နှင်းရည်ဖျန်းသော ဆောင်းတည

ဆို - ကြွယ်ကြွယ်

နှင်းရည်ဖျန်းသော ဆောင်းတညဝယ်
နှစ်ကိုယ်ထဲ ချိုအသဲတူမောင်မယ်
တဦးကို တဦးက ဖေးမကွယ်
ငွေလွှာသင်ဖြူး သောင်ခုံဝယ်
လရောင်လင်းတလှည့် မလင်းတလှည့်ဝယ်
ညအရေး လအကွေး သာနေတယ်
နှင်းမှုန်ကြားမှာ ရှောက်လို့သာရယ်
ငွေလွှာသင်ဖြူး သောင်ခုံဝယ်
ချစ်နှင်းမှုန်ထဲမှာကွယ်
ငွေလှိုင်းဖြူလေးတွေရယ်
သောင်စပ်ကို အပြေးလာတယ်
ကျောက်ကမ်းပါးကို ရိုက်ခါကွယ်
ဇာပါး ပုဝါ လွင့်သလိုနှယ်
ပျံထွက်ခွါ ပြေးပြန်တယ်
ချစ်တဲ့သူ နှစ်ဦးရဲ့ အသဲများကကွယ်
ရိုက်ခတ်လို့ ပြေးသွားတဲ့ လှိုင်းကလေးသို့နှယ်
တဦးလက်ကို တဦးယှက်လို့ ရွက်လွှင့်လို့ရယ်
လှိုင်းဖွေးဖွေး ဝေးဝေးသို့ ပြေးပြေးသည့်နှယ်
ဟို အငေးကိုကွယ် လွင့်ပြေးကာ သွားစို့ကွယ်

သီချင်းစာသာမှာ ဆိုတာနဲ့ နည်းနည်းကွဲလွဲနေတာတွေ့ရတယ်။ သတ်ပုံမှာလည်း
ဆောင်းတည မှန်တယ်။
ဆောင်းတညဝယ် မှန်တယ်။
တဦးကို တဦးက မှန်တယ်။
လရောင်လင်းတလှည့် မလင်းတလှည့်ဝယ် မှန်တယ်။
တဦးလက်ကို တဦးယှက်လို့ မှန်တယ်။
နှစ်ကိုယ်တည်းလို့ ဖြစ်သင့်တယ်ထင်တယ်။
လျှောက်လို့သာရယ်လို့ ဖြစ်သင့်တယ်ထင်တယ်
အသဲလို့သာ အရင်ကရေးကြတာကို တင်ပြပါတယ်။

နှင်းရည်ဖျန်းသော ဆောင်းတည https://www.facebook.com/100010950458838/videos/549767605398250/

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၈
၂၄-၁-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး