဝါစာ = နိဗ္ဗာန်မှ ဖီလာဖြစ်သော သိမ်ဖျဉ်းသောစကားကို ပြောဆိုခြင်း၊ စကားအရာ အင်္ဂါ ၁ဝ ပါး (၁) ကာလဝါဒီ = ပြောဆိုချိန်ပြောခွင့်သင့်မှ ပြောဆိုခြင်း၊ (၂) ဘူတဝါဒီ = ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း၊ (၃) ဓမ္မဝါဒီ = တရားနှင့်စပ်သည်ကိုသာ ပြောဆိုခြင်း၊ (၄) အတ္တဝါဒီ = အကျိုးနဲ့စပ်သည်ကိုသာ ပြောဆိုခြင်း၊ (၅) ပိယဝါဒီ = ချစ်ဖွယ်သော စကားကိုသာ ပြောဆိုခြင်း၊ (၆) မိဟိတပုဗ္ဗဘာဏီ = ပြုံးရွှင်ခြင်း၊ကို ရှေးဦးပြု၍ ပြောဆိုခြင်း၊ (၇) မိတဘာဏီ = မပိုမလွန်ချင့်ချိန်၍ ပြောဆိုခြင်း၊ (၈) အတုရိတဝါဒီ

ဆောင်းအမီ

Image
မြောက်လေအပြန် ဟေမာန်ဆောင်းရာသီ ငွေရည်ငွေနှင်းကလေးတွေ ဖျန်းပက်နေတော့သည် တယောက်မေအထံ မောင်အပြန်ဆောင်းအမီ လာစေချင်လွန်းလို့သာ ခွန်းဆင့်ကာတေးသီ ရွှေရွှေကျီးကလေးအာမည် တစာစာသူလည်း တအာအာနဲ့မြည် ဘာလဲလူကို ကျီဆယ်နေသည် သာလည်းသာနိုင် သာလည်းသာနိုင်ပေသည် အောင်သွယ်ကောင်းလေးပီ သာတဲ့အကြောင်းနဲ့ညီ မေရယ်ဆောင်းအမီ သည်ကနေ့တော့ ရောက်မယ်ထင်ပါသည် အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ မယ်တရွာ မောင်တမြို့တော့ နေလို့လည်း မဖြစ်နိုင်ပါပြီ နှစ်ကိုထွေးရန် အရေးကြုံပြီ မေရယ် ဆောင်းအမီရောက်အောင် ကိုယ့်ဆီ ပြန်ခဲ့စေချင်သည် တေးရေး သောတမောင်၊ အဆို မေလှမြိုင်သီချင်း ဆောင်းအမီကို ဆောင်းအမှီလို့ ခေါင်းစဉ်တပ်ထားတဲ့ ပြန်ဆိုသီချင်းမှာ သီချင်းစားသာတွေကလည်း အတော်မှားနေတယ်။ ပုံပါလင့်တခုသာ မှန်တယ်။ https://www.youtube.com/watch?v=voD_I-Wn3Kw မြန်မာသတ်ပုံရယ် ဆောင်းအမီရောက်အောင် ပြန်ခဲ့စေချင်တယ်။ ဒေါက်တာတင့်ဆွေ ၂၉-၁-၂၀၁၉

နှစ်ယောက်ရှိပါသလား

Image
ဦးလှဝင်း (လေသူရဲတဦး) နဲ့ ဦးလှဝင်း (လေသူရဲတစ်ဦး) လို့ နှစ်ဦးရှိပါသလား။ ဒေါက်တာတင့်ဆွေ ၂၉-၁-၂၀၁၉

သြဝါဒပါတိမောက် ဓမ္မစေတီကျောက်စာတော်

Image
သူတပါးကို သတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူမဟုတ်။ သူတပါးကို ညှင်းဆဲသောသူသည် မကောင်းမှုတို့ကို ငြိမ်းစေသူမဟုတ်။ သူတပါးကို မစွပ်စွဲ မပြစ်မှားရာ။ သူတပါးကို မညှင်းဆဲ မနှိပ်စက်ရာ၏။ (သူတစ်ပါးလို့ မှားရေးနေသူများအတွက်) ဒေါက်တာတင့်ဆွေ

HIV News အမြစ်ပြတ်ကုသနိုင်ပြီသတင်းတွေကို ဆန်းစစ်ခြင်း

Image
မေးလာသူ ၂ ယောက်က HIV ပျောက်ဘို့ နီးစပ်ပြီဆိုတဲ့သတင်းကို မှတ်ချက်ပေးဘို့ ဖြစ်တယ်။ တယောက်ကတော့ HIV ပိုးပျောက်ကင်းအောင် ကုသလာနိုင်ချေ ရှိပါသလားတဲ့။ နောက်တယောက်က မြန်မာလိုရေးတင်ထားတာကို ဆခရင်ရှော့ရိုက်ပို့တယ်။ ၁၉-၁-၂ဝ၁၇ နေ့မှာ ထွက်တဲ့သတင်းကို ကိုးကားမေးလာကြတာဖြစ်ပါတယ်။ ၂၅-၁-၂ဝ၁၆ ကလည်းထွက်တယ်။ ဆေးအသစ်က အင်တီဘော်ဒီခေါ် ခုခံအားကိုသုံးတယ်။ စမ်းသပ်မှုတွေအရ အားရစရာ ကောင်းတယ်။ ၉-၁၁-၂ဝ၁၆ မှာ ထပ်ထွက်တယ်။ HIV antibody (bNAb) VRC01 အင်တီဘော်ဒီလို့ခေါ်တယ်။ နောက်နံပတ်တွေနဲ့ အမည်လည်း ပေးထားတယ်။ ဆေးသုတေသနအဆင့်သာ ရှိပါသေးတယ်။ အလားအလာ ကောင်းနေတယ်။ တတိယတယောက်ကတော့ ကျန်းမာရေးဝန်ထမ်းတယောက်ပါ လက်ရှိတာဝန်ကတော့ PHS ပါခင်ဗျာ့။ RT ဆေးကို တနှစ်ကျော်ကျော်လောက် ပုံမှန်သောက်သွားမယ်ဆိုရင် ဆေးအာနိသင်ကြောင့် undetectable voural load ဆိုတဲ့ အခြေအနေကို ရောက်ရှိသွားပါသတဲ့ အဲဒီအခြေအနေကိုရောက်ရှိသွားရင် သုတ်နဲ့ သွေးထဲမှာတောင် HIV ပိုးကို ရှာမတွေ့နိုင်လောက်တဲ့အထိ ဖြစ်သွားပြီး ကွန်ဒုံးကိုတောင် လွှတ်လို့ရပါတယ်လို့ ဖတ်ခဲ့ရပါတယ် ဆရာ။ HIV ကို သတ်နိုင်တဲ့ဆေးမရှိသေးဘူးလို့လည်း သိထားပါတယ်။ ဒါပေမဲ့ သုတ်နဲ့သွေးမှာ ရှာမတွေ့ဘူးဆိုတဲ့အ

တက္ကသိုလ်ကျောင်းသူတဦး

Image
တက္ကသိုလ်ကျောင်းသူတဦး လှပုံထူးသမျှ တွေ့ရဖူးသည်မှာ ကြည်စွာဘဝင်နှလုံး ရွှင်ပြုံးမြေ့ကာ ယနေ့သာတိုင် သြော် မေ့ပါနိုင်အမြဲ တသက်သက်စိတ်ထဲမှာ မျှော်ကာတွေး ငေးမိအခါခါ အင်းယားကန်အပါး လျှောက်ကာသွား အနားယူသောတနေ့မှာ ယဉ်စွာယဉ်စွာ ဆင်ယင်ထုံးဖွဲ့ပြုံးလဲ့လဲ့ချစ်စရာ ပွင့်သစ်လာသည့်ပန်း လန်းတဲ့ပုံပမာ တက္ကသိုလ်ကျောင်းသူတဦး ချစ်ကြည်နူးစရာ လှပကြော့ယဉ်စွာ တပတ်လျှိုဆံထုံးကြော့မှာ တပွင့်ပန်းပန်လာ ရှုကာငေး နုဝါအသွေး လက်ရှည်ထူထူလေးဝတ်ကာ ကြက်သွေးနီနီ ထဘီပန်းခက် ယဉ်သထက်ယဉ်စွာ နက်မှောက်ကတ္တီပါ လှပယဉ်ကျေး ပုံတော်လေးနဲ့ပါ မြန်မာဆန်ဆန် အနောက်ဟန်မနှော မဖောက်ပြန်သော သဘောထား ဝတ်စားတန်ဆာ ရှုတိုင်းယဉ် အဆင်ပြေကာ အချိုးကျကျ လှပလို့ချစ်စရာ တွေ့ခဲ့ဖူးတဲ့ တက္ကသိုလ်ကျောင်းသူတဦးပါ ဒေါက်တာတင့်ဆွေ ၂၉-၁-၂၀၁၉

George Fernandes ဂျော့ဖာနန်ဒက်စ်

Image
အိန္ဒိယနိုင်ငံရေးသမားကြီးတဦး ကွယ်လွန်သွားပြီတဲ့။ ဂျော့ဖာနန်ဒက်စ်။ အိန္ဒိယမှာ ကျေးဇူးတင်စရာ လေးပုဒ်နဲ့ သမတကတော် ဒေါ်တင့်တင့်အကြောင်းလည်းရေးတယ်။ တပုဒ်ကို ပြန်တင်ပါရစေ။ Thanks to India (1) အိန္ဒိယမှာ ကျေးဇူးတင်စရာ (၁) လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်အတွင်း အိန္ဒိယမှာအခြေစိုက်ပြီး မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် ကြိုးပမ်းကြတဲ့အခါ မြန်မာ့ဒီမိုကရေစီအင်အားစုတွေကို အကူအညီပေးကြတဲ့ ထင်ရှားတဲ့ အိန္ဒိယနိုင်ငံသားတွေ မနည်းမနောရှိပါတယ်။ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးနဲ့ဆက်နေသူတွေ၊ မီဒီယာနဲ့ မြန်မာပြည်ပြန် အိန္ဒိယနိုင်ငံသားတွေပါတယ်။ ကျွန်တော့်အတွက် ပုဂ္ဂိုလ်ရေးအရ ကူညီခဲ့ကြသူတွေထဲမှာ ထိပ်ဆုံးက မိသားစုနှစ်ခုရှိတယ်။ ဦးမောသီရိ ခေါ် (စီ၊ ပီ၊ ပရာဘားကား) မိသားစုနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုသမီး ဒေါ်သန်းသန်းနုမိသားစု။ သူ့တို့ကျေးဇူးကင်းတဲ့သူ မရှိသလောက်ပါ။ ၂၁-၁၂-၁၉၉၁ နေ့မှာ ကျွန်တော် ဒေလီကိုရောက်လာတော့ ဦးမောသီရိနဲ့ ဒေါ်သန်းသန်းနုရဲ့ခင်ပွန်း ဦးအောင်ငြိမ်းတို့က မီးရထားဘူတာရုံကိုလာကြိုကြတယ်။ ဦးမောသီရိနဲ့ ဇနီးတို့ ကွယ်လွန်သွားကြပြီ။ ဦးအောင်ငြိမ်း ဆုံးသွားတာ သိပ်မကြာလှသေးပါ။ နာမည်တွေရေးရင် ကျန်နေရစ်မှာစိုးပါတယ်။ ပြန

ဘော် နှင့် ဖေါ်

Image
၁။ ဦးဘေမောင်တင်က ဖ ကို မသုံးတာလဲ ဆရာ ဖော် ကိုလည်း ဘော် သုံးတယ် လူအမည်ကိုမေးတာဆိုရင်တော့ ကိုယ့်သဘောအတိုင်း သုံးလေ့ရှိကြတယ်။ လေးနဲ့မြားက မှန်ပေမဲ့ ဒဂုံရွှေမျှားလို့ ရေးတယ်။ အရင်က နာမည်ကြီးပုဂ္ဂိုလ်အတော်များများ ဘ နဲ့ရေးကြတယ်။ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊ ကာတွန်းဦးဘဂျမ်း၊  ပန်းချီဆရာ ဦးဘဇော်၊ ပန်းချီဆရာ ဦးဘဥာဏ်၊ ပန်းချီဆရာ ဦးဘလုံ၊ ရုပ်ရှင်မင်းသား ဘတင့်၊ အာဇာနည် ဦးဘဝင်း၊ ယာအတွင်းဝန် ဦးဘိုးလှိုင် စသည်။ အမျိုးသားပညာဝန်ဦးဖိုးကျားကတော့ ဖ နဲ့ပေါင်းတယ်။ ၂။ လုပ်ဖော်လား လုပ်ဘော်လား ဆရာ မရှင်းလို့။ ၃။ ဆရာ အကောင်းဆုံးအဘော်ဖြစ်သည်လို့သုံးတာ အမှန်လားဆရာ။ အဖော် အဘော် ဘယ်ဟာအမှန်ပါလဲဆရာ။ ၄။ အဖော်ကိုလဲ အဘော်လို့ရေးထားတယ်နော် ဆရာ အဲ့ဒါလေးလဲအချိန်ရရင် ရှင်းပြပေးပါအုံးဆရာ။ ၅။ မင်္ဂလာပါဆရာရှင့်။ လုပ်ဖော်ကိုင်ဖက်၊ လုပ်ဘော်ကိုင်ဖက်၊ လုပ်ဖော်ကိုင်ဘက်၊ လုပ်ဘော်ကိုင်ဘက်၊ ဘယ်ဟာ အမှန်ဆိုတာ သိပါရစေရှင့်။ ၆။ မင်္ဂလာပါဆရာ။ အပျိုဘော်ဝင်လို့ သုံးထားတာတွေ့တယ်ဆရာ။ တော်တော်များများနေရာတွေမှာ အပျိုဖော်ဝင်ဆိုပြီး သုံးတတ်ကြတယ်။ ဘယ်ဟာက အမှန်လည်းပြောပြပေးပါဆရာ။ ဘော် ရဲဘော် လူဘော်မဝင် ဝသီဘော်ငါးပါး အပျိုဘော်ဝ

ဝတ္တရားများ

Image
ဆရာခင်ဗျာ မိဘဝတ် ဆရာဝတ် တပည့်ဝတ် လင်ဝတ် မယားဝတ်တင်ပေးပါဦးခင်ဗျာ။ မေးလို့သာ ထပ်တင်ရာမှာ အားတော့နာတယ်။ ဆောရီး။ လွန်ခဲ့တဲ့ ၄ နှစ်က ရေးထားတယ်။ အထက (၁) သာယာဝတီ ပထမတန်း လပတ်စစ်ဆေးခြင်း၊ မြန်မာစာမေးခွန်း = အောက်ပါကဗျာကို လက်ရေးလှ ကူးရေးပါ။ တပည့်ဝတ် = ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။ စာမေးပွဲမေးခွန်းက မှားနေတယ်။ အဲတာက သားသမီးဝတ်သာဖြစ်ပါတယ်။ ၁။ တပည့်ဝတ် ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွှတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။ ၂။ သားသမီးဝတ် ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။ ၃။ မိဘဝတ် မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။ ၄။ ဆရာဝတ် အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။ ၅။ မိတ်ဆွေဝတ် ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေမိတ်သဟာ။

Aesthetic Life ဘဝ နှင့် ရသ

Image
ဆရာ ရသစာပေနင့် သုတစာပေကို အင်္ဂလိပ်လို ဘယ်လိုရေးရသလဲ မသိလို့ပါ။ ကျွန်တော်က စာပေအကြောင်း နည်းနည်းလေးသာသိတယ်။ စာရေးဆရာတွေ၊ သုတေသီတွေကသာ မှန်တာကို ပြောနိုင်ကြပါမယ်။ မေးလာလို့ ဖြေနိုင်တာတော့ ဖြေပါမယ်။ မြန်မာစာပေမှာသာ ရသစာနဲ့ သုတစာလို့ပြောကြတယ်။ သူများတွေဆီမှာက တမျိုးသတ်မှတ်ကြတယ်။ ရသလို့ ဘာသာပြန်နိုင်တဲ့ Aesthetic literature ဆိုတာရှိတယ်။ မြန်မာပြည်မှာခေါ်တာနဲ့ တူတယ်။ အဲတာမဟုတ်တာကိုတော့ Information ခေါ် သတင်းအချက်အလက်ပေးစွမ်းတာမျိုး။ Take away သယ်ယူပါသွားနိုင်တာမျိုးလို့ ဆိုပါတယ်။ ရသက နောက်မှ ပေါ်လာတာ။ ရသလှုပ်ရှားမှုဆိုတာ ပေါ်ခဲ့တယ်။ စာပေ၊ တေးဂီတ၊ အနုပညာနယ် အစုံမှာဖြစ်တယ်။ လူမှုရေးနဲ့ နိုင်ငံရေးနယ်ပယ်မှာ ရသပေးစွမ်းနိုင်တဲ့ ဖွဲ့နွဲ့ သီကုံး စပ်ဆို ရေးသားမှုတွေ ရှိအပ်တယ်လို့ ဆိုတာပါ။ တနည်းအားဖြင့် နက်နည်းမှုထက် လှပမှုကို ပိုပြီးဇောင်းပေးတယ်။ Art for Art's sake အနုပညာသည် အနုပညာအတွက်ဆောင်ပုဒ်လည်း ပေါ်လာတယ်။ ဥရောပမှာ ၁၉ ရာစုထဲမှာ ဖြစ်ခဲ့တာတွေပါ။ အော်စကာဝိုင်းဒ် က ထင်ရှားသူဖြစ်တယ်။ မြန်မာပြည်မှာတော့ အဲတာနောက်မှာ အနုပညာသည် လူထုအတွက်ဆိုတဲ့ ဆောင်ပုဒ် ပေါ်ထွန်းခဲ့ပါတယ်။ သူတို့ဆီမှာလည်း အပျော်ဖတ်ဆိုတာရှ

Sponsor စပွန်ဆာ

Image
မြန်မာပြည်မှာ ခေတ်စားလာတဲ့ဝေါဟာရကိုသိချင်လို့ မေးပါတယ်။ အင်္ဂလိပ်စာလုံးကို အသံထွက်အတိုင်း ပြောဆိုတာ ဖြစ်ပါတယ်။ Sponsorship စပွန်ဇာရှစ်ပ်လို့လည်းရှိတယ်။ အဓိပ္ပါယ်ဆင်တဲ့ စကားလုံးတွေက နောက်ခံပြုပေးခြင်း၊ ထောက်ကူမှုပေးခြင်း၊ အုပ်ထိန်းသူလုပ်ပေးခြင်း၊ ငွေထောက်ပံ့ပေးခြင်း၊ အကူအညီပေးခြင်း။ စပွန်ဆာဟာ ကုန်သွယ်ရေးလောကသုံး စကားလုံးဖြစ်ပါတယ်။ အစီအစဉ်တခုကိုဖြစ်မြောက်ဘို့ရာ နောက်ကနေ၊ အထက်ကနေ၊ ဘေးကနေ၊ တရားဝင်ကူညီထောက်ပံ့မှုပေးခြင်းဖြစ်တယ်။ တဦးတည်းကနေလည်း လုပ်တာရှိတယ်။ အသင်းအဖွဲ့ကနေလုပ်တာလည်းရှိတယ်။ ငွေ သို့မဟုတ် တခြားအရာကိုကူညီတယ်။ အားကစားပွဲ၊ အနုပညာပွဲ၊ ဖျော်ဖြေရေးပွဲလမ်း စသည်။ Sponsoree ခေါ်အဲလိုကူညီသူဟာ နန်းပရောဖစ် ခေါ် အမြတ်မယူအဖွဲ့လည်းဖြစ်နိုင်တယ်။ Philanthropy ခေါ် ပရဟိတနဲ့ မတူပါ။ စီးပွါးကုန်သွယ်မှုမှာ တစုံတရာအကျိုးကိုမျှော်ကိုးပြီး ကုန်ကျခံတာဖြစ်တယ်။ အဲလိုနည်းက နာမည်ကြီးစေတယ်။ လူသိများစေတယ်။ ကြော်ငြာနည်းနဲ့ ထပ်တူတော့ မဟုတ်ပြန်ပါ။ အခုနည်းမှာ ထုတ်ကုန်၊ ရောင်းကုန်ကို တိုက်ရိုက် ထုတ်ပြတာ မလုပ်ပါ။ အထွေထွေစပွန်ဇာအမျိုးအစားနဲ့ အော်ဖစ်ရှယ် စပွန်ဇာလို့ကွဲပြားသေးတယ်။ နည်းပညာစပွန်ဇာ၊ Participatin