သူ့အမေ ကိုယ့်အမေ

နေ့ခင်းချိန်မှာ မီးဖိုထဲမှာနေ
နှစ်နှစ်တခါ မီးနေခန်းမှာနေ

သူသူကိုယ်ကိုယ်
စားပြီးဆော့နေ ပန်းကန်အိုးခွက်ဆေးကြောတာ မသိကြချေ
ကျောင်းသွားနေ လည်ပတ်နေ ဈေးသွားငါးဝယ်တာ မသိကြချေ

သူ့အမေ ကိုယ့်အမေ
ညအခါ မေတ္တာဝေ
အိပ်မောကျနေသူတွေ မကြားမိကြချေ

သူ့အမေ ကိုယ့်အမေ
ဇရာ အနာ ဝေဒနာ ညည်းညူသံ မတွက်ပေ

သူသူကိုယ်ကိုယ်
တသက်တခါ ထွက်သွားချိန်မှာ အနားမှာ မရှိကြချေ။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၈
၂၈-၁-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး