A Boat လှေတစင်း

အထဲမှာတော့ မနေ့က မဲပြိုင်ခဲ့ကြတယ်။ အပြင်မှာ တောင်ယဉ်စွန်းတန်းစွန်းနဲ့ ဝေးရာမှာနေရာသူတွေက အအေးဒီဂရီ ပြိုင်ကြတယ်။

ကျွန်တော်က မြန်မာစာသတ်ပုံစာလေးတွေရေးတာကို လက်ခံသူနည်းနည်းရှိတယ်။ တနေ့က တယောက်တော့ ဆဲတယ်။ ကနေ့မနက် တယောာက်ကတော့ ရင့်ရင်းသီးသီးရေးပြီး သူ့ဖါသူ ဘလော့သွားတယ်။ မြန်မာနိုင်ငံသားတွေဆိုတာ အဲလို မတူတာတွေအားလုံးကို ခေါ်ပါတယ်။

ဖွဲ့စည်းပုံပြင်တာ အနှေးနဲ့အမြန် ဖြစ်လာမယ်။ မြန်မာစာကတော့ ကမ်းနဲ့ဝေးခဲ့ပြီ။

ဝံပုလွေတကောင်ဟာ
တောနက်ကြီးထဲမှာ သူ့သဘာဝနဲ့သာ
သူ့ကို ပွဲတော်ကြီးကို ခေါ်သွားလိုက်တာ
အဆန်းအပြား တန်းဆာတွေက သူ့အတွက်တော့ ငိုစရာ
အစိမ်းရောင်မီးရောင်ဟာ သူ့ကိုအနီရောင်မျက်ရည်ကျစေပါ
ရေပင်လယ်မှာသာပျော်တဲ့ လှေဟာ နေရာပြောင်းခံရတဲ့ပမာ။

ရစ်ချတ်ဘရော်တင်ဂန်ရေးတဲ့ လှေတစင်းကဗျာကို ဘာသာပြန်တာပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၉

Comments