စာမတတ် လမ်းဖတ်

ကျွန်တော်တို့ငယ်ငယ်ကတည်းက အဲလိုအဆိုရှိတယ်။ အမြင်မတော် သင်ပေး၊ လမ်းပေါ်ပညာရေး။

နည်းနည်းကြီးလာတော့ ဇာတ်ပွဲကြည့် အသိတိုး။

နည်းနည်းအိုလာတော့ ဖေ့စ်ဘွတ်မှာတင်၊ အမြင်မတော် ပြင်ပေး၊ အွန်လိုင်းပညာရေး။

ထပ်တိုးဦးမယ်။ သီချင်းစာတန်းထိုးတွေ ဖတ်ကြည့် အမြီးနဲ့ အမောက် မတည့်။ အွန်လိုင်းဒေါင်းလုဒ်တွေ ဖတ်ကြည့် နှမ်းမဖြူးဘဲ ယမ်းလူးထားကြတယ်။

ဖေ့စ်ဘွတ်မှာ ဖုံးမထားတာတွေလည်း အတိုင်းသား၊ ရေးသားတာတွေကလည်း ခါးတောင်းတခြာ့း့ တခြား။ (ကန်တော့)

စာတတ်ချင်ရင် ဖေ့စ်ဘွတ် မဖတ်နဲ့။ သီချင်းစာတန်းထိုး တီဗွီစာတန်းထိုး မဖတ်နဲ့။ ဒေါင်းလုဒ် မဖတ်နဲ့။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၈
၃ဝ-၁-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ