Dark lips နှုတ်ခမ်းတွေမည်းနေတာ ဘာလုပ်ရမလဲ

နှုတ်ခမ်းတွေညိုမည်းနေတာ ဘာဓာတ်အားနည်းလို့ပါလဲဆရာ။ ရေလည်းသောက်ပါတယ်။ ဗီတာမင်အီးလည်း သောက်ပါတယ်။ ကော်ဖီအသောက်များရင်လည်း ဖြစ်တတ်ပါလားဆရာ။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင်။

နှုတ်ခမ်းဆိုးဆေးကနေ မည်းစေပါသလား။ နှုတ်ခမ်းဆိုးဆေး အမျိုးအစား ကောင်းတာနဲ့ ရက်စွဲမလွန်တာသုံးရင် မဖြစ်စေတတ်ပါ။ နာမည်မကြားဘူးတာ၊ မသေချာတဲ့ အမျိုးအစား မသုံးပါနဲ့။ ကောင်းတာဖြစ်ပါစေ ဆိုးပြီးရင် အကြာကြီး မထားပါနဲ့။ ရှင်းပေးပါ။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်ကြောင့်လဲ နှုတ်ခမ်း မည်းတတ်တယ်။ အဲဒါတွေလျှော့ပါ၊ ရှောင်ပါ။ ဗက်ဆလင်းပုံမှန်လိမ်းပေးပါ။ မခမ်းထောပတ်ကို ညပိုင်းမှာ လိမ်းနိုင်တယ်။ သံပုရာအရည် တနေ့တကြိမ် လိမ်းနိုင်တယ်။ နေရောင်ခံ နှုတ်ခမ်းဆိုးဆေး သုံးပါ။

နှုတ်ခမ်းအောက်နားမှာ အမည်းစက်လေးတွေပေါ်လာလို့ပါရှင်။ သူများမမြင်အောင် နှုတ်ခမ်း ကိုက်တဲ့အကျင့် ဖြစ်လာတယ်။

နှုတ်ခမ်းအမည်းစက်အတွက် ဆရာဝန်ပြပါ။ နှုတ်ခမ်းကိုက်တဲ့အကျင့်ဖျောက်ပါ။ Vaseline petroleum jelly လိမ်းပါ။ သံလွင်ဆီလဲလိမ်းနိုင်တယ်။ နှုတ်ခမ်းဆိုးဆေး ရက်လွန်တာ မသုံးမိပါစေနဲ့။

အသက် ၂၅ နှစ်။ ကျမ နှုတ်ခမ်းအနားသတ် နေရာတွေက အရောင်ပိုမည်းနေပါတယ်။ ကျန်တာတွေကတော့ ပန်းရောင်ပါဘဲ။

နှုတ်ခမ်းဆိုးဆေး အမျိုးအစား ကောင်းတာနဲ့ ရက်စွဲမလွန်တာ သုံးပါ။ ဗက်ဆလင်း ဒါမှမဟုတ် မခမ်းထောပတ် လိမ်းပေးပါ။ အိပ်ရာဝင်ချိန်မှာ သံလွင်ဆီနဲ့ သံပုရာဆီ ရောလိမ်းပေးပါ။ လောလောဆယ် နှုတ်ခမ်းဆိုးဆေး မသုံးပဲနေပါ။

ကျမနှုတ်ခမ်းဘေးစွန်းတွေမှာ မည်းနေတယ်ရှင့်။

ခြောက်သွေ့တာနဲ့ အလာဂျီရတာကနေ ဖြစ်နိုင်တယ်။ အမျိုးအစားကောင်း နှုတ်ခမ်းဆိုးဆေးသာ သုံးပါ။ ဆီပါတာမျိုး မသုံးပါနဲ့။ ဗက်ဆလင်း ဒါမှမဟုတ် မခမ်းထောပတ် လိမ်းပေးပါ။ အိပ်ရာဝင်ချိန်မှာ သံလွင်ဆီနဲ့ သံပုရာဆီ ရောလိမ်းပေးပါ။ အလှဆီသန့်တာ လိမ်းနိုင်ပါတယ်။

ကျမနှုတ်ခမ်းတွေက အရောင်ရင့်နေလို့ အရောင်ကောင်းအောင် ဘယ်လိုလုပ်ရမလဲ။ အလှဆီနဲ့ သံပုရာ လိမ်းတာလဲ မရဘူး။ နောက်ပြီး မျက်တောင်မွှေး ရှည်ချင်-ထူချင်တာ ဘာလုပ်ရမလဲရှင့်။

နဂိုကတည်းက မည်းတာကို သက်သာစေဘို့ နည်းနည်းသာ တတ်နိုင်မယ်။ မျက်တောင်မွှေး ရှည်ချင်-ထူချင်တာ မဖြစ်နိုင်ပါ။ Mascara ကို သုံးကြည့်ပါ။

ကျမနှုတ်ခမ်းတွေ မည်းလာတာ ၄ နှစ်ရှိပြီ။ အရင်ကတော့ ပန်းရောင်ပါ။ ဆေးလိပ်လဲ မသောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည် သောက်တာလဲ မများပါ။ Dermetologist ကိုပြတော့လဲ မသက်သာပါ။

နေရောင်နဲ့ ထိတွေလို့ဖြစ်ဖြစ်၊ ဟော်မုန်း အပြောင်းအလွဲကြောင့်ဖြစ်ဖြစ် နှုတ်ခမ်းအရောင် ရင့်လာစေတယ်။ နေရောင်နဲ့ တတ်နိုင်သလောက် မထိပါစေနဲ့။ အမျိုးအားကောင်း နှုတ်ခမ်းဆိုးဆေးသာ သုံးပါ။ အလှဆီ ညတိုင်းမှန်မှန် လိမ်းပေးပါ။ နှုတ်ခမ်းကို ခြောက်မနေစေပါနဲ့။ နှုတ်ခမ်းကို မကိုက်ပါနဲ့။

ကျမနှုတ်ခမ်းတွေ မည်းမည်းလာနေတယ်။ ကျမ TB တီဘီ ဆေးတွေလဲ သောက်နေရပါတယ်။ နှုတ်ခမ်းဆိုးဆေး မဆိုးရင် အကြည့်ရ အင်မတန်ဆိုးလှပါတယ်။ Black spots အမည်းစက်လေးတွေပါ ဖြစ်နေတာပါ။

သံပုရာက သဘာဝ အရောင်ချွတ်ဆေး ဖြစ်ပါတယ်။ အလှဆီ နဲနဲနဲ့ တွဲလိမ်းပေးပါ။ အဲဒါမှမရရင် အရေပြားအထူးကုနဲ့ပြပါ။

ကျမနှုတ်ခမ်းတွေ မည်းလာတယ်။ ခြောက်လာတယ်။ နှုတ်ခမ်းနီဆိုးရင်ဖြစ်ဖြစ် Lip gloss သုံးရင်ဖြစ်ဖြစ် Moisture feeling စိုစွပ်တာခံစားရတယ်။ Herpecin-L lip balm သုံးနေပါတယ်။ မကောင်းသေးပါဘူး။

သံပုရာ နဲ့ အလှဆီ ညတိုင်း ရောလိမ်းပါ။ မနက်ရောက်ရင် ဆေးပြစ်ပါ။ အရောင် လျှော့လာပါလိမ့်မယ်။ သစ်သီးရည် သောက်ပါ။ နှုတ်ခမ်းကို မကိုက်ပါနဲ့။ သုံးနေတဲ့ Lipstick or Gloss နှုတ်ခမ်းဆိုးဆေးတွေ မသုံးပါနဲ့တော့။ Herpecin-L ဆေးက ဖျားလို့၊ နေလောင်လို့ကနေ နှုတ်ခမ်းကွဲနေတာ၊ ရေယုံပေါက်တာ၊ အပူဖူးပေါက်တာတွေအတွက် မပျောက်စေနိုင်ပါ။ ခံစားရတာတော့ သက်သာရာရစေနိုင်ပါမယ်။ ဗက်ဆလင်းသာသုံးပါ။ အရေပြားအထူးကုပြရင် သိပ်မပြင်းတဲ့ စတီရွိုက်လိမ်ဆေး ပေးနိုင်တယ်။ ရက်အကြာကြီးတော့ မသုံးပါနဲ့။

ကျမ နှုတ်ခမ်းဆိုးဆေး တမျိုးသွားသုံးမိတာ အလာဂျစ်ဖြစ်လာတယ်။ နှုတ်ခမ်းတွေရောင်လာတယ်။ စိုရွှဲနေတယ်။ ယားသေးတယ်။ နောက်တော့ မည်းလာရော။ နှုတ်ခမ်းတွေလဲ ကွဲလာတယ်။

နှုတ်ခမ်းဆိုးဆေးသာမက နေရောင်၊ ဆပ်ပြာကနေလဲ မတည့်ထာ ဖြစ်သေးတယ်။ တချို့မှာ ဆိုးဆိုးဝါးဝါးဖြစ်တယ်။ Mild steroid စတီရွိုက်လိမ်းဆေးကို ပုံမှန် ၃-၄ ပါတ်လိမ်းပါ။

Topical steroids စတီရွိုက်လိမ်းဆေးများ
အဆင့် (၁) အပြင်းစားဖြစ်တယ်။ Hydrocortisone အဆ ၆ဝဝ ရှိတယ်။
- Clobetasol propionate (Dermol™ Cream/Ointment
- Betamethasone dipropionate (Diprosone™ OV Cream/Ointment)

အဆင့် (၂) Hydrocortisone အဆ ၁ဝဝ-၁၅ဝ ရှိတယ်။
- Betamethasone valerate (Beta™ Cream/Ointment/Scalp Application, Betnovate™ Lotion/C Cream/C Ointment, Daivobet™ 50/500 Ointment, Fucicort™)

အဆင့် (၃) Hydrocortisone ၂-၂၅ ဆရှိတယ်။
- Clobetasone butyrate (Eumovate™ Cream)
- Triamcinolone acetonide (Aristocort™ Cream/Ointment, Viaderm KC™ Cream/Ointment, Kenacomb™ Ointment)

အဆင့် (၄) အပြော့စားအမျိုးအစား။
- Hydrocortisone 0.5-2.5% (DermAid Cream/Soft Cream, DP Lotion-HC 1%, Skincalm, Lemnis Fatty Cream HC, Pimafucort Cream/Ointment)

Topical steroids စတီရွိုက်လိမ်းဆေးတွေကို Salicylic acid နဲ့ရောထားတာတွေရှိတယ်။ Penetration အရေပြားထဲ ဝင်တာ ကောင်းအောင်၊ Antibacterial ဗက်တီးရီးယား နဲ့ Antifungal မှိုတွေကိုလဲ နိုင်အောင်လုပ်တာ ဖြစ်တယ်။ မျက်နှာအတွက် သုံးတာတွေက လက်ဝါးလိုမှာသုံးရင် အရေပြားထဲ ကောင်းကောင်း မဝင်နိုင်ဘူး။ ပြင်းတာကမှ အရေထူအတွက် သုံးနိုင်တယ်။ ဆေး အထဲကို စုပ်နိုင်စွမ်းတွေ မတူကြဘူး။
• မျက်ခွံနဲ့ လိင်အင်္ဂါတွေ 30%
• မျက်နှာ 7%
• ချိုင်း 4%
• လက်ဖျံ 1%
• လက်ဖဝါး 0.1%
• ခြေဖဝါး 0.05% စုပ်ယူနိုင်ကြတယ်။

ဆေးပြင်းပြန်ရင် ဘေးထွက်သက်ရောက်မှုတွေ အထူးသတိထားရမယ်။ တပတ်မှာ Clobetasol propionate 50g or Hydrocortisone 500g သာသုံးပါ။ များသွားရင် အထဲအင်္ဂါတွေအပေါ် သက်ရောက်စေလို့ Adrenal gland suppression နဲ့ Cushing's syndrome ရောဂါတွေ ဖြစ်စေနိုင်တယ်။

လိမ်းတဲ့အရေပြားနေရာမှာ သက်ရောက်မှုတွေ ဖြစ်နိုင်တယ်။ အရေပြားပါးမယ်။ စုပ်ပြဲလွယ်မယ်၊ သွေးထွက်လွယ်မယ်။ ပါးစပ်ဘေးမှာ အရေပြားရောင်မယ်။ သွေးကြောတွေ ကြီးလာမယ်။ အရေပြား ပိုးဝင်လွယ်မယ်။ ဆေးမတည့်တာဖြစ်မယ်။ ဘေးထွက်သက်ရောက်မှုတွေက ဆေးပြင်းတာနဲ့ ကြာကြာသုံးတာအပေါ်မူတည်တယ်။ ၁% ဆေးကို အနှစ် ၂ဝ လိမ်းလို့ ဘာမှမဖြစ်စေပါ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး