Gas Myth ဗမာလေဆေးမသုံးသူတွေက လေနာရောဂါ ပိုမဖြစ်ကြပါ

ဒေါက်တာရှင့် ကျွန်မအသက်က ၃၅နှစ်ထဲမှာပါ။ အမွှာကိုယ်ဝန်ဆောင်ထားပါတယ်။ အခု ၂၄ ပတ်နဲ့ ၃ရက်ရှိပါပြီ။ သားဦးကိုယ်ဝန်ပါ။ ၀မ်းချုပ်ပြီး လိပ်ခေါင်းထွက်နေပါတယ်။ လိပ်ခေါင်းခွဲစိပ်ကုဖို့လိုပြီလားရှင့်။ အခုချိန် ultrasound ရိုက်ရင် ကလေးတွေကို ကျား/မ သေချာသိရပြီလားရှင့်။ ကလေး လေထိုးတဲ့ရောဂါမပါအောင် ဗမာဆေးအရည် သောက်လို့ရလားရှင့်။ သူငယ်ချင်းကိုယ်ဝန်ဆောင်တဲ့သူကတော့ သောက်တယ်ပြောတယ်ရှင့်၊ ဆေးအရည်ကခါးပြီး ၀မ်းလည်းမှန်တယ်ပြောတယ်။

အခုချိန်အာထွာဆောင်းရိုက်ရင် ယောက်ျားလေး မိန်းကလေး သိနိုင်ပြီ။ ကိုယ်ဝန်အပ်တဲ့ဆရာဝန်ကညွှန်ပါမယ်။

လိပ်ခေါင်းကို ကိုယ်ဝန်ရှိစဉ် ခွဲရန်မလိုအပ်။ ကလေးဖွားပြီး သက်သာလာမယ်။

Piles Q and A လိပ်ခေါင်း မေးခွန်း https://doctortintswe.blogspot.com/2018/10/piles-q-and.html

ကလေးလေနာဆိုတာ အရပ်စကားသာဖြစ်တယ်။ ခဏခဏ (ခဏခဏ) ဖြေထားတယ်။ တင်ထားတယ်။

ကမ္ဘာပေါ်မှာ နေ့စဉ်နေ့တိုင်း ကလေးပေါင်း သုံးသိန်းငါးသောင်းသုံးထောင် (၃၅၃၀၀၀) မွေးတယ်။ နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိတယ်။ ဘယ်တိုင်းပြည်မှာမှ ဗမာလေးဆေးမသုံးပါ။ မြန်မာနိုင်ငံမှာလည်း သုံးတဲ့သူက အလွန်နည်းပါတယ်။ အဲဒီဗမာဆေးမသုံးသူတွေက လေနာရောဂါ ပိုမဖြစ်ကြပါ။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး