Our Language Root မြန်မာစာသည် ခါး၏

လူမျိုးတမျိုးရဲ့ အမျိုးသားရေးဝိသေသထဲမှာ ဘာသာစာကို မှန်မှန်ကန်ကန်သုံးတတ်ခြင်းပါပါတယ်။ ဘယ်လို ကွဲသလဲဆိုတာ ခွဲခြမ်းပေးပါဦးဆရာ။ (မေးခွန်းပါသတ်ပုံတချို့ကို ပြင်လိုက်ပါတယ်။ ဆောရီး)

ကနေ့အထိသုံးစွဲနေတဲ့ ကမ္ဘာမှာရှေးအကျဆုံးဘာသာစကား (၁ဝ) မျိုးရှိတယ်။

၁။ Hebrew ဟီဘရူး၊
၂။ Basque ဘက်စ်၊
၃။ Tamil တမီးလ်၊
၎။ Lithuanian လစ်သူနီးယန်၊
၅။ Farsi ဖါရ်ဆီ၊
၆။ Icelandic အိုက်စလန်၊
၇။ Macedonian မက်ဆီဒိုးနီးယန်း၊
၈။ Finnish ဖင်းနစ်ရှ်၊
၉။ Georgian ဂျော်ဂျီယန်၊
၁၀။ Irish Gaelic အိုင်းရစ်ရှ် ဂေးလစ်၊

Sumerian ဆူမားရီးယန်ဘာသာစကားဟာ ကမ္ဘာမှာ ရှေးအကျဆုံးလို့ ဆိုပါတယ်။ ဘီစီ ၃ဝဝဝ မတိုင်မီကတည်းက ရေးသားခဲ့တယ်။ ခေတ်ဟောင်းအင်္ဂလိပ်ဘာသာစကားကို အင်ဂလို-ဆက်ဆွန်လို့ခေါ်တယ်။ ၅ ရာစုလောက်ကစတယ်။ နော်မန်တွေက သိမ်းယူတော့ အင်ဂလို-နော်မန်ဘာသာစကားကို အထက်တန်းကျသူတွေက သုံးလာတယ်။ ခေတ်ဟောင်း အင်္ဂလိပ်စကား ရပ်စဲသွားတယ်။ အလယ်ခေတ်အင်္ဂလိပ်စကားဟာ အနောက်ဂျာမန်စကားနဲ့ ဆက်နေတယ်။ နှစ် ၁၄ဝဝ ကျော်အတွင်း တိုးတက်ဖွံ့ဖြိုးလာတယ်။ ကိုလိုနီနယ်တွေသိမ်းယူနိုင်ရာကနေ အင်္ဂလိပ်စကားလည်း ကျယ်ပြန့်လာတယ်။ အက္ခရာတွေရော သဒ္ဒါပါ ပြောင်းလာတယ်။

ကမ္ဘာမှာ လူဦးရေအများဆုံးကသုံးတဲ့ ဘာသာစကားတွေရှိတယ်။
၁။ တရုပ် = ၉၃၇၁၃၂ဝဝ
၂။ စပိန် = ၃၃၂ဝဝဝဝဝဝ
၃။ အင်္ဂလိပ် = ၃၂၂ဝဝဝဝဝဝ
၎။ ဘင်္ဂါလီ = ၁၈၉ဝဝဝဝဝဝ
၅။ ဟင်ဒီ = ၁၈၂ဝဝဝဝဝဝ
၆။ အာရတ် = ၁၇၄၉၅ဝဝဝဝ
၇။ ပေါ်တူကီ = ၁၇ဝဝဝဝဝဝဝ
၈။ ရုရှား = ၁၇ဝဝဝဝဝဝဝ
၉။ ဂျပန် = ၁၂၅ဝဝဝဝဝဝ
၁ဝ။ ဂျာမန် = ၉၈ဝဝဝဝဝဝ

ကမ္ဘာမှာ လွှမ်းမိုးမှုအများဆုံးဘာသာစကား (၅) မျိုးရှိတယ်။
၁။ အင်္ဂလိပ်
၂။ ပြင်သစ်
၃။ စပိန်
၎။ အာရတ်
၅။ တရုပ်

အင်္ဂလိပ်စာ တရားဝင်သုံးနိုင်ငံပေါင်း ၇၆ နိုင်ငံနဲ့ အင်္ဂလိပ်စကားပြောနိုင်ငံပေါင်း ၁၁၅ နိုင်ငံ ရှိတယ်။ ပြင်သစ်စာ တရားဝင်သုံးနိုင်ငံပေါင်း ၆၂ နိုင်ငံ။ အာရတ်စာ တရားဝင်သုံးနိုင်ငံပေါင်း ၂၈ နိုင်ငံနဲ့ စပိန်စာ တရားဝင်သုံးနိုင်ငံပေါင်း ၂၄ နိုင်ငံရှိတယ်။

မြန်မာဘာသာစကားဟာလည်း သက်တမ်းရှည်ပြီ။ စောစောပိုင်းကာလတွေမှ အိန္ဒိယ၊ သီရိလင်္ကာနဲ့ ဥရောပနိုင်ငံတွေနဲ့ ဆက်သွယ်မှုတွေရှိခဲ့လို့ ပင်မမြန်မာစကားထဲမှာ ရောနှောမှုတွေရှိခဲ့ပါတယ်။ ပါဠိနဲ့ သက္ကတပါရောနှောလာတယ်။ မြန်မာဘာသာစကားဟာ တိဘက်တိုဘာမင်း အုပ်စုထဲကလို့ သတ်မှတ်ထားတယ်။ အဲတာက ဆိုင်နို-တိဘက် ဘာသာစကားမိသားစုထဲကဖြစ်တယ်။ ၁၁ ရာစုထဲမှာရေးသားခဲ့တာကို မှတ်တမ်းကောင်းကောင်း ရရှိထားတယ်။ ပျူဘာသာစကားက ၉ ရာစုကတည်းက ဖြစ်တယ်။

ကနေ့ မြန်မာဘာသာစကားကို ပြောဆိုရေးသားနေသူပေါင်း ၅၂ သန်းလို့ခန့်မှန်းပါတယ်။ ပြည်တွင်းထဲမှာသာမက ပြည်ပ နိုင်ငံတွေမှာလည်း သိသာတဲ့အရေအတွက်ရှိတယ်။ ကိုယ့်စာကိုယ် ထိန်းကြရတယ်။ တိုးတက်စည်ပင်အောင် လုပ်ရတယ်။ ပွါးများကျယ်ပြန့်အောင်လည်း ကိုယ်တိုင်သာလုပ်ရပါတယ်။

မြန်မာစာသည် ကမ်းနားသစ်ပင်ဖြစ်၏။ မင်းအလိုမကျလျှင် ပြင်ခံရ၏။ ဘယ်မင်းကပြင်ပြင် ပြင်ထားသည်ကိုသာ အမှန်ထင်ပြီး လိုက်နာကြ၏။

မြန်မာစာသည် ခါး၏။ တမာ ခွေးတောက်၊ မြစ်လျှောက်ရောယှက်၊ တူနှောဖက်က။ သရက်ချိုမြ ဗန္ဓရလျှင်၊ ကွယ်ပအပြီး၊ အခါးသီး၏။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၈
၃၁-၁-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး