သုညဒီဂရီ စီ

နေ့ခင်းတုန်းကတော့ အဖတ်အဖတ်နဲ့ ထပ်ထပ်ကျနေခဲ့တာ အိပ်ကာနီးလို့ တံခါးတွေစစ်ရင်း အပြင်ကိုကြည့်တော့ မြေပြင်နဲ့ မြက်ပင်တွေ မမြင်ရတော့ပါ။ အပင်တွေအပေါ်မှာ ဝါဂွမ်းဆိုင်တွေလို ဖွေးလို့။

အပြင်မှာ ၃၂ ဒီဂရီတဲ့။ ငါးတန်းမှာ အထွေထွေသိပ္ပံသင်ကတည်းက မှတ်ထားတာ ရေခဲအမှတ်။ အိမ်ထဲမှာနေပြီး၊ ၂၁၂ ဒီဂရီအထိ အပူပေးထားတဲ့ ရေနွေးကြမ်းသောက်ရင်း မေးတာတွေဖြေ၊ တင်စရာတွေ တင်ပါတယ်။

အဲလိုပဲ ပြုပြင်လို့ရသမျှတော့ ပြုပြင်ပြီး နေထိုင်ကြရပါတယ်။ ကျွန်တော်ကတော့ သင့် မသင့်လည်း မပြောတတ်၊ ကြိုက်မကြိုက်လည်း မသိတဲ့ သတ်ပုံတွေ ပြင်ပေးနေမိတယ်။ မြန်မာစာ အေးခဲမသွားစေချင်လို့ပါ။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး