ဆောင်းပန်းဦးလျှင် အထူးသူနှင့်

ရွရွကွေး၍၊ မွှေးမွှေးပျပျ၊ ရဲရဲလှသား၊ ခိုင်မြပွင့်ဖူး၊ ဆောင်းပန်းဦးလျှင်၊ အထူးသူနှင့်၊ မတင့်လေရာ၊ မယ်နှင့်သာလျှင်၊ ကြမ္မာဖန်ဆင့်၊ ရည်၍ပွင့်သား၊ သခင့်ပန်ဖို့၊ စီရင်ပို့၍၊ စိမ်းညို့ရွက်ထပ်၊ ခြယ်လှပ်ထွားထွား၊ တခြားထူးထွေ၊ ညှာတံခြေဝယ်၊ ငုံပြေချပ်ဝန်း၊ တဆန်းထူးလည်၊ ပိန်းရွှေရည်သည်။ ကျွမ်းသည်သူ့အမှန်တကား။

ပျပျမွှေး၍၊ ပိုက်ထွေးရင်ငွေ့၊ တူစက်လေ့ကို၊ အောက်မေ့မြင်ယောင်၊ ရှင့်မောင်ခေါ်ထမ်း၊ ဖော်ငယ်ကျွမ်းနှင့်၊ အလွမ်းရှည်မြင့်၊ ကြာသည်နှင့်သော်၊ ထပ်ဆင့်ဗျာပါ၊ မပျော်စွာ၍၊ အခါသရစ်၊ ဆောင်းမျိုးနှစ်လည်း၊ အဖြစ်သည့်နှယ်၊ မရှိဖွယ်တည့်၊ သက်လှယ်နှောင်နှင့်၊ ကြင်ပေတင့်စွ၊ မျက်ပွင့်စံတည်၊ မျိုးချစ်ကြည်သည်။ လွမ်းသည်သူ့မတန်တကား။

နဝဒေး ရေးသားထားတဲ့ရတုထဲက  တခြားထူးထွေ၊ တဆန်းထူးလည်မှာ တတွေကို စမသတ်ပါ။

ဝေရွှန်းစန္ဒာအပိုဒ်မှာလည်း လွင်လည်းတဆိုင်၊ မြိုင်လည်းတထွေ၊ ရေလည်းတထူးတွေက တတွေကလည်း စမသတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး