တက္ကသိုလ်ကျောင်းသူတဦး

တက္ကသိုလ်ကျောင်းသူတဦး လှပုံထူးသမျှ တွေ့ရဖူးသည်မှာ
ကြည်စွာဘဝင်နှလုံး ရွှင်ပြုံးမြေ့ကာ ယနေ့သာတိုင် သြော် မေ့ပါနိုင်အမြဲ
တသက်သက်စိတ်ထဲမှာ မျှော်ကာတွေး ငေးမိအခါခါ

အင်းယားကန်အပါး လျှောက်ကာသွား အနားယူသောတနေ့မှာ
ယဉ်စွာယဉ်စွာ ဆင်ယင်ထုံးဖွဲ့ပြုံးလဲ့လဲ့ချစ်စရာ
ပွင့်သစ်လာသည့်ပန်း လန်းတဲ့ပုံပမာ
တက္ကသိုလ်ကျောင်းသူတဦး ချစ်ကြည်နူးစရာ လှပကြော့ယဉ်စွာ

တပတ်လျှိုဆံထုံးကြော့မှာ တပွင့်ပန်းပန်လာ
ရှုကာငေး နုဝါအသွေး လက်ရှည်ထူထူလေးဝတ်ကာ
ကြက်သွေးနီနီ ထဘီပန်းခက် ယဉ်သထက်ယဉ်စွာ
နက်မှောက်ကတ္တီပါ လှပယဉ်ကျေး ပုံတော်လေးနဲ့ပါ

မြန်မာဆန်ဆန် အနောက်ဟန်မနှော မဖောက်ပြန်သော သဘောထား ဝတ်စားတန်ဆာ
ရှုတိုင်းယဉ် အဆင်ပြေကာ အချိုးကျကျ လှပလို့ချစ်စရာ
တွေ့ခဲ့ဖူးတဲ့ တက္ကသိုလ်ကျောင်းသူတဦးပါ

ဒေါက်တာတင့်ဆွေ
၂၉-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး