Early Signs of Hepatitis C and Treatments အသဲရောင် စီ လက္ခဏာများနှင့် ကုသနည်း

အသဲရောင် စီပိုးကူးစက်ခံရခြင်းဟာ နာတာရှည်ဖြစ်တယ်။ အသဲကိုထိခိုက်စေတယ်။ အော်တိုအင်မြူးရောဂါတချို့နဲ့ ဆက်စပ်နိုင်တယ်။ တခြားနာတာရှည်ရောဂါတွေဖြစ်တဲ့ မျက်စိပုံရိပ်ထင်အလွှာထိခိုက်တာ၊ ဆီးချို၊ ကျောက်ကပ်ရောဂါနဲ့ နန်းဟော့ခ်ျကင်လင်ဖိုးမားတို့နဲ့လည်း ဆက်စပ်နိုင်သေးတယ်။ ယူအက်စ်အေမှာ စီပိုးကူးစက်ခံထားရသူပေါင်း ၃့၉ သန်း ရှိတယ်။ မြန်မာပြည်မှာ မသိပါ။

ဘယ်လိုဆက်ဖြစ်တယ်ဆိုတာ မတူကြပါ။ အများအားဖြင့် ဘယ်လိုမှခံစားရတာမရှိပဲ နေနိုင်ကြသေးတယ်။ တဖြည်းဖြည်း အသဲအလုပ်မလုပ်နိုင်တဲ့အထိဖြစ်နိုင်တယ်။ ၁၀% ကနေ ၂၅% တို့က ၁၀ နှစ်ကနေ ၄၀ နှစ်ကြာထိ အဲလိုနေနိုင်ကြတယ်။

သွေးကနေတဆင့်ကူးစက်တာ အများဆုံး။ သွေးသွင်းတာနဲ့ ဆေးထိုအပ်ကနေကူးတယ်။ တက်တူးထိုးတာ၊ အလှအပကွင်း ဝတ်ဆင်တာတွေကနေ ကူးနိုင်တယ်။ မိခင်ကနေ မွေးလာမဲ့ကလေးကူးနိုင်တယ်။

လက္ခဏာတွေ
ပိုးရှိနေပေမဲ့ ၇၀-၈၀% မှာ လက္ခဏာတွေမခံစားရသေးပါ။ ခံစားရသူတွေက ၂ လကနေ ၆ လမှာ လက္ခဏာပေါ်တယ်။ ဆိုးတာတွေ မဟုတ်ပါ။ တုပ်ကွေးနဲ့ဆင်တူတာတွေသာ ခံစားရမယ်။ အားနည်းနေမယ်။ အဆစ်တွေ ကြွက်သားတွေ နာမယ်။ ဖျားမယ်။ ဗိုက်အောင့်မယ်။ အစားပျက်မယ်။ ပျို့အန်ချင်မယ်။ ဆီးအရောင်ရင့်နေမယ်။

ဆေးကုရာမှာ ဂျီနို အမျိုးအစားအရ ဆေးရွေးပေးတယ်။ ဖြစ်လာနိုင်တာတွေကတော့ ဘယ်လိုအမျိုးအစားကဖြစ်ဖြစ် တူတယ်။ ဆေးတွေတိုးတက်ကောင်းမွန်လာနေပါတယ်။ ပိုးတွေကင်းရှင်းအောင်အထိကုလို့ရလာပြီ။ ကာကွယ်ဆေး မရှိသေးပါ။ ဆေးသစ်ကို direct-acting anti-viral medication ဗိုင်းရပ်စ်ကို တိုက်ရိုက်ထိရောက်စေတဲ့ဆေးလို့ခေါ်တယ်။

တချို့ကိုအသဲအစားထိုးပေးရတယ်။ ပိုးတွေကို သေစေမှာတော့ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၃-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး