တညသောအခါ


တညသောအခါ မွေးဖွားလာသည် ဆရာဝန်ဖြစ်မဲ့ ကလေးတယောက်။

ညဥ့်ဦးညဥ့်နက် ဝတ်မပျက် မွေးဖွားပေးရ ခွဲစိတ်ပေးရတဲ့ တောဆရာဝန်တယောက်။

တညသောအခါ ထိုဆရာ ဖမ်းခံထိရ အရွေးချယ်ခံရတဲ့ အမတ်တယောက်။

ညဥ့်ဦးညဥ့်နက် ဝတ်မပျက် မွေးဖွားပေးရ ခွဲစိတ်ပေးရ သူများနိုင်ငံမှာနေရတဲ့ ဆရာဝန်တယောက်။

တညသောအခါ ထိုဆရာ တနိုင်ငံရောက်၊ နောက်တနိုင်ငံရောက်ရတဲ့ နိုင်ငံရေးလုပ်တဲ့ ဒုကသည်တယောက်။

ညဥ့်ဦးညဥ့်နက် ဝတ်မပျက် မေးတာဖြေရ စာပြန်ရတဲ့ အွန်လိုင်းပေါ်က လူအိုလူဟောင်းတယောက်။

တညသောအခါသည်ကား ကျွန်ုပ်၏ကမာ ကျွန်ုပ်၏ဘဝတည်း။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၉


Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး