မုံ့ဆန်း

ညဦးပိုင်းမှာ ကျောင်းကပြန်လာ ဘာစားရမလဲ။ မုံ့ဆန်းတဲ့။

ခရစ်ပီရိုက်စ် ခေါ်တဲ့ ဆန်ကြွပ်တအိတ်ရထားတယ်။ အမေရိကန်တွေကတော့ ဆန်၊ ဂျုံ၊ ပြောင်း၊ ပြောင်းဖူး၊ ဘာလီ၊ အုတ်စပါး စတာတွေနဲ့လုပ်တဲ့ ဆီရီရယ်လ် ခေါ်တာကို နွားနို့နဲ့ရောပြီး မနက်စာ လုပ်စားကြတယ်။ အခုဟာမျိုးကတော့ သူတို့ဆီမှာ အလွယ်ပြောရရင် မိခင်နှင့်ကလေးဌာနက ကလေးတွေကိုပေးတာ။

ဘယ်လိုစားမလဲ။ ဆန်ကြွပ်ကို လှော်လိုက်တယ်။ ဆီက ပါရုံသာပါတယ်။ အိုးကင်းပူနံ့လေးနဲ့ မုန့်ဆန်းလှော်ဖြစ်သွားရော။ သူ့ထဲက ပျားရည်အရသာလည်း ကင်းသွားတယ်။ ကျွန်တော်ကအကြံပေးပြီး၊ ဒေါ်မြမြအေးကလုပ်တာပါ။

ကျွန်တော်တို့ သူငယ်တန်းမှာ လ လနတ်တော် မုံ့ဆန်းလှော်လို့ သင်ခဲ့ရတယ်။ ပြာသိုလမှာ ကျွန်တော်တို့က အဆန်းလုပ်ကြတာ။ မုန့် နဲ့ မုံ့လည်း မေးချင်ကြမယ်။ ဘယ်လိုရေးရေး စားကောင်းပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး