OMG အရုပ် နှင့် ခေါင်းစွပ်

ရွယ်တူသူငယ်ချင်းတယောက်က အခုပုံနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကပုံတွဲတင်ပြီး အိုစာလာတာကို ယှဉ်ပြထားတယ်။ တပုံမှာ ခေါင်းစွပ်နဲ့။ တပုံက ဖလန်နယ်အင်္ကျီနဲ့။

အလွန်အေးတာနဲ့ နည်းနည်းအေးတာ ကွာတယ်လို့ ရေးလိုက်တယ်။

ဝါရှင်တန်နဲ့ မေရီလန်းမှာနေကြသူတွေက နှင်းထုတွေထူနေတဲ့ပုံတွေ တင်ကြတယ်။ ဒီကနေ မြောက်ဘက်ကို ၂ နာရီ လောက်သာမောင်းရတဲ့မြို့ကလူတွေကလည်း နှင်းတွေနဲ့ပုံတွေ။ မြောက်ဝင်ရိုးစွန်းနားမှာ နေကြရသူကတော့ ဘာပြောကောင်းမလဲ။ သြစီ မဲလ်ဘုမ်းက တင်းနစ်ပွဲမှာတော့ ချွေးတလုံးလုံးနဲ့။

မတူနဲ့အရပ်တွေမှာ မတူတဲ့ရာသီဥတုတွေနဲ့ အသက်အရွယ်မတူသူတွေ နေထိုင်ကြတယ်။ အေးပြီး အအေးသက်သာ။ ချွေးပြန်မယ်။ တလှည့်စီလာမယ်။ အိုပြီးနောက်မှာ တလှည့်ပြန်မလာတော့ပါ။

အခုတလော ဖေ့စ်ဘွတ်က နောက် ၅ နှစ်ဆိုတာတွေ လာနေတယ်။ ကျွန်တော့်လက်ထောက်လုပ်ခဲ့ကြတဲ့ ဆရာမလေး ၂ ယောက် တင်ထားတာတွေ့တယ်။ သူတို့နှစ်ယောက်လုံးက အိုအမ်ဂျီ လို့ ရေးထားကြတာ ဖတ်ရတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး