Lemon သံပရာသီး

သံပရာသီး သံပုရာသီး ဘယ်ဟာအမှန်လဲ ဆရာ

ကဝိဓဇသတ်ပုံကျမ်းမှာ သံပုရာလို့ရေးတယ်။ နောက်ထုတ် သတ်ပုံစာအုပ်တွေမှာ သံပရာ။ မြန်မာ့စွယ်စုံကျမ်းမှာ သံပရာ။ ဘယ်လိုရေးရေး ဗီတာမင်စီပါတယ်။

သံပရာသီး 2.1 oz / 58g အရွယ်တလုံးကနေ ၁၅-၂၀ ကယ်လိုရီ ရမယ်။ ကယ်လ်စီယမ် ၂% ရမယ်။ ပိုတက်ဆီယမ် ၂%ပါတယ်။ ဗီတာမင်စီနဲ့ ဖေါလိတ် ခေါ် ဖေါလစ်အက်စစ်တွေ ပါတယ်။ ဆီးလမ်းကျောက်အတွက် ကောင်းတယ်။ ကင်ဆာအတွက် ကောင်းတယ်တော့ပြောကြပါတယ်။ ကိုယ်အလေးချိန်ချလိုတာအတွက်လည်း အခွံပါတာသုံးကြတယ်။ သုတေသနမစုံပါ။ အသည်းအတွက် ကောင်းတယ် ပြောတာလည်းရှိတယ်။ တချို့ပိုးတွေသေစေမယ် ပြောတာလည်း ရှိတယ်။ များရင်တော့ လေတက်မယ်။ ဗီတာမင်စီကတော့ တနေ့တာလိုအပ်ချက်ရဲ့ ၁၃၉% ရမယ်။ ကိုလက်စထော မပါ၊ ပရိုတင်း မပါ။ ဗီတာမင် အေ မပါ။

သံပရာသီးဇာတိက အိန္ဒိယမြောက်ကလို့ဆိုပါတယ်။ ခရစ်စတိုဖါကိုလန်ဘတ်က ၁၄၉၃ ခုနှစ်မှာ သယ်လာလို့ အနောက်နိုင်ငံတွေကိုရောက်ပါသတဲ့။

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး