Pathology Book ရောဂါဗေဒစာအုပ်

အခုလေးတင် ပြည်နယ်တခုကလာတဲ့ မေးခွန်းတခုကိုဖြေရင်း စိတ်ကူးယဉ်ကြည့်ပါတယ်။ နေ့တိုင်းလိုလို တိုင်းရင်းသားလူမျိုးတွေက မေးတာတွေ ဖြေရပါတယ်။ ကနေ့တော့ စိတ်ထဲ တမျိုးဖြစ်လာလို့။

တမြန်နေ့က ရေဒီယိုတခုကနေ ကွန်ဖက်ဒရေးရှင်းသတင်းအပေါ်အမြင်မေးတာ ခပ်တိုတိုလေး ဖြေရသေးတယ်။ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေအကြား သဘောတူညီချက်နဲ့ စုထားတဲ့အဖွဲ့ကြီးတခုကို အဲလိုခေါ်ပါတယ်။

တကယ်လို့ ကနေ့မြန်မာ့မြေပုံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေအများကြီးဖြစ်သွားရင် ငါ့ဆီကို နေမကောင်းတာ မေးကြတော့မှာ မဟုတ်တော့ဘူးလားမသိလို့ စဉ်းစားချက် အမှန်ဖြစ်ပေါ်လာပါတယ်။

နောက်တော့မှ အင်တာနက်မှာ အချုပ်အခြာအာဏာပိုင်ရယ်လို့ မရှိ။ အခုလည်း တိုင်းပြည်အများကြီးမှာ ရောက်နေကြတဲ့ ကိုယ့်တိုင်းပြည်ကလူတွေကနေ မေးကြတာပဲ။

ဘာလူမျိုးဖြစ်ဖြစ်၊ ဘယ်ဘာသာကိုးကွယ်ကိုးကွယ်၊ ဘယ်စကားပြောပြော၊ အရပ်သား၊ စစ်သား ရောဂါတွေက တူတယ်။ ရောဂါဗေဒစာအုပ်ကြီးဟာ ကမ္ဘာ့ဖွဲ့စည်းပုံနဲ့တူတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး