HIV News အမြစ်ပြတ်ကုသနိုင်ပြီသတင်းတွေကို ဆန်းစစ်ခြင်း

မေးလာသူ ၂ ယောက်က HIV ပျောက်ဘို့ နီးစပ်ပြီဆိုတဲ့သတင်းကို မှတ်ချက်ပေးဘို့ ဖြစ်တယ်။ တယောက်ကတော့ HIV ပိုးပျောက်ကင်းအောင် ကုသလာနိုင်ချေ ရှိပါသလားတဲ့။ နောက်တယောက်က မြန်မာလိုရေးတင်ထားတာကို ဆခရင်ရှော့ရိုက်ပို့တယ်။

၁၉-၁-၂ဝ၁၇ နေ့မှာ ထွက်တဲ့သတင်းကို ကိုးကားမေးလာကြတာဖြစ်ပါတယ်။ ၂၅-၁-၂ဝ၁၆ ကလည်းထွက်တယ်။ ဆေးအသစ်က အင်တီဘော်ဒီခေါ် ခုခံအားကိုသုံးတယ်။ စမ်းသပ်မှုတွေအရ အားရစရာ ကောင်းတယ်။ ၉-၁၁-၂ဝ၁၆ မှာ ထပ်ထွက်တယ်။ HIV antibody (bNAb) VRC01 အင်တီဘော်ဒီလို့ခေါ်တယ်။ နောက်နံပတ်တွေနဲ့ အမည်လည်း ပေးထားတယ်။ ဆေးသုတေသနအဆင့်သာ ရှိပါသေးတယ်။ အလားအလာ ကောင်းနေတယ်။

တတိယတယောက်ကတော့ ကျန်းမာရေးဝန်ထမ်းတယောက်ပါ လက်ရှိတာဝန်ကတော့ PHS ပါခင်ဗျာ့။ RT ဆေးကို တနှစ်ကျော်ကျော်လောက် ပုံမှန်သောက်သွားမယ်ဆိုရင် ဆေးအာနိသင်ကြောင့် undetectable voural load ဆိုတဲ့ အခြေအနေကို ရောက်ရှိသွားပါသတဲ့ အဲဒီအခြေအနေကိုရောက်ရှိသွားရင် သုတ်နဲ့ သွေးထဲမှာတောင် HIV ပိုးကို ရှာမတွေ့နိုင်လောက်တဲ့အထိ ဖြစ်သွားပြီး ကွန်ဒုံးကိုတောင် လွှတ်လို့ရပါတယ်လို့ ဖတ်ခဲ့ရပါတယ် ဆရာ။ HIV ကို သတ်နိုင်တဲ့ဆေးမရှိသေးဘူးလို့လည်း သိထားပါတယ်။ ဒါပေမဲ့ သုတ်နဲ့သွေးမှာ ရှာမတွေ့ဘူးဆိုတဲ့အခါ ကျွန်တော်စဉ်းစားမရဖြစ်ရပါတယ်ဆရာ။ ကျွန်တော်နဲ့ရွယ်တူဝန်ထမ်းအချင်းချင်းလည်း အငြင်းပွားနေရပါတယ်ဆရာ။ ဒါကြောင့် ကျွန်တော်သိနေတဲ့ အရာက မှားနေသလား မှန်နေသလား ဝေဖန်ဆုံးဖြတ်ပေးစေလိုပါတယ်ဆရာ။

အဲလို HIV ပျောက်ပြီဆိုတဲ့သတင်းတွေကို မြန်မာ့မီဒီယာမှာတွေလို့ မေးကြပါတယ်။ ကျွန်တော်က ရောဂါပေါင်းစုံနဲ့ နောက်ဆုံးရဆေးပညာသတင်းတွေ မပြတ်တင်ပါတယ်။ သတင်းတွေ မမှန်ပါ။

1. ၈-၅-၂ဝ၁၅ Scientists study Sacramento woman who can spontaneously cure HIV https://doctortintswe.blogspot.com/2015/05/scientists-study-sacramento-woman-who.html

2. ၈-၁-၂ဝ၁၆ HIV Breakthrough စပိန်မှာ HIV ပျောက်သူတယောက်တွေ့ https://doctortintswe.blogspot.com/2016/01/hiv-breakthrough-hiv.html

3. ၁၂-၃-၂ဝ၁၆ HIV cure news အတည်မပြုနိုင်တဲ့ HIV ပျောက်ဆေး https://doctortintswe.blogspot.com/2016/03/hiv-cure-news-hiv.html

4. ၁၄-၃-၂ဝ၁၆ HIV cure news (2) ပျောက်အောင်ကုနည်းသတင်း https://doctortintswe.blogspot.com/2016/03/hiv-cure-news-2.html

5. ၁၃-၁ဝ-၂ဝ၁၆ HIV cure news ပျောက်ကင်းသတင်းများ https://doctortintswe.blogspot.com/2016/10/hiv-cure-news.html

6. ၁၇-၁ဝ-၂ဝ၁၆ HIV ရောဂါအား အမြစ်ပြတ်ကုသနိုင်ပြီသတင်းက မှန်ပါသလား https://doctortintswe.blogspot.com/2016/10/hiv_17.html

၁၃-၁ဝ-၂ဝ၁၆ နေ့ကရေးခဲ့တဲ့  HIV cure news ပျောက်ကင်းသတင်း
၁။ The Berlin patient ဘာလင်လူနာ
၂။ Mississippi girl မစ်ဆစ္စပိကလေးမ
၃။ Barcelona ဘာစီလိုနာသတင်း

HIV ပျောက်တဲ့ ပဌမဆုံးလူသားသတင်းဟာ ၁၉၉၈ မှ ထွက်ခဲ့တယ်။ သူ့ကိုစမ်းသပ်ဆဲကုသမှု didanosine, indinavir နဲ့ hydroxyurea ဆေးအတွဲကို ပေးတာပါ။ အဲသည်တုံးကတော့ လူနာမည်ဖေါ်ပြခဲ့ခြင်းမရှိပါ။ ဒါပေမဲ့ တကယ် မပျောက်ပါ။ သူ့သွေးထဲမှာ HIV ပိုးအရေအတွက်နည်းနေရခြင်းဟာ HLA B*57 allele ကြောင့်ဖြစ်တာလို့ သိလာရပါတယ်။ ဆေးပေးလို့ပျောက်နေတာ မဟုတ်ပါ။

The Berlin patient ဘာလင်လူနာလို့ တင်စားခေါ်ပါတယ်။ သူက ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့က Timothy Ray Brown (တင်မိုသီ ဘရောင်း) ဖြစ်ပါတယ်။ မူလက အမေရိကား၊ ဆီယာတဲလ်ကပါ။ ၁၉၉၅ ကတည်းက HIV ပိုးရှိနေတာသိလို့ ART ဆေးပေးနေခဲ့တယ်။ ၂ဝဝ၆ မှာ acute myeloid leukemia လူကီးမီးယားရောဂါ ရလာပြန်ပါတယ်။ Hematopoietic stem cell transplant ကုသနည်းလုပ်ပေးပါတယ်။ ART ဆေး ပေးနေတာကို ရပ်လိုက်ပါတယ်။ ၃ လ နေတော့ HIV ပိုး အရေအတွက်ဟာ စမ်းမရအောင်ကျပြီး၊ CD4 T cells တွေလဲ တက်လာတယ်။ ၂ဝ၁၂ အထိ သူဟာ ရောဂါပျောက်ကင်းသူအဖြစ် ဆက်လဲရှိနေတယ်။

၂၅-၉-၂ဝ၁၄ နေ့ကလာတဲ့သတင်းမှာလည်း (တင်မိုသီ) မှာရောဂါပျောက်ကင်းဆဲဖြစ်တယ်။ HIV ပိုးတွေနဲ့ ၁၁ နှစ်ကြာ နေခဲ့ပြီးမှ ပျောက်တာဖြစ်ပါတယ်။ ဘာလို့ပျောက်သလဲဆိုတာမှာ အချက် ၃ ချက်တွေ့ရပါတယ်။ (၁) လူကီးမီးယားအတွက် ရိုးတွင်းခြင်ဆီအစားမထိုမီမှာ ခီမိုသာရာပီ + ဓါတ်ကင်ပေးတော့ ခုခံအားစနစ်ပျက်စီးတယ်။ ရိုးတွင်းခြင်ဆီလှူတဲ့သူမှာ မျိုးဗီဇမှာ ထူးခြားတဲ့ မြူတေးရှင်းဖြစ်နိုင်နေတာလဲတွေ့ရှိရတယ်။ တတိယအချက်က ခုခံအားစနစ်သစ်ကနေ ကျန်နေသေးတဲ့ပိုးတွေကို အနိုင်ယူတာလို့ယူဆရတယ်။

၁၁-၇-၂ဝ၁၄ နေ့ကရေးထားခဲ့တဲ့သတင်းကတော့ HIV re-emerges in cured Mississippi girl မစ်ဆစ္စပိကလေးမ HIV ပြန်ပေါ်လာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ (မစ်ဆစ္စပိ) က အသက် ၄ နှစ်အရွယ် ကလေးမလေးမှာ အရင်က HIV ကင်းပျောက်နေပြီလို့ သတ်မှတ်ခဲ့တာ အခုစစ်ဆေးတော့ မပျောက်သေးတာတွေ့လာရတယ်။ ကလေးမလေးကို ပိုးမရှိတော့ဘူးဆိုပြီး ဆေးမပေးဘဲထားခဲ့တာ ၂ နှစ်နီးပါးကြာပါပြီ။ သူ့ကို ချစ်နိုးနဲ့ Mississippi baby မစ်ဆစ္စပိကလေးမလို့ ခေါ်ခဲ့ပါသေးတယ်။ ကလေးမကို အသက် ၁၈ လအထိ ဆေးပေးခဲ့ပြီး ဘယ်နေရာရောက်သွားမှန်း မသိလို့ ဆေးမပေးနိုင်တော့ပါ။ ၁ဝ လကြာတော့မှ သူ့အမေကဆေးဆက်ကုမပေးပေမဲ့ ကလေးမမှာ HIV ပိုးမတွေ့တော့လို့ အားလုံးက အံ့သြခဲ့ရတယ်။ ဒီသတင်းထူးကို ကျွန်တော့ ဘလော့ခ်မှာလဲ တင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့အပါတ်မှာ ဆေးပြန်စစ်တော့ ပိုးပြန်တွေနေရတယ်။ ပိုးတွေက ဘာလို့ပြန်ပြီး ခေါင်းထောင်လာယ်ဆိုတာကို ဆရာဝန်တွေက မပြောနိုင်သေးပါ။ ဒုတိယကလေးကိုတော့ ၂ဝ၁၃ ဧပြီလထဲတုံးက လော့စ်အင်းဂျဲလိစ်မှာ မွေးကတည်းကနေ ဆေးပေးထားတယ်။ အခုလဲ ပေးနေပါတယ်။ လူကြီးထဲကတယောက်တော့ ပျောက်တဲ့သတင်းရှိထားပါတယ်။

၁၄-၃-၂ဝ၁၆ နေ့ကရေးခဲ့တဲ့ HIV cure news (2) ပျောက်အောင်ကုနည်းသတင်း

HIV cure news အတည်မပြုနိုင်တဲ့ HIV ပျောက်ဆေးကို ရေးထားပါတယ်။ ဘာစီလိုနာ (စပိန်) မှာ HIV လူနာ တယောက်ကို ဗီဇအရ HIV ခံနိုင်ရည်ရှိသူရဲ့ ချက်ကြိုးကသွေးကို ထုတ်ယူပြီး သွင်းပေးတယ်။ ပျောက်တယ်လို့ ဆိုတယ်။ ဒါပေမယ့် လူနာက ကင်ဆာနဲ့ဆုံးသွားတယ်။ ဆေးကုနည်းတခုအဖြစ်လက်ခံကြတယ်။ နောက်သတင်းတခုမှာ မြွေဆိပ်ကနေထုတ်တဲ့ဆေးနဲ့ HIV ကုတယ်လို့ဆိုတယ်။ အဲဒီသတင်း ၂ ပုဒ်လုံးရဲ့ဝက်ဆိုက်တွေမှာ ဗိုင်းရပ်စ်ပါလို့ ကျွန်တော့်ကွန်ပြူတာ (အင်တီဗိုင်းရပ်စ်) စနစ်ကနေ လက်မခံပါ။

မေးတဲ့သူပြောသလို သွေးအသစ်လဲတာနဲ့တော့ ခုခံအားပြန်မရစေနိုင်ပါ။ သွေးထဲမှာ သွေးနီဥ + သွေးဖြူဥ + သွေးမှုံ နဲ့ (ပလာစမာ) ခေါ် အရည်ရယ်လို့ပါတယ်။ အဲတာတွေအားလုံးမှာ သက်တမ်းတွေရှိတယ်။ ဥပမာ သွေးနီဥဟာ ရက်ပေါင်း ၁ဝဝ ကနေ ၁၂ဝ အထိသာရှင်တယ်။ အသစ်တွေအစာထိုးဝင်လာတယ်။ သွေးဖြူဥတွေက ၁၃ ရက်ကနေ ၂ဝ ရက်သာရှင်နေနိုင်တယ်။ သွေးမှုတွေက ၈-၉ ရက်သာရှိတယ်။

ခုခံအားဆိုတာ HIV/AIDS ဆိုရင် CD4 (cluster of differentiation 4) နဲ့တွဲမှတ်ကြရတယ်။ သူ့က Glycoprotein ဖြစ်တယ်။ ခုခံအားဆဲလ်ခေါ်တဲ့ T cells (T helper cells) တွေရဲ့မျက်နှာပြင်မှာရှိတယ်။ monocytes, macrophages နဲ့ dendritic cells တွေမှာလည်းရှိတယ်။ HIV infection ပိုးဝင်ခံရရင် CD4 ကိုအသုံးချပြီး T-cells ထဲကိုဝင်လာတယ်။ ကြာတော့ T cells တွေရော CD4 တွေပါ နည်းနည်းလာတယ်။ CD4 count အရေအတွက်ကို တိုင်တာစရာတခုအနေနဲ့ သတ်မှတ်ထားတယ်။ ပုံမှန်သွေးထဲမှာ CD4 cells အရေအတွက် 500-1200 cells/mm3 ရှိတယ်။ အဲတာကြောင့် လူတယောက်မှာ ခုခံအားဆိုတာ သွေးဟောင်း သွေးသစ်က အရေးမပါပါ။ CD4 အရေအတွက်သာ အရေးပါတယ်။

၈-၁-၂ဝ၁၆ နေ့ကရေးခဲ့တဲ့ HIV Breakthrough စပိန်မှာ HIV ပျောက်သူတယောက်တွေ့

တောင်အာဖရိကသတင်းစာမှာ ၃၁-၈-၂ဝ၁၅ နေ့ကရေးလိုက်တဲ့သတင်းဖြစ်ပါတယ်။ ကျွန်တော် ၁၇-၁-၂ဝ၁၅ နေ့ကလည်း Berlin patient ခုအချိန်ထိ HIV ပျောက်ကင်းနေသူ (သို့) ဘာလင်လူနာကို ရေးခဲ့ပါတယ်။ စပိန်ဆရာဝန်တွေက HIV ကို မျိုးဗီဇအရခံနိုင်ရည်ရှိသူရဲ့ ချက်ကြိုးသွေးကနေ သွေးအစားထိုးကုသပေးရင် ရောဂါပျောက်မယ်လို့ ယူဆကြပါတယ်။ အဲဒီယူဆချက်အရ လူတယောက်ကိုပျောက်အောင်လုပ်နိုင်ပါပြီ။ လူနာက အသက် ၃၇ နှစ်အရွယ် ဘာစီလိုနာက ဖြစ်ပါတယ်။ သူဟာ ၂ဝဝ၉ ကလည်းက ကူးစက်ခံထားရတယ်။ ကံဆိုးတာက အဲဒီလူနာ (လက်ဖိုးမား) ခေါ် တက်စေ့ကင်ဆာနဲ့ နောက် ၃ နှစ်မှာသေသွားတယ်။

ဘာလင်လူနာလို့ခေါ်တဲ့ (တင်မော်သီ ဘရောင်း) ကလည်း ဆေးကုသနည်းသစ်မလုပ်ခင်မှာ (လူကီးမီးယား) သွေးကင်ဆာ ဖြစ်ခဲ့တယ်။ သူ့တုံးက HIV ကို မျိုးဗီဇအရ ခံနိုင်ရည်ရှိသူဆီကနေ ရိုးတွင်ခြင်ဆီအစားထိုးတယ်။ HIV ပိုးပါ ပျောက်သွားတယ်။ အဲလိုဖြစ်တာကို ဆေးပညာအရ CCR5 Delta 35 mutation affects သက်ရောက်မှုလို့ခေါ်တယ်။ သွေးဖြူဥထဲက (ပရိုတင်း) တခုဖြစ်တယ်။

စပိန်ဆရာဝန်တွေက အခု (ဘာစီလိုနာ လူနာ) အတွက် ရိုးတွင်းခြင်ဆီအဆင်သင့်တာရှာမရလို့ (ခီမိုသာရာပီ) နဲ့ (အော်တို ထရန်စပလန့်) နည်းကိုလုပ်ပေးရတယ်။ (အော်တို ထရန်စပလန့်) မလုပ်ခင်မှာ လူနာရဲ့သွေးဖြူဥတွေကို (ခီမိုသာရာပီ) နဲ့ ဖျက်ဆီးပြစ်လိုက်တယ်။ ပြီးမှာ အစားထိုးပေးတယ်။

(ဘာစီလိုနာ လူနာ) ကို သွေးလှူသူတဦးဆီက (စတမ်ဆဲလ်) ကို ယူသွင်းတယ်။ (အော်တို ထရန်စပလန့်) လုပ်ပြီးနောက် (၁၁) ရက်အကြာမှာ လူနာ နလံထာလာတယ်။ (၃) လနေတော့ HIV ပိုးကိုရှာလို့မတွေ့တော့ပါ။ လူနာ ကင်ဆာနဲ့ ဆုံးပါးသွာတာ ကံမကောင်းလှမေယ့် ဆေးကုသနည်းကိုရလိုက်ပါတယ်။ Spain’s National Transplant Organization ကလည်းထောက်ခံချက်ပေးတယ်။

၁၂-၃-၂ဝ၁၆ နေ့ကရေးခဲ့တဲ့ HIV cure news အတည်မပြုနိုင်တဲ့ HIV ပျောက်ဆေးသတင်းအတု

HIV ကို ဗီဇအရ ခံနိုင်ရည် ရှိနေသူရဲ့ ချက်ကြိုးကသွေးကို ထုတ်ယူပြီး သွင်းပေးနည်းဖြစ်တယ်။ လူနာကတော့ ကင်ဆာရောဂါနဲ့ သေဆုံးသွားတယ်။ နည်းသစ်တခုအဖြစ်တော့ ဆရာဝန်တွေက အသိအမှတ်ပြုထားတယ်လို့ သတင်းမှာရေးထားတယ်။ နောက် မြွေဆိပ်ကနေ HIV ပျောက်အောင်ကုသနည်းဆိုတာ တခုလည်း လွန်ခဲ့တဲ့ ၂ ရက်ကထွက်တယ်။ ဒါပေမယ့် စောစောက ဘာဆီလိုနာက သတင်းရော အဲဒီမြွေဆိပ်ဆေးသတင်းရော ဝဘ်ဆိုဒ် နှစ်ခုလုံးမှာ ဗိုင်းရပ်စ်ပါလို့ ကွန်တော့် ကွန်ပြူတာ (အင်တီဗိုင်းရပ်စ်) စနစ်က ပိတ်ပိတ်ပြစ်တယ်။ အဲတော့ ဒီ HIV ပျောက်စေသတင်းတွေက မခိုင်မာဘူးလို့ ယူဆပါတယ်။

၉-၁-၂ဝ၁၃ နေ့ကလည်း နိုက်ဂျီးရီးယားတက္ကသိုလ် ပါမောက္ခတဦးကဆေးတွေ့ပြီဆိုတဲ့သတင်းလည်းထွက်သေးတယ်။ သတင်းထဲမှာကို ဝေဖန်တာပါလို့ အဲတာကိုလည်း အတည်မပြုနိုင်ပါ။

၈-၅-၂ဝ၁၅ နေ့ကလည်း သတင်းထွက်တာရှိတယ်။ အမေရိကန်ပြည်ထောင်စု (ကယ်လီဖိုးနီးယား) မှာရှိတဲ့ (ဆာခရာမန်တို) မြို့က အမျိုးသမီးတယောက်ကနေ HIV ကို အလိုအလျှောက် ပျောက်စေနိုင်တယ်လို့ပြောတာကို ဆရာဝန်တွေက စမ်းသပ်နေကြတယ်လို့ ၈-၅-၂ဝ၁၅ နေ့ထုတ် (ဒေလီမေးလ်) မှာရေးသားထားပါတယ်။ အမျိုးသမီးကတော့ အဲဒီသော့ချက်ကိုသူကကိုင်ထားတယ်လို့ ဆိုပါတယ်။

Loreen (လောရင်း) ခေါ်တဲ့ အဲဒီအမျိုးသမီးဟာ ဆေးသုတေသန (၁၃) ခုမှာပါခဲ့ပြီးဖြစ်ပါတယ်။ HIV ကုသနိုင်တယ်ဆိုရင် ကျမဟာ ဘဝကောင်းတခုရခဲ့တာပါလို့ ဆိုနိုင်ပါတယ်လို့ပြောပါတယ်။ သူ့ဆရာဝန် ဒေါက်တာ (ရစ်ချတ် ပိုးလတ်) သူတို့ကိုယ်ခန္ဓာတွေမှာ ဗိုင်းရပ်စ်ကို တုန့်ပြန်ဘို့ရာ ထိရောက်တဲ့နည်းလမ်းရှိနေကြတယ်။ ပိုးရှိနေတာတောင် အစမ်းရခက်တယ်လို့ပြောပါတယ်။

၁၇-၁ဝ-၂ဝ၁၆ နေ့ကလည်းရေးခဲ့ပါတယ်။ အဲတာလည်း Myanmar Digital Life Journal မြန်မာပြည်မှာရေးတဲ့သတင်း ဖြစ်တယ်။ ရေးထားတာ ဗြိတိန် သိပ္ပံပညာရှင်များက HIV ရောဂါအား ကုသနိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပညာရှင်များက လူနာ ၅၀ အား မကြာခင်က စမ်းသပ်ကုသခဲ့ပါတယ်။ အဲဒီအထဲမှ အသက် ၄၄ နှစ်အရွယ် ဗြိတိန်လူမျိုး တဦးရဲ့ သွေးထဲမှ HIV ပိုးအားလုံးကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ ဒါဟာ HIV ကို လုံးဝ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ပထမဆုံးအောင်မြင်မှု ဖြစ်ပါတယ်လို့ ဗြိတိန် ကျန်းမာရေးသုတေသန ဌာနမှ Mark Samuels က ပြောပါတယ်။ အရင်ကတော့ HIV ရဲ့ ဆိုးကျိုးများကို ထိန်းချုပ်နိုင်တဲ့ ကုသနည်းများကို တွေ့ရှိခဲ့ကြပေမယ့် အခုနည်းလမ်းလိုတော့ အမြစ်ပြတ် ကုသနိုင်ခဲ့တာ မဟုတ်ပါဘူး။ ပညာရှင်များက အခု ကုသနည်းဖြင့် အခြား လူနာများအား ပျောက်ကင်းအောင် ကုသနိုင်ဖို့ ဆက်လက် သုတေသနပြုကြမှာ ဖြစ်ပါတယ်။ ကမ္ဘာမှာ HIV ဝေဒနာရှင် ၃၆.၇ သန်းရှိတယ်လို့ အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး စင်တာရဲ့ စာရင်းများအရ သိရပါတယ်။

အဲဒီရေးသားချက်ကို မမှန်ပါ။
၁၂-၁ဝ-၂ဝ၁၆ နေ့ကနောက်ဆုံးသတင်းက မပျောက်နိုင်သေးပါတဲ့။

၁၆-၁ဝ-၂ဝ၁၆ နေ့ကသတင်းမှာလည်း ပျောက်ဖို့အလားအလာရှိတယ်ဆိုတာ ရှုတ်ထွေးမှုကို ရှင်းလင်းချက်ထုတ်။ ပြောဘို့ စောလွန်းပါသေးတယ်။

အချုပ်ပြောပါမယ်။ HIV ကိုပျောက်အောင်ကုသနိုင်ပြီဆိုတဲ့သတင်းအားလုံး မမှန်ပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး