Posts

Showing posts from April, 2015

Well done (2) သာဓုခေါ်ခြင်း (၂)

Image
သာဓုပါလို့ စာထဲမှာတခါမှ မသုံးပါ။ တရားနာရေစက်ချချိန်မှာတော့ ပီပီသသခေါ်ပါတယ်။ သာဓုဆိုတာ ပါဠိစကား ဖြစ်တယ်။ မြန်မာလို (ကောင်းလေစွ) လို့ အဓိပ္ပါယ်ရတယ်။ သာဓုခေါ်တယ်ဆိုတာ ကောင်းတာလုပ်တာ၊ ကောင်းမှုပြုတာကို အသိအမှတ်ပြုတယ်။ ချီးကျူးရာလည်းရောက်တယ်။ အတွေ့အကြုံလေးတခု ရေးပါရစေ။ အိန္ဒိယမှာနေစဉ်က အမျိုးသားညွန့်ပေါင်းအစိုးရရုံးကို တာဝန်ယူခဲ့ရတယ်။ ၂ဝဝ၇ မှာ သံဃာတော်တွေက ဆန္ဒပြကြတဲ့ အချိန်တွေမှာ ဒေလီအခြေစိုက်အဖွဲ့တွေကို စည်းရုံးခဲ့ပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေကိုဖိတ်ပြီး လက်တွဲဆောင်ရွက်ဖို့ ပြောရတယ်။ မြန်မာဒုက္ခသည်တွေထဲမှာ ၉ဝ% က ခရစ်ယန်ဘာသာဝင်တွေဖြစ်ပြီး အဲဒီအချိန်က မြန်မာခရစ်ယန်အသင်း (၁ဝ) ခု လောက်ရှိတယ်။ အသင်းတော်တွေကိုလည်း NCGUB ရုံးမှာဖိတ်ပြီး ဆုတောင်းပွဲလုပ်ပေးကြဘို့ရာ မေတ္တာရပ်ခံပါတယ်။ အစည်းအဝေးမှာ အသင်းတော်တခုက တာဝန်ရှိသူကပြောတာဟာ ကျွန်တော့်အဖို့ အတော်ထူးဆန်းနေပါတယ်။ (သာဓု) အသံကြားရရင် သူ့အဖို့တော့ စကားလုံးအတိအကျတော့ မမှတ်မိပါ။ အနှောင့်အယှက်ဖြစ်တာ၊ မနှစ်သက်တာကို ပြောတာတော့ သေချာတယ်။ သာဓုဆိုတာ ဘယ်လိုအဓိပ္ပါယ်ဆောင်တယ်လို့ ပြောတဲ့သူက သိမယ်မထင်ပါ။ ဗုဒ္ခဘာသာရဲ့ အများသုံးဝေါဟာရလို့ပဲ သိမယ်ထင်ပါတယ်။ အင်္ဂ

Do's and Don'ts to Reduce Your Risk of Cancer

Image
ကင်ဆာအန္တရာယ်ကာကွယ်ရေး ၁။ ဆေးလိပ်မသောက်ပါနဲ့။ ၂။ Screening tests ကြိုတင်ဆန်ခါတင်စစ်ဆေးတာတွေလုပ်ပါ။ ၃။ အရက်မသင့်ပါ။ ၄။ အရေပြားကို နေရောင်ကနေကာကွယ်ပါ။ ၅။ လူကတက်ကြွမှုရှိနေပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ ၆။ ကိုယ်အလေးချိန်ထိန်းပါ။ ၇။ သွေးဆုံးချိန်မှာ ဟော်မုန်းအစားထိုးကုသတာမလုပ်ပါနဲ့။ ၈။ ဆရာဝန်ကညွှန်ရင် ကင်ဆာကာကွယ်ဆေး ဥပမာ selective estrogen receptor modulators သောက်ရင် ရင်သားကင်ဆာကို ကာကွယ်ထားနိုင်တယ်လို့ Mayo Clinic ကဆိုပါတယ်။ ၉။ Radiation exposures ဓါတ်ရောင်ခြည်သင့်ရှောင်ရှားပါ။ ionizing radiation ခေါ်တဲ့ gamma rays, high-energy UV rays နဲ့ X-rays တွေဖြစ်တယ်။ ၁ဝ။ အသီးအရွက်နဲ့ အသီးအနှံကလုပ်တဲ့အစာတွေကို ဦးစားပေးစားသုံးပါ။ အထူးသဖြင့် အူမကြီးကင်ဆာကို ကာကွယ်ရာကျတယ်။ ပြုပြင်ထားတဲ့အစားတွေ နည်းပါစေ။ အချိုရည်တွေ နည်းသောက်ပါ။ ဒေါက်တာတင့်ဆွေ ၁-၅-၂ဝ၁၅

Cancer death rate declines worldwide ကင်ဆာကြောင့်သေနှုန်းကျဆင်းလာ

Image
- တကမ္ဘာလုံးမှာ ကင်ဆာရောဂါနဲ့သေဆုံးရတဲ့နှုန်းကျဆင်းလာတယ်လို့ ၃ဝ-၄-၂ဝ၁၅ နေ့ထွက် ဆေးသုတေသန သတင်းက ဆိုပါတယ်။ - ၂ဝဝဝ ကနေ ၂ဝ၁ဝ အတွင်း နိုင်ငံပေါင်း ၆ဝ က သေဆုံးမှုစာရင်းဇယားတွေကိုလေ့လာခဲ့တာပါ။ - လူဦးရေများလာလို့ ကင်ဆာနဲ့သေကြရတဲ့အတွက်ကတော့ များခဲ့တယ်။ လူတွေကအရင်ကထက် အသက်လည်း ပိုရှည်ခဲ့ကြပါသေးတယ်။ - ကင်ဆာနဲ့သေတဲ့နှုန်းကိုတွက်တော့ ၁% နည်းခဲ့ပါတယ်။ - အစာအိမ်ကင်ဆာနဲ့ သေဆုံးသူအရေအတွက်လည်း နည်းခဲ့တယ်။ ယောက်ျားတွေမှာ အဆုပ်ကင်ဆာနဲ့ သေတာလည်း နည်းခဲ့တယ်။ ဖွံ့ဖြိုးတဲ့တိုင်းပြည်တွေမှာ ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာကြောင့် သေရတာလည်း နည်းတယ်။ - ဖွံ့ဖြိုးတဲ့တိုင်းပြည်တွေမှာ ဆေးလိပ်သောက်တာနည်းလာတဲ့အချက်လည်းပါမယ်။ ရောဂါရှာဖွေရေးကို စောစော လုပ်လာနိုင်တာလည်းပါမယ်လို့ နယူးယောက် Mount Sinai ဆေးရုံက ဒေါက်တာ Dana Hashim ကဆိုပါတယ်။ - ဒါပေမယ့် တိုင်ပြည်အားလုံးမှာ အမျိုးသမီးတွေ အဆုပ်ကင်ဆာကြောင့်သေဆုံးရတာက များလာတယ်။ အဲတာက အမျိုးသမီးတွေ ဆေးလိပ်ပိုသောက်ကြလို့ဖြစ်ပါမယ်။ - ရင်သားကင်ဆာနဲ့သေဆုံးတာ မဖွံ့ဖြိုးတဲ့တိုင်းပြည်တွေမှာ ပိုခဲ့တယ်။ - ကောက်ချက်ချလိုက်ရင် ကင်ဆာတွေကြောင့်သေရတာက ချမ်းသာတဲ့တိုင်းပြည်တွေမှာ နည်းလာပေမယ့် မဖွံ

Acne Antibiotics ဝက်ခြံအတွက် ပဋိဇီဝဆေးများ

Image
(၁) ဆရာရှင့် သမီးမျက်နှာရဲ့ နှာခေါင်းဘေးနားမှာ ဝက်ခြံပုန်းလားတော့မသိဘူး အကျိတ်လို အဖုလေးထွက်လာပါတယ်။ ရဲနေပါတယ်။ အရမ်းလည်းနာပါတယ်။ ရုတ်တရက်ကြီးထွက်လာပါတယ်။ ဘာဆေးသောက်သင့်ပါလဲရှင့်။ မေးအောက်မှာရော နှာခေါင်းဘေး ပါးနေရာမှာပါ။ ကျေးဇူးပြု၍ ဖြေကြား ပေးပါရှင့်။ (၂) ဆရာ ကျနော်ဝက်ခြံတွေအရမ်းထွက်နေလို့ပါဆရာ။ ဘာဆေးစားရမလည်းဆရာ။ ဘာအစားစာ ရှောင်သင့်လည်း ဆရာ။ ဝမ်းလည်းအမြဲချုပ်နေတယ်ဆရာ။ Antibiotics ပဋိဇီဝဆေးတွေရဲ့ ဝက်ခြံကိုသက်ရောက်စေနိုင်တဲ့ အစွမ်းတွေထဲမှာ အရေးကြီးဆုံးက (ဗက်တီးးရီးယား) တွေရဲ့ အရေအတွက်ကို သိသိသာသာ လျော့နည်းစေတာ ဖြစ်တယ်။ သွေးဖြူဥကြောင့်ဖြစ်ရတဲ့ နေမထိထိုင်မသာ ဖြစ်တာကိုလဲ နည်းစေနိုင်တယ်။ နောက်ပြီး ဝက်ခြံအရည်ထဲမှာ အဆီကိုလဲ လျော့နည်း စေတာမို့ ရောင်ရမ်းခြင်းဖြစ်စဉ်ကို သက်သာစေတယ်။ ပဋိဇီဝဆေးတွေရဲ့ ဝက်ခြံကိုသက်ရောက်စေနိုင်တဲ့ အစွမ်းတွေထဲမှာ အရေးကြီးဆုံးက (ဗက်တီးးရီးယား) တွေရဲ့ အရေအတွက်ကို သိသိသာသာ လျော့နည်းစေတာ ဖြစ်တယ်။ သွေးဖြူဥကြောင့်ဖြစ်ရတဲ့ နေမထိထိုင်မသာ ဖြစ်တာကိုလဲ နည်းစေနိုင်တယ်။ နောက်ပြီး ဝက်ခြံအရည်ထဲမှာ အဆီကိုလဲ လျော့နည်း စေတာမို့ ရောင်ရမ်းခြင်း ဖြစ်စဉ်ကို သက်သာစေတယ်။ ဘယ် ပဋိဇီဝဆေးမဆို

Acne Scars ဝက်ခြံအမာရွတ်

Image
၁။ မျက်နှာမှာ ဝက်ခြံဖြစ်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေရော ဘယ်လိုအမြန်ဆုံးပျောက်အောင် ကုမလဲဆရာ။ ယိုးဒယား beauty clinic မှာ ဈေးကြီးပေးပြီး scrub သဘောမျိုးပေါ့။ အရေပြားကွာသွားရင် အမာရွတ်ပါ ပါသွားမယ်ဆိုလို့ လုပ်လိုက်တာ ဝက်ခြံညှစ်တံတွေနဲ့ညှစ်တာ အရေပြားကွာပေမဲ့ အမာရွတ်တွေ ပိုကျန်ခဲ့ပါတယ်ဆရာ။ ၂။ ဆရာ ဝက်ခြံပေါက်ပြီးရင် ချိုင့်တွေမကျန်အောင် ဘာလုပ်ရမလဲဆရာ။ ရှိပြီးသားချိုင့်တွေ ပျောက်အောင်ရော ဘာလုပ်ရမလဲ။ ၃။ ကျွန်တော်က အသက်၂ဝ ရှိပါပြီ။ မျက်နှာမှာ အခုတလော အကွက်မည်းတွေထွက်နေပါတယ်။ နားလည်သလောက် အင်တာနက်မှာရှာကြည့်တော့ zits လို့ခေါ်မလား၊ acne scars လို့ခေါ်မလား မသိဘူးခင်ဗျ။ အသားတွေက တဖြည်းဖြည်း အစားခံရသလိုဖြစ်နေလို့ပါ။ တဖြည်းဖြည်းအသားထဲစိမ့်ဝင်လာသလို ဖြစ်နေတာပါ။ ဝက်ခြံလည်းမဟုတ်ပါဘူးခင်ဗျ။ ကြာလာရင် ကျွန်တော့်မျက်နှာကြီး အပေါက်တွေနဲ့ဖြစ်တော့မှာ စိုးလို့ပါ။ ဒါကိုဘယ်လိုများ ကုသရမလဲဆိုတာ သိချင်ပါတယ်။ ဆိမ့်ဝင် နဲ့ ဆိုးလို့ပါ ဆိုတဲ့ ကနေ့ခေတ်လူငယ်တွေ အများကြီးမှားနေကြတဲ့ သတ်ပုံကိုတော့ အမာရွတ်ထင်သလို မကျန်ရစ်စေခြင်တာကို အရင်ရေးပါရစေ။ စ လုံးနဲ့သာရေးရပါတယ်။ စိမ့်ဝင် နဲ့ စိုးလို့။ ဝက်ခြံပေါက်ပြီး နီညိုရောင်အမာရွတ်ကျ

Acne ဝက်ခြံ ရောင်စုံ

Image
သမီးမျက်နှာက သာမန်ဝက်ခြံလေး တစ်ဖုနှစ်ဖုလောက်ပဲပါတယ်ရှင့်။ အခုနောက်ပိုင်း ဝက်ခြံတွေ ပိုပိုထွက်လာပါတယ်ရှင့်။ ဆိုးဝါးတာက သာမန်အဖုလိုမဟုတ်ပဲ အရေပြားအောက်ကနေ မာပြီးနီရဲရောင်နေတာပါပဲ။ ပြီးရင်လည်း တော်ယုံအပြင်ကို မထွက်ပဲ အကြာကြီးဖြစ်နေပါတယ်။ နောက်ကြတော့ အရမ်းယောင်ပြီး ပြည်ပေါက်ထွက်ပါတယ်။ ဆိုးတာက အဲ့နေရာက မဲမဲကြီးနဲ့ ချိုင့်တွေဖြစ်ကျန်ခဲ့တာပါပဲ။ နောက်ပြီးအဖုတွေက ပါးနှစ်ဘက်မှာ အဲ့လို ပြင်လိုက်နီပြီးမာနေတာတွေ ထပ်ဖြစ်လာပါတယ်။ သမီးအရေပြားကပါးပြီး အဆီပြန်တယ်။ ချွေးပေါက်ကျယ်ပါတယ်။ ဆေးတွေလိမ်းတာလည်း အစုံဖြစ်နေပါပြီ။ မသက်သာပဲ ထပ်ခါထပ်ခါ အဖုတွေက ပါးနှစ်ဖက်မှာပေါက်နေပါတယ်။ အရင်တုန်းက ဘာမှမရှိတဲ့မျက်နှာက အခု ၃လအတွင်း လုံးဝကို ပြောင်းလဲသွားပါတယ်။ အမာရွတ်တွေ ချိုင့်တွေနဲ့ဖြစ်ကုန်ပါပြီ။ ဝက်ခြံပေါက်သက်သာမလားဆိုပြီး အိမ်မှာရေနွေးငွေ့နဲ့ ပေါင်းကြည့်တာ ၃ ခါလောက်လုပ်ဖူးပါတယ်။ ချွေးပေါက်တွေ ပိုပြီးကျယ်လာပြီး အဲ့အထဲတွေပါ ဝက်ခြံတွေက လိုက်ဖြစ်ကုန်ပါတယ်။ ဆရာဝန်က အဲ့ဆေးတွေပေးပါတယ်။ မသက်ပါဘူးဆရာ။ အဲ့လိုမျိုးဖြစ်နေတာပါ။ အသက်က ၂၈ ပါဆရာ။ အိမ်ထောင်မရှိပါဘူး။ အခုလိုဖြစ်တာ ၃ လ အတွင်းပဲရှိပါသေးတယ်ဆရာ။ ရာသီကတော့ တစ်လတစ်ခါပ

Image reading အရိပ်ပြရင် အကောင်ထင်စေချင်

Image
လွန်ခဲ့တဲ့ ၂ နှစ်က ကနေ့တင်လိုက်တဲ့ (ပို့စ်) ၂ ခုမှာ မှတ်ချက်ရေးသူတချို့က ကျွန်တော်ပေးချင်ချင်တဲ့ (မက်ဆေ့ခ်ျ) ကို မငုံမိကြပါ။ ရန်ကုန်မြို့ပတ်ရထားနဲ့ ပုဂံ။ မြို့ပတ်ရထားပုံအောက်မှာ အဲလိုဟာတွေထက် ကောင်းတာတွေရှိနေပြီလို့ ရေးတာတွေ့တယ်။ ပုဂံကိုကြတော့ ရှုခင်းကောင်းတာ၊ လှတာ၊ လွမ်းစရာကိုရေးတယ်။ နှစ်ခုလုံးမှာ ကျွန်တော် ဆိုလိုချင်တာက အဲတာတွေမဟုတ်ပါ။ ကျွန်တော်တို့နိုင်ငံထဲက တကယ့်အရှိကို သူများတွေကကြည့်သွားတာကို ပြချင်တယ်။ အရှိဆိုတာ အဟောင်းလည်းအရှိပဲ အသစ်လည်းအရှိပဲ။ ရှိခဲ့တာနဲ့ ရှိနေတာ။ သူများတွေက အပေါ်ယံလေးကြည့်ပေမယ့် ကျွန်တော်တို့က သမိုင်းအထိကြည့်ရပါမယ်။ နေပြည်တော်က ဆယ်လမ်းသွားလမ်းမကြီးတွေပေါ်က အက်စ်ယူဗွီနဲ့ လူတွေသာ မြန်မာပြည်သားမဟုတ်ပါ၊ ရန်ကုန်မြို့ပတ်ရထားပေါ်က ခေါင်းရွက်သည်လည်း မြန်မာနိုင်ငံသူပါလို့ ပြောချင်တာ။ ဘုန်းတန်ခိုးကြီးတဲ့ဘုရင်သာ တို့ဘုရင်လို့ ထင်မနေကြပါနဲ့ နရသီဟပတေ့လည်း ရာဇဝင်ထဲကဘုရင်ပါပဲလို့ ပြောချင်တာ။ နရသီဟပတေ့ဟာ လေးမည်ရမင်းဖြစ်ပါတယ်။ နရသီဟပတေ့၊ တရုတ်ပြေးမင်း၊ မင်းခွေးချေး၊ သားမြွှာဘ။ သူဟာ ၁၂၅၄ ကနေ ၁၂၈၇ အထိ ၃၃ နှစ်ကြာနန်းစံခဲတဲ့မင်းလည်းဖြစ်တယ်။ နန်းသက်ရှည်တိုင်းလည်း မင်းကောင်းမဟုတ်

Men are narrowing the gap on women

- ယောက်ျားတွေလည်း အသက်ရှည်လာကြလို့ မိန်းမတွေနဲ့သိပ်မကွာကြတော့ဘူးလို့ ၃ဝ-၄-၂ဝ၁၅ နေ့ ဆေးသုတေသန သတင်းတခုက ဆိုပါတယ်။ - ခန့်မှန်းချက်အရဆိုရင် ဗြိတိန်မှာ ၂ဝ၃ဝ ရောက်ရင် ယောက်ျားတွေအသက်ဟာ ပျမ်းမျှ ၈၅့၇ နှစ်အထိရှိလာနိုင်ပါတယ်။ ဒါဟာ မိန်းမတွေအသက်ရှည်တာထက် နှစ်နည်းနည်းသာလိုပါတယ်။ - ၁၉၈၁ တုံးက ယောက်ျားတွေဟာ မိန်းမတွေထက် ပျမ်းမျှ ၆ နှစ်အသက်တိုကြပါတယ်။ - မိန်းမတွေရော ယောက်ျားတွေပါ အရင်ကထက် အသက်ပိုရှည်ရှည်နေလာနိုင်ကြပါပြီ။ - လန်ဒန်က Imperial College အင်ပီရီရယ်ကောလိပ်က ဆရာဝန်တွေကပြောလိုက်တာဖြစ်ပါတယ်။ - (ONS) အမျိုးသား စာရင်းအင်းဌာနက ခန့်မှန်းထားတာထက် အမျိုးသားတွေက ၂့၎ နှစ်ပိုရှည်မယ်၊ အမျိုးသမီးတွေက ၁ နှစ်ပိုပါမယ်။ - အသက်ရှည်ပြီး လူကနေသာထိုင်သာရှိဘို့လည်း အရင်ကထက်ပိုကောင်းလာတယ်။ - (အသက်ရှည်ခြင်း + နေသာထိုင်သာရှိမှု + စိတ်ချမ်းသာမှု) အင်္ဂါရပ်တွေပြည့်စုံမှသာ နေပျော်တယ်လို့ဆိုနိုင်ပါတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၄-၂ဝ၁၅ http://www.bbc.com/news/health-32512343

US will not fund research for modifying embryo DNA

- သန္ဓေသားရဲ့မျိုးဗီဇ DNA ကို ပြုပြင်ခြင်းသုတေသနကို ယူအက်စ်က ငွေပေးမှာမဟုတ်လို့ ၃ဝ-၄-၂ဝ၁၅ နေ့စွဲနဲ့ ထွက်လာတဲ့ ဆေးပညာသတင်းက ဆိုပါတယ်။ - ဒီလိုလုပ်ြခင်းဟာ မဖြတ်ရလို့ တားတဲ့မျဉ်းကို ဖြတ်ရာကြမယ်လို့ အမျိုးသားကျန်းမာရေးဒါရိုက်တာ Dr Francis Collins ဒေါက်တာ (ဖရန့်စစ် ကိုလင်းစ်) က ဆိုပါတယ်။ - နည်းနာကို Crispr technology နည်းပညာလို့ခေါ်ပါတယ်။ DNA ကို လိုသလိုမွမ်းမံတဲ့နည်းသစ်ဖြစ်ပါတယ်။ - ပြီးခဲ့တဲ့အပတ်က တရုပ်ပြည် Sun Yat-sen ဆွန်ယက်ဆင် တက္ကသိုလ်မှာ ဒီနည်းကိုသုံးပြီး ဘီတာ သာလာဆီးမီးယား သွေးကင်ဆာရောဂါပါ DNA ကိုပြုပြင်ပေးမှုလုပ်ခဲ့ပါတယ်။ ၈၆ ကြိမ်လုပ်တာမှာ ၇ ကြိမ်အောင်မြင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ပစ်မှတ်လွဲတဲ့ မျိုးဗီဇပြောင်းတာတွေလည်းရှိပါတယ်။ စမ်းသပ်တဲ့ သန္ဓေသားတွေက မရှင်နိုင်တာတွေ ဖြစ်ပါတယ်။ - ကြီးမားပြီး အရေအတွက်မှန်းမရနိုင်လောက်တဲ့ လုံခြုံရေးစဉ်းစာချက်အရလို့ အမေရိကန် သုတေသနပညာရှင်က ပြောလိုက်ပါတယ်။ - (ကလုန်း) ဆေးပညာရှင် Dr Tony Perry ဒေါက်တာ (တိုနီ ပါရီ) ဒီဇိုင်းဖေါ်ထားတဲ့ကလေးတွေဆိုတာ HG Wells (အိတ်ခ်ျဂျီဝဲလ်) ပိုက်နက်ထဲမှာမရှိတော့ပါဘူးလို့ ဆိုလိုက်ပါတယ်။ (အိတ်ခ်ျဂျီဝဲလ်) ဆိုတာ ဗြိတိသျှ ဆေးသိပ္ပံ စာရေးဆ

Kings of Burma မြန်မာဘုရင်များ

Image
- Hsann Oo အခြေခံပညာ မူလတန်းကျောင်း (ခွဲ)၊ ကောင်းဆင့်ကျေးရွာ၊ ယင်းမာပင်မြို့နယ် - Phyo Wai ပုလဲ အထက၊ ဗိုလ်သာကြည်ဆောင်လေးကတော့ အတော်လေးဟောင်းနေပြီ - Sein Win ဟောဒီကျောင်းလေး ကြံ့ခိုင်ရေးမကောင်းတဲ့အကြောင်း ကျွန်တော်က ဟောင်းနွမ်းယိုင်နဲ့နေတဲ့ပုံမျိုး၊ ဆင်းရဲနွမ်းပါးတဲ့ပုံမျိုး တင်မိရင် တချို့က အဲလောက်မဆိုးပါဘူး၊ သူများတိုင်းပြည်တွေနဲ့တော့ မယှဉ်ပါနဲ့၊ တိုးတက်လာပါပြီနဲ့ ရေးလာကြတယ်။ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားတို့ကိုပဲ မြန်မာဘုရင်တွေလို့ထင်နေကြတယ်။ တရုပ်ပြေးမင်း၊ အနောက်ဖက်လွန်မင်းနဲ့ ကုလားကျမင်းတို့လည်း မြန်မာနိုင်ငံကဘုရင်တွေပါပဲ။ ဒေါက်တာတင့်ဆွေ ၃ဝ-၄-၂ဝ၁၅

Burma: An Enchanted Spirit ဗမာပြည် (သို့) သီဆိုမြည်တမ်းနေတဲ့ ဝိဉာဉ်တွေ

Image
ဓါတ်ပုံစာအုပ်ထုတ်သူဟာ ဓါတ်ပုံပညာနဲ့ အနုပညာသမားဖြစ်တယ်လို့ မိတ်ဆက်ထားတယ်။ David Heath (ဒေးဗစ် ဟဲ့သ်) လက်ရာပါ။ (ဟဲ့သ်) ဆိုတာနဲ့ စိတ်ဝင်စားလို့ ဖတ်ရာကနေတွေ့မိတာပါ။ ခင်ဗျားတို့မှာလည်း ဓါတ်ပုံ ကောင်းကောင်းတွေ ရှိမှာပါပဲ။ ကျွန်တော့်ပုံတွေက ပိုပြီးတောက်ပ၊ လှပကြတယ်လို့ ကြော်ငြာထားတယ်။ အမှာစာရေးသူတဦးက ဒုက္ခတွေရောက်ခဲ့တဲ့နိုင်ငံက အမာရွတ်တွေကိုပြချင်တာလို့ ဆိုပါတယ်။ စစ်သားတွေရဲ့ တိုက်ပွဲ ဒဏ်ရာတွေကို ငေးကြည့်မယ့်အစား သူတို့ကို သယ်ဆောင်ကြရသူတွေ ပြုံးရယ်နေတာကို ပြချင်တာပါလို့ဆိုတယ်။ မြန်မာ (သို့) ဗားမားဟာ အဲလိုတိုင်းပြည်တွေထဲကတခုပါ။ နာမည်ကိုက အမာရွတ်ပါ။ အဲဒီနေရာဒေသမှာ အလွှာပေါင်းစုံ ရောယှက်နေတာပါတဲ့။ စာအုပ်ကို (နစ် မိုင်လိမ်းစ်) က မိတ်ဆက်ပေးထားပါတယ်။ အပြုံးတွေကသာ အရာရောက်တယ်။ သူ့ခေါင်းစဉ်တွေက ခေါင်းစီးတွေထက်တာသွားတယ်။ ကျွန်တော် ဒီပုံကိုတင်တော့ ကွန်မင့်တွေ အမျိုးမျိုးပေးကြတယ်။ သူများတွေနဲ့တော့ ယှဉ်မရပေမယ့် တိုးတက်လာပါတယ်။ ဒီပုံကဟောင်းနေပါပြီ၊ အခုဒိထက်ကောင်းလာပြီ စသဖြင့်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဘတ်စ်ကားတိုးစီးနေတဲ့ပုံကို သုံးမိတော့ တယောက်က အဲလိုညံ့တာတွေ အခုမရှိတော့ပါဘူးလို့ ရေးလာတယ်။ နောက်မှာ

Clomiphene Brand Name မျိုးဥထွက်ဆေး

Image
ဆရာ ဆရာပြောတဲ့ fertomid က ဒီမှာနဲနဲဝယ်ရခက်တယ်ဆရာ။ တခြားဆေးလေးများရှိရင် replace လုပ်လို့ ရမလားဆရာ။ ကျေးဇူးပါ။ ရွဲ့ပြီးဖြေတယ်တော့ မထင်နဲ့နော်။ မျိုးဥထွက်ဆေး နာမည်အမျိုးပေါင်း (၈ဝ) ပို့လိုက်ပါတယ်။ Clomiphene Brand Name 1. C -Hop 50 2. Cee Cee 3. Clofert 4. Clofert 5. Clofert (100 mg) 6. Clofert (50 mg) 7. Clomate -50 8. Clome 9. Clome (100 mg) 10. Clome (50 mg) 11. Clomidac Tab 12. Clominova -25 13. Clomiprop 14. Clomiriv - 25 15. Clomitrop 16. Clomitrop (50 mg) 17. Clophene 18. Clopreg 19. Clopreg (50 mg) 20. Dutchcom 21. Fertik 22. Fertilin 23. Fertina 24. Fertisafe 25. Fertisafe (25 mg) 26. Fertitone 27. Fertomid 28. Fertomid (100 mg) 29. Fertomid (50 mg) 30. Ferton 31. Ferton (25 mg) 32. Fertotab 33. Fertotab (50 mg) 34. Fertyl 35. Fertyl -M 36. Fertyl Super 37. Fetrop 38. Fetrop (100 mg) 39. Fission 40. Fission (50 mg) 41. Folistim 42. Folistim (100 mg) 43. Fulfyl 44. Fulfyl (25 mg) 45. Fulfyn 46. Fulfyn (50 mg) 47. Infotyl 48. I

The moon far away ည လ နဲ့ ပန်း

Image
- ကဆုန်လဆန်း (၁၂) ရက် ညဦးပိုင်း ၈ နာရီ ၄၂ မိနစ်အချိန်မှာ နေရောင်မပျောက်သေးပါ။ - ကောင်းကင်ပြာမှာ ပေါ်နေတဲ့ (လ) ကို အိမ်ခန်းဘေးက ပန်းပင်နဲ့အတူ မှတ်တမ်းတင်ထားပါတယ်။ - ပန်းပင်နာမည် မသိပါ။ အဆုပ်လိုက်အဖြူရောင်ပန်းတွေက ပွင့်ကာစမှာ မြန်မာပြည်က ကရမက်ပန်းကို လွမ်းနေစေပါတယ်။ - ခေါင်မိုးအစွန်းလေးပေါ်နေတဲ့ အိမ်အောက်ဆုံးထပ်မှာ ကျွန်တော်နေပါတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၄-၂ဝ၁၅

Demography of American Motherhood အမေရိကန်မိခင်တွေ ပုံစံပြောင်းလာနေ

Image
အသက်အရွယ် ရနေတဲ့ မိခင်တွေကနေ Autism မွေးရာပါရောဂါနဲ့ ကလေးမွေးလာဘို့ အခွင့်အလမ်း သူတို့ထက်ငယ်တဲ့ မိခင်တွေထက် ပိုများတယ်။ အသက်အရွယ်ကြီးတဲ့ ဖခင်နဲ့ အသက် ၃ဝ အောက်အရွယ် ဇနီးသည်တွေကနေလဲ အဲလို ဖြစ်နိုင်ခြေ များတယ်လို့ Journal Autism Research မှာရေးလိုက်ပါတယ်။ ကယ်လီဖိုးနီးယားမှာ ၁၉၉ဝ နောက်ပိုင်း မွေးဖွါးစာရင်း ၅ သန်းကိုလေ့လာပြီးမှ ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ရောဂါနဲ့ ကလေးပေါင်း ၁၂၁၅၉ ယောက်ရှိတယ်။ ဒိအရင် လေ့လာမှုအရ သိထားခဲ့တာက ဖခင်တွေရဲ့ အသက်ကြီးလေလေ ဖြစ်နိုင်ခြေများလေလေ။ အခုလေ့လာမှုသစ်မှာ ဖခင်ရဲ့ အသက် ၄ဝ ကျော်ပြီး၊ မိခင်က အသက် ၂ဝ အောက်ဆိုရင် မွေးလာတဲ့ကလေးမှာ Autism ရောဂါ ဖြစ်နိုင်ခြေ များတာ တွေ့ရတယ်။ ငယ်ရွယ်တဲ့ ဖခင်တွေထက် ၅၉% အထိများတယ်။ Autism ရှိတဲ့ကလေးရဲ့ ဥာဏ်ရည်က တခြားကလေးတွေနဲ့ မတူပါ။ ထူးခြားချက်ကတော့ မိခင်က အသက် ၃ဝ ကျော်နေပြီး၊ ဖခင်က ၄ဝ ကျော်နေရင် ၁၃% ပိုများတယ်။ မိခင်အသက် ၅ နှစ် ပိုကြီးလေလေ ဖြစ်နိုင်ခြေ ၁၈% တိုးလေလေဖြစ်တယ်။ မိခင်အသက် ၄ဝ ကျော်ရင် ၂ဝ ကျော်သူတွေထက် ၅ဝ% ပိုတယ်။ ၂၅ နှစ်အောက်တွေထက် ၇၇% ပိုတယ်။ အရင်အထင်ဖြစ်တဲ့ ဖခင်အသက်ကြီးတာသာမက မိခင်အသက်ကြီးရင်လဲ ပိုတယ်လို့ အသစ်ကနေ

Infertility Q and A ကလေးမရနိုင်သေးခြင်း အမေးအဖြေများ

Image
ကိုယ်ဝန်မရစေတဲ့ အကြောင်းတွေမှာ ၃ ပုံ ၁ ပုံက အမျိုးသား၊ နောက် ၃ ပုံ ၁ ပုံကအမျိုးသမီးနဲ့ ကျန် ၃ ပုံ ၁ ပုံက နှစ်ယောက်လုံးနဲ့ ဆိုင်တာတွေ့ရတယ်။ ဒီဆန်းစစ်မှုက မတူတာတွေလဲရှိပါတယ်။ ကလေးမရဖြစ်နေကြရတဲ့ အဓိက အကြောင်းရပ် ၃ ခုရှိတယ်။ ၈ဝ% စုံတွဲတွေမှာ တွေ့ရရမှာက - ၁။ အမျိုးသမီးကလစဉ် မျိုးဥထွက်တာ၊ ၂။ အမျိုးသားသုက်ပိုး ပြဿနာနဲ့ ၃။ အမျိုးသမီးသားအိမ်ပြွန် ပြဿနာတွေဖြစ်တယ်။ မျိုးဥထွက်ခြင်း သန္ဓေရခြင်းရဲ့အခြေခံဟာ မမျိုးဥနဲ့ ကျားသုက်ပိုးတွေ့ကြဘို့ ဖြစ်တယ်။ ကလေးမရနိုင်သေးသူတွေ အလွယ်ဆုံး စလုပ်နိုင်တာက မျိုးထွက်-မထွက်သိဘို့ဖြစ်တယ်။ အိမ်မှာတင်ကိုယ်တိုင်စမ်းနိုင်တယ်။ မျိုးဥထွက်စေတဲ့ဆေးကိုလဲ ဝယ်သောက်နိုင်သေးတယ်။ မျိုးဥဆိုတာရာသီလတလရဲ့ အလည်ရက်မှာတလမှာတခါ၊ တခါမှာတဥသာထွက်တယ်။ ၂၈ ရက်တခါ ရာသီလာသူက ၁၄ ရက်၊ ၃ဝ ရက်တခါဆိုရင် ၁၅ ရက်မှာထွက်လိမ့်မယ်။ မျိုးဥထွက်မဲ့ ရက်ရဲ့ရှေ့ ၄-၆ ရက်မှာ အတူနေတာက ကိုယ်ဝန်ရဘို့ အဖြစ်နိုင်ဆုံးရက်တွေ ဖြစ်တယ်။ (စာသပ်သပ်ရေးထားပါတယ်။) သုတေသနအရတိတိကျကျ ပြောရရင် - • ၃ဝ% သောအမျိုးသမီးတွေကအဲဒီလလယ်ရက် အတိအကျမှာမျိုးဥထွက်တယ်။ • ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။ • အားလုံးကို ခြုံလိုက်ရင် ၇၈%က လ

Early ejaculation (2) သုတ်လွှတ်စောခြင်း (၂)

Image
သုက်လွှတ်စောခြင်းဆိုတာ အဖြစ်များတယ်။ ဗြိတိန်မှာ ၁ဝ% မှာရှိတယ်။ မြန်မာတွေမှာလဲ သုတေသနလုပ်ထားတာ မတွေ့ဘူးသေးပေမဲ့ မေးလာသူတွေများတယ်။ တချို့က တခါတလေမြန်ပြီး တချို့ကြ အမြဲလိုမြန်နေတယ်။ အသက်ရလာသူ၊ အတွေ့အကြုံများလာသူတွေမှာ ထိန်းနိုင်စွမ်းပိုလာတာအမှန်ဖြစ်တယ်။ အချိန်ဘယ်လောက်ဆိုရင် ပုံမှန်လဲဆိုတာ တိတိကျကျအပြောရခက်တယ်။ ၇့၃ မိနစ်ကပုံမှန်ဖြစ်ပြီး၊ ၁့၈ မိနစ်ဆိုရင် မြန်တဲ့အဆင့်လို့ သတ်မှတ်ထားတာရှိတယ်။ နောက်လေ့လာမှုတခုအဆိုအရ ၂့၅% သောယောက်ျားတွေမှာ (ဗဂျိုင်းနားထဲမှာ) သုတ်လွှတ်ချိန် ၉ဝ စက္ကန့်သာကြာတယ်။ ၁။ သာမန်သာသုက်လွှတ်မြန်သူနေသူ Local anesthetic gel ထုံဆေးလိမ်းပြီးဆက်ဆံပါ။ တံဆိပ်နာမည်တွေ အမျိုးမျိုးရှိတယ်။ အထဲမှာပါမဲ့ ထုံဆေး နာမည်တွေက benzocaine or lidocaine ဖြစ်တယ်။ Long love condoms ဂျာမန်ထုတ် ကွန်ဒွမ်ကို အဆင်ပြေရင်သုံးပါ။ တချို့မှာ အမျိုးသမီးကို အနေရခက်စေတယ်။ ၂။ သုက်လွှတ်မြန်တာဆိုးသူတွေ Masters-Johnson method နည်းသုံးပါ။ သင်တန်းပေးတယ်။ လက်နဲ့ဆုပ်ထားရင် သုက်လွှတ်မှာကို ထိန်းထားနိုင်တဲ့သဘောကို အခြေခံတယ်။ ကိုယ့်လက်နဲ့မဟုတ်ဘဲ အမျိုးသမီးကနေ ဆုပ်ပေးရတယ်။ ဗီဒီယိုလဲရှိတယ်။ သုက်ဟာလဲ ဆီးသွားတဲ့လမ်းကနေဘဲလ

Early ejaculation (1) သုတ်လွှတ်စောခြင်း (၁)

Image
သုတ်လွှတ်စောတာကို ဆေးစာနဲ့ Rapid ejaculation, Rapid climax, Premature ejaculation (PE) အမျိုးမျိုးရှိတယ်။ တချို့က အင်္ဂါထိုးသွင်းမှုဖြစ်ပြီးနောက် ၂ မိနစ်ထက် စောတာကိုမှ ခေါ်တယ်။ ဒါပေမဲ့ ၁၉၅ဝ မှာ Alfred Kinsey က သုတေသနလုပ်တော့ လူ ၄ ယောက်မှာ ၃ ယောက်က သူတို့အတွေ့အကြုံပေါင်း တဝက်ကျော်ကျော်မှာ အဲလိုဖြစ်တယ်။ နောက်သုတေသနတခုမှာ လူ ၇၅% က ၁ဝ မိနစ်အတွင်း သုတ်လွှတ်တယ်လို့သိရတယ်။ အမေရိးကားမယ် လူပေါင်း ၂၅-၄ဝ% မှာ အဲဒီလို ဖြစ်နေကြပါတယ်။ ကိုယ့်ဆက်ဆံဘက်အဖေါ်ထက် စောပြီးတာကိုခေါ်မယ်လို့ Masters and Johnson က ဆိုထားတယ်။ အဲလိုဖြစ်တာလဲ အကြိမ် ၁ဝဝ မှာ ၅ဝ ဖြစ်ပါသတဲ့။ သုတ်လွှတ်မှာကို ထိန်းထားနိုင်စွမ်းဟာ ယောက်ျား-မိန်းမ တဦးမဟုတ်တဦးမှာ လိင်စိတ်နဲ့ သာယာမှုကို အနှောင့်အယှက် ဖြစ်နေတာလို့ ဆိုပါတယ်။ အရေအတွက်ရော အရည်အသွေးပါ အကြုံးဝင်တယ်။ အသက် ၁၈ နှစ်ကနေ ၅ဝ ကြား ယောက်ျားတွေမှာ အမျိုးသမီးအင်္ဂါထဲမှာ သုတ်မထွက်စေအာင် ထိန်းထားနိုင်တဲ့ အချိန်ဟာ ၆ မိနစ်ခွဲလို့ အရေအတွက်ပိုင်းအရပြောတယ်။ အရည်အသွေးကိုပါ ထည့်တွက်ရမှာပါ။ သုတ်လွှတ်ချိန်က ၁ မိနစ်ခွဲသာရှိပေမဲ့ ကိုယ်တိုင်က ကျေနပ်ကြသလို၊ ၃ မိနစ် သမားတွေထဲမှာ ကိုယ့်ကိုယ်ကို မကျေနပ်သူတွေရှိတယ

Birthday of Wunna Tint Swe

Image
- ကနေ့ဟာ ၂၈-၄-၁၉၇၁ နေ့မှာမွေးခဲ့တဲ့ သားအကြီးဆုံး မောင်ဝဏ္ဏတင့်ဆွေရဲ့မွေးနေ့ ဖြစ်ပါတယ်။ - မိသားစုထဲမှာ စစ်ထောက်လှမ်းရေးကနေ စစ်ဆေးတာ ပထမဆုံးခံခဲ့ရသူလို့ မှတ်တမ်းတင်ထားပါတယ်။ - မောင်ဝဏ္ဏတင့်ဆွေ ၁၂-၁၁-၂ဝဝ၁ နေ့က နယူးဒေလီမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ - သူကွယ်လွန်တော့ အရိုးပြာကို ဂင်္ဂါမြင်ထဲမှာမျှောခဲ့ပါတယ်။ ဒေါက်တာတင့်ဆွေ + ဒေါ်မြမြအေး ၂၈-၄-၂ဝ၁၅

ASAP အမြန်ဆုံးဖြေကြားပေးစေလိုပါတယ်ရှင့်

Image
့ Dec 13, 2014 1:25am ဆရာရှင့် ကျွန်မအသက်က (၃၁) ထဲမှာပါ။ ပထမကလေးက အသက် (၂၉) နှစ်မှာ တစ်ယောက်မွေးထားပါတယ်။ ကလေး (၃) နှစ်လောက်မှာ နောက်တစ်ယောက် ယူဖို့စဉ်းစားထားပါတယ်။ ကျွန်မသိချင်တာ မိခင်အသက်အရွယ်ဟာ ကိုယ်ဝန်ဆောင်တဲ့အခါ ကလေးဥာဏ်ရည်ဥာဏ်သွေးတို့ ကြီးထွားဖွံ့ဖြိုးမှုတို့ကို ကောင်းကျိုးဆိုးကျိုး ဘယ်လို သက်ရောက်မှု ရှိပါလဲရှင့်။ ကျေးဇူးပြုပြီး အမြန်ဆုံးဖြေကြားပေးစေလိုပါတယ်ရှင့်။ Dr. Tint Swe Dec 13, 2014 11:50am မိခင်အသက်က ကလေးဥာဏ်ရည်ကို မသက်ရောက်ပါ။ ဖခင်အသက်ငယ်လွန်းရင်သာ တချို့မှာ သက်ရောက်ပါတယ်။့ Apr 28th, 4:59am ကျေးဇူးပါဆရာ။ Dr. Tint Swe Apr 28th, 11:11am ဟာ ၄ လနေမှ ဖတ်ဖြစ်တာလား။ ဒေါက်တာတင့်ဆွေ ၂၈-၄-၂ဝ၁၅

Older Parenthood အသက်ကြီးမှ ကလေးရရင်

Image
၁။ မင်္ဂလာပါဆရာ။ ကျွန်မအသက်က ၄၅နှစ်ပါ။ အရင်ကိုယ်ဝန် ၂ခါပျက်ဖူးပါတယ်။ အိမ်ထောင်သက် ၉နှစ်ပါဆရာ။ အခုမှ တတိယအကြိမ်ကိုယ်ဝန်ပြန်ရပါတယ်။ ၄ပတ်ကျော်နေပါပြီ။ ကျွန်မတို့က ကလေး အရမ်းလိုချင်တော့ OG ပြပါတယ်။ ကိုယ်ဝန်ခိုင်အောင် သောက်ဆေး တလပေးလိုက်ပါတယ်။ ဒါပေမဲ့ ဆရာဝန်က ဒီအရွယ်မွေးရင် ဥာဏ်ရည်မမှီတဲ့ကလေးပဲ ရမယ်လို့ပြောပါတယ်။ ကျွန်မတို့နှစ်ယောက်လုံး တော်တော်စိတ်မကောင်းဖြစ်နေပါတယ်။ ဥာဏ်ရည်မှီတဲ့ကလေးမျိုး မွေးအောင် ဘာတွေလုပ်ရလဲဆရာ။ ဘယ်လိုနေထိုင်သင့်သလဲဆိုတာ ကျေးဇူးကြီးစွာဖြင့် ပြန်လည်ဖြေကြားပေးပါနော်။ ဆရာကျန်းမာပါစေ။ ၂။ ကျွန်မအသက်က (၃၁) ထဲမှာပါ။ ပထမကလေးက အသက် (၂၉) နှစ်မှာ မွေးထားပါတယ်။ ကလေး (၃) နှစ်လောက်မှာ နောက်တစ်ယောက် ယူဖို့စဉ်းစားထားပါတယ်။ ကျွန်မသိချင်တာ မိခင်အသက်အရွယ်ဟာ ကိုယ်ဝန်ဆောင်တဲ့အခါ ကလေး ဉာဏ်ရည်ဉာဏ်သွေးတို့ ကြီးထွားဖွံ့ဖြိုးမှုတို့ကို ကောင်းကျိုးဆိုးကျိုး ဘယ်လိုသက်ရောက်မှု ရှိပါလဲရှင့်။ ကျေးဇူးပြုပြီး အမြန်ဆုံး ဖြေကြားပေးစေလိုပါတယ်ရှင့်။ ၃။ ကျမ အသက်က အခု ၄၃ နစ်ပါ။ ခက်တာက လက်ထပ်မဲ့သူက ခုအသက် ၅ဝ ရှိပါပြီ။ သူကသူ့မှာ မျိုးဆက် မရှိတဲ့အတွက် ကျမနဲ့ ကလေးတယောက် ယူချင်ပါတယ်။ ကျမလဲ အသက်က ၄ဝ ကျော်ေ

Satire and humor ရီစရာ နေရာတကာမပြောပါ

Image
၁။ ရီလိုက်တဲ့အချိန်မှာ အရာအားလုံးရဲ့အပြင်ဘက်ကို တခဏတော့ ကျွန်တော် ရောက်သွားတယ်ဆရာ။ ဆရာရော ဘယ်လိုခံစားမိပါသလည်းဆရာ။ ၂။ ဒါမှဆရာ့ တခါတလေ သရော်စာ တင်ပါဆရာရဲ့။ • ကျွန်တော် ရီစရာရေးတာက သူများအတွက်ရည်ရွယ်တာပါ။ စာသင်ပေးရင်း မပြင်းရအောင်။ မှတ်မိအောင်။ တခြားအရာတွေနဲ့ ခေါင်းပူနေချိန်မှာ ပေါ့ပါးသွားအောင် ပြောလေ့ရှိပါတယ်။ • Sense of humor ဟာသဉာဏ်နဲ့ Satire သရော်စာမတူတဲ့အကြောင်းလေး တခါရေးဘူးတယ်။ Satire သရော်တာမှာ Criticism ဝေဖန်ကန့်ကွက်တာပါတယ်။ ရှုံ့ချတာပါတယ်။ • ကျွန်တော် စာရေးတာမှာ တခါတခါဟာသလေးနှောတာကို သရော်စာလဲမမြောက်ဘူးလို့ အပြောခံရဘူးတယ်။ ကျွန်တော်က သူများကို သရော်တာမျိုးကို သိပ်မကြိုက်ပါ။ စစ်အုပ်စုကိုတောင်မှ ခပ်ထေ့ထေ့သာရေးတယ်။ ရေးပြီးရင် အားနာနေတတ်သေးတယ်။ • သူများကို သရော်လို့၊ ရီစရာပြောလို့ ဘာအကျိုးရမလည်းကြည့်သင့်တယ်။ • ရီစရာပြောကြတာမှာ အနှောင့်အသွားလွတ်တာမျိုးဆို ပိုကောင်းတယ်။ လူအများကြားအောင်၊ ဖတ်နိုင်အောင်ပြောတာ၊ ရေးတာမျိုးဆိုရင် ချက်အောက်မရောက်တာမျိုးကသာ သင့်မြတ်တယ်။ • စိတ်ဝေဒနာသယ်တွေနဲ့ဆိုင်တဲ့ ထိထိမိမိဖြစ်တဲ့ဟာသ အများကြီးရှိတယ်။ ကျွန်တော်လဲ ငါကမှ နပိုလီယန်အစစ် ဆိုတဲ့ ဟာသကို ပြောဘူး

Pregnancy test ကိုယ်ဝန်နဲ့ မြန်မာသတ်ပုံ

Image
ကျွန်မအသက် ၃၃ နှစ်ပါ။့ မှာနေပါတယ်။ အိမ်ထောင်သက် ၆ နှစ်ပါ။ အခုမှ ကိုယ်ဝန်စယူတာပါ။ ၂၆ ရက်နေ့ မနက်ပိုင်းဆီးကို စစ်ကြည့်ပါတယ်။ တစ်ကြောင်းကထင်းပြီး တစ်ကြောင်းက မှိန်နေပါတယ်။ မြင်တော့မြင်ရပါတယ်။ မသေချာလို့ ဆေးရုံမှာဆီးထပ်စစ်တာ ကိုယ်ဝန်ရှိနေပြီလို့ပြောပါတယ်။ မေလ ၁၈ နဲ့ ၂ဝ ကြားကို အိုဂျီအပ်ခိုင်းပါတယ်။ အပျော်လွန်ပြီး ကိုယ်ဝန်ဘယ်နှစ်ရက် ဘယ်နှစ်လဆိုတာမမေးခဲ့မိလို့ ကျွန်မကိုယ်ဝန်မှာ ဘယ်နှစ်ရက် ဘယ်နှစ်လ ဆိုတာလေး သိချင်လို့ပြောပြပေးပါ ဆရာရှင့်။ ပြီးတော့ ဘယ်နှစ်လပိုင်းလောက်မှ ဗိုက်စပြီး ပူပါသလဲဆရာ။ ကိုယ်ဝန်နဲ့ ပတ်သက်တဲ့ခံစားမှုတွေ ဘယ်နှစ်လပိုင်းလောက်မှာ စပြီးခံစားရပါသလဲ ဆရာရှင့်။ အခုရက်ပိုင်းတွင်တော့ ရင်သား နဲနဲနာကျင်တာနဲ့ အဖြူနဲနဲဆင်းတာရယ်။ ဝမ်းချုပ်တာရယ်အဲဒါမျိုးပဲ ဖြစ်ပါတယ်။ တခြားတော့ဘာမှမဖြစ်သေးပါဘူး။ အဲဒါလေးသိချင်လို့ ဖြေကြားပေးစေလိုပါတယ်ဆရာရှင့်။ (ကွန်ဂရက်ကျူလေးရှင်း)။ ကိုယ်ဝန်ကို ရာသီနောက်ဆုံးလာစဉ်က သွေးစဆင်းတဲ့ ပထမရက်နေတွက်ရတယ်။ အဲဒီရင်ထဲကို ၉ လ နဲ့ ၇ ရက်ပေါင်းရင် ခန့်မှန်းချေ မွေးမယ့်ရက်ရမယ်။ ဘယ်နှစ်ပါတ်ဆိုတာနဲ့တွက်တယ်။ ၄ ပါတ်ကို တလလို့သတ်မှတ်တယ်။ ခံစားရတာတွေက မတူကြပါ။ တချို့ ၄ လအထိ အ

Fluorine deficiency (ဖလိုရင်း) နည်းရောဂါ

Image
အမှန်တော့ ဆရာပြောသလို plaque အကြောင်းမပါလို့မရပါဘူး။ သွားတိုက်နည်းစနစ်မှားပြီး သွားခြေမှာ ကျောက်တွေ များလာတာကြောင့် ရေစီးကမ်းပြို သွားဖုံးရောင်ရောဂါဖြစ်ရတာ အများဆုံးပါ။ နှုတ်ဖြေစာမေးပွဲတခုမှာပေါ့ သွားဆရာဝန်တွေကို သွားအကြောင်းမေးလိုက်တဲ့ exammner က ရာထူးဝန်ရုံးက သွားနဲ့ပါတ်သက်လို့ ဘာမှမသိတဲ့သူက မေးသတဲ့။ ရေစီးကမ်းပြိုရောဂါဘာကြောင့်ဖြစ်လဲမေးတော့ သွားဆရာဝန်က plaque အကြောင်းသေချာပြောပြတာပေါ့။ ဒါကိုပဲ ဆရာသမားက မင်းဘာတွေဖြေနေတာလဲကွာတဲ့ ငါလိုချင်တာတခုပဲဖြေဆိုတော့မှ vit c ချို့တဲ့လို့လို့ ပြောလိုက်တော့မှ သူရေးမှတ်လာတဲ့ စာအုပ်ကြီးကြည့်ပြီး ကျေနပ်သွားလေရဲ့။ ကျွန်တော် သွားရာဝန်မဟုတ်ပါ။ ရာထူးဝန်ဆိုတာတော့ ဆရာဝန်အလုပ်ရအောင် သွားဖြေရဘူးတယ်။ မုံရွာနဲ့ မန္တလေးကြားဘူတာရုံတွေ ရွတ်ပြရတယ်။ နောက်ဆုံးဘုရင်ခံ နာမည်မေးတယ်။ Sir Hubert Rance (ဆာ ဟူးဘတ် ရန့်စ်) ကို ငါးပိသံနဲ့သာဖြေတတ်ခဲ့တယ်။ • (ဖလိုရိုက်) ကို ဓါတ်ပါတဲ့၊ ထည့်ထားတဲ့ရေကနေရတယ်။ သောက်ရေထဲမှာ (ဖလိုရိုက်) ဓါတ် ပါနေရတယ်။ နည်းရင် Fluorine 1 mg/liter လောက်ထည့်ပေးရတယ်။ • (ဖလိုရင်း) နည်းရောဂါဟာ အစားအသောက်ထဲမှာ (ဖလိုရိုက်) ဓါတ်နည်းလို့ဖြစ်တယ်။ သွားပိုး

Abstain from ဝေရာမဏိ

Image
ကွန်မင့် = ဝရောမမဏိကဘာကိုပြောတာပါလဲဆရာ - ဖုန်းပေါက်စလေးမှာ စာရေးရတာ ခက်ကြမှာပဲ။ ဝေရာမဏိကိုရိုက်တာ မှားနေတယ်။ ဝေရာမဏိကိုမေးချင်တာဖြစ်မယ်။ - အရင်တခါတင်တုံးကလည်း (ဝေရာမဏိ) ကို တယောက်ကမေးတယ်။ အခုလည်းစောင့်နေတာ။ - ဧကန္တတော့ ဗုဒ္ဓဘာသာဝင်မဟုတ်လောက်ဘူးထင်တယ်။ သီလပေးတာ လိုက်မဆိုဖူးတဲ့သူတွေက သိမှာမဟုတ်ပါ။ ကျွန်တော်ရေးတာတွေကို ဘယ်ဘာသာဝင်မှဖတ်ပါဆိုတာမရှိပါ။ - (မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ) = လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏၊ - (ဝိရမဏ + ဏီ) = ကြဉ်ရှောင်ခြင်း။ - မလုပ်ပဲနေတာ၊ မပြုပဲနေတာ၊ ရှောင်ကြဉ်နေတာကိုဆိုလိုပါတယ်။ Thesaurus abstain from = refrain from, avoid, decline, give up, stop, refuse, cease, do without, shun, renounce, eschew, leave off, keep from, forgo, withhold from, forbear, desist from, deny yourself, kick (informal) E.g. Abstain from sex Abstinence ကိုယ်တိုင်ရှောင်ကြဉ်ခြင်း ဒေါက်တာတင့်ဆွေ ၂၈-၄-၂ဝ၁၅

Service provider ကျွန်တော် အသက်ကြီးပြီတဲ့

Image
ကနေ့ ကျွန်တော်အသက်ကြီးလှပြီဆိုတာထောက်ပြသူ ၂ ယောက်တွေ့တယ်။ ၁။ ဆရာရယ် ဒီအသက်အရွယ်နဲ့ စာကလဲအရှည်ကြီးရှင်းပြထားတာ လေးစားရိုသေစွာ ဖတ်ခဲ့ပါတယ်ဆရာ။ ၂။ ဆရာ့အသက်နဲ့မမျှအောင် ဝန်ဆောင်မှုပေးနေတာကို လေးစားရိုသေတာခင်ဗျ။ နှစ်ဦးလုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကွန်မင့် (၁) မှာ အသက်အရွယ်ဆိုတာ ဆရာဝန်လား၊ လူနာလား။ ရောဂါဆိုကိုပြောရင် ဆရာဝန့်အသက်ကို မကြည့်ပါ။ လူနာ့အသက်သာကြည့်ရပါတယ်။ နောက်ပြီး သမားဆိုအိုမှဆိုကြ မဟုတ်လား။ ကွန်မင့် (၂) ထဲမှာ ဝန်ဆောင်မှုဆိုတာပါတယ်။ တနေ့ကပဲ ဝန်ဆောင်မှုဆိုတာလေး ရေးလိုက်သေးတယ်။ ဇီဝိတဒါန၊ ကုသိုလ်ဖြစ်ဆေးခန်းတွေ စာသင်ကျောင်းတွေ၊ သာရေးနာရေးလုပ်ပေးနေတာတွေကို အကျိုးဆောင်လို့ သုံးရတာမျိုး မကြိုက်ချင်ပါ။ အကြောင်းကြောင့် အကျိုးဖြစ်တယ်လို့ အများကနားလည်ကြတယ်။ ကုသိုလ်ဖြစ်တွေက အကျိုးပေးမှာမှန်ပေမယ့် အကျိုးမမျှာ်တာမျိုးဖြစ်တယ်။ အကြောင်းဆောင်သူတွေသာဖြစ်တယ်လို့ ရေးခဲ့ပါတယ်။ Service provider (ဆာဗစ် ပရိုဗိုက်ဒါ) ဆိုတဲ့ စကားလုံးကို ဘာသာပြန်ရင်လည်း ဝန်ဆောင်မှုပေးသူတဲ့။ မြန်မာပြည်မှာ (အင်ဂျီအို) တွေ ပေါ်လာမှ သုံးလာတာပါ။ သူများတိုင်းပြည်တွေမှာလည်း ဆရာဝန်၊ သူနာပြုတွေကိုပါ (ဆာဗစ် ပရိုဗိုက်ဒ

Sugar Substitutes ချိုတိုင်းတော့ သကြားမဟုတ်

Image
ဆရာ (အက်စ်ပါတိန်း) ဆိုတာ ဆေးသကြားလားရှင့်။ ဆေးသကြားဆိုတာ ဘာလည်းလို့ ပြန်မေးရပါမယ်။ တရပ်မှာ နာမည်တမျိုးခေါ်တယ်။ ကျွန်တော်ကျင်လည်ခဲ့တဲ့အရပ်မှာ ဆေးသကြားဆိုတာ (ဂလူးကို့စ်) ကိုခေါ်တယ်။ အဲတာက ရေနဲ့ဖျော်သောက်ရတာနဲ့ ဆေးထိုး၊ ဆေးသွင်းရတာမျိုး။ ဆီးချိုရှိလို့ ကော်ဖီ၊ လက်ဖက်ရည်ဖျော်ရင် သကြားအစားထည့်ရတာကို သကြားဆီလို့ခေါ်တယ်။ အချဉ်လုပ်တဲ့အခါ သုံးတာမျိုး။ အဲတာက Saccharin (ဆက်ခရင်) ဖြစ်တယ်။ Sugar (သကြား) ကော်ဖီ၊ လက်ဖက်ရည်ဖျော်တာသုံးတယ်။ Glucose (ဂလူးကို့စ်) မောလို့ရေနဲ့ဖျော်သောက်တာ။ Dextrose (ဒက်စထို့စ်) သွေးကြေထဲသွင်းတာ။ Sucrose (ဆူးခရို့စ်)၊ Fructose (ဖရပ်တို့စ်) အချိုရည်တွေမှာပါတာ၊ Lactose (လက်တို့စ်) နို့အမျိုးမျိုးထဲမှာပါတာတွေကိုတော့ အတော်များများသိကြပါတယ်။ (သကြား) ဆိုတာလည်း အများကြီးကွဲသေးတယ်။ လူတိုင်းနေ့တိုင်းသုံးတဲ့သကြားကို White or Regular sugar လို့ ခေါ်တယ်။ 1. Bakers Special Sugar 2. Brown Sugar 3. Brown sugar (light and dark) 4. Coarse sugar 5. Confectioners or powdered sugar 6. Demerara sugar 7. Evaporated Cane Juice 8. Free-flowing brown sugars 9. Fruit Sugar 10. Invert sugar 11. Li

Pepsi to drop artificial sweetener aspartame

Image
နာမည်ကြီး (ပက်ဆီ) ထဲမှာ အချိုဓါတ် (အက်စ်ပါတိန်း) သုံးတော့မည်မဟုတ် • ကနေ့ထွက်တဲ့ ကျန်းမာရေးသတင်းပါ။ တကမ္ဘာလုံးမှာ သောက်သုံးသူအများဆုံး (ပက်ဆီ) ထဲမှာ အချိုတုဓါတ် (အက်စ်ပါတိန်း) ကိုမသုံးတော့ဘူးလို့ဆိုပါတယ်။ အမေရိကားမှာတော့ အဲဒီဓါတ်မပါတာကိုသာ လာမယ့် သြဂုတ်လကစပြီး ရောင်းချပါတော့မယ်။ • အစားအသောက်နဲ့ဆေးဝါးထိန်ချုပ်သူတွေကတော့ (အက်စ်ပါတိန်း) ဓါတ်ဟာ ဖျောာာ်ရည်တွေထဲထည့်သုံးတာ စိတ်ချရပါတယ်လို့ ဆိုပါတယ်။ • PepsiCo ကုမ္ပဏီအဆိုက ဒီဆုံးဖြတ်ချက်ဟာ စီးပွါးရေသက်သက်ပါလို့ပြောပါတယ်။ • ပြီးခဲ့တဲ့နှစ်က Diet Pepsi ရောင်းရတာ ၅% နည်းသွားတယ်။ Aspartame ပါတဲ့ Diet Coke ရောင်းရတာ ၆% မကနည်းသွားတယ်။ • PepsiCo ကုမ္ပဏီက (အက်စ်ပါတိန်း) အစား Sucralose နဲ့ Acesulfame potassium (Ace-K) ရောတာကို သုံးပါတော့မယ်။ • (အက်စ်ပါတိန်း) ပါတာဟာ ပါးစပ်မှာ ခံစားမှုတမျိုးဖြစ်စေတယ်လို့ တတ်သိနားလည်သူတွေကဆိုပါတယ်။ • (အက်စ်ပါတိန်း) ဓါတ်ကိုသားသုံးရာမှာ သုံးနိုင်တယ်လို့ ၁၉၈ဝ ကျော်ကတည်းက အသိအမှတ်ပြုထားပါတယ်။ • (အက်စ်ပါတိန်း) ဟာ အလေးချိန်တူရင် သကြားထက် အဆ ၂ဝဝ ပိုချိုတယ်။ ဒါပေမယ့် ကယ်လိုရီမများလှဘူး။ • ကနေ့ အစားအသောက်မျိုးစုံမှာ အချိုတုမ

Spermicide သုက်ပိုးသတ်ဆေး

Image
ကျွန်တော်က အသက်၂၅ ပါ။ ဇနီးက လဲ ၂၅ ပါ။ ကျွန်နော်တို့ ကလေးမယူချင်သေးလို့ပါ။ ထိုးဆေးနဲ့ စားဆေးတွေက ဝမှာစိုးလို့ မသုံးချင်ပါဘူးဆရာ။ ဒါကြောင့် spermicide သောက်လို့ရပါသလားဆရာ။ ဘယ်လိုသောက်ရတာလဲဆရာ။ မြန်မာပြည်မှာရော အလွယ်တကူ ဝယ်လို့ရပါသလား။ ကျေးဇူးပါဆရာ။ • သုက်ပိုးသတ်ဆေးဆိုတာ သောက်ဆေးမဟုတ်ပါ။ •Spermicidal foam အမြှုပ်၊ Jelly (ဂျယ်လီ)၊ Cream (ခရင်မ်)။ Suppositories ဗဂျိုင်းနားထဲထည့်ဆေးပြား နဲ့ Film (ဖလင်) သုတ်ဆေးတွေ ရှိတယ်။ • အတူမနေခင်မှာ (ဗဂျိုင်းနား) ထဲထည့်-လိမ်း-သုတ်ထားရတယ်။ • တချို့အမျိုးအစားကို မတိုင်ခင် ၃ဝ မိနစ်ကြိုတင်သုံးရတယ်။ တချို့က အဲလောက်စောင့်ဘို့မလိုဘူး။ • အက်စစ်ဓါတ်ပါလို့ ပူစပ်စပ်နေမယ်။ မလောင်စေပါ။ • ကိုယ်ဝန်တားနည်းတွေထဲမှာပါတဲ့ Cervical Cap သားအိမ်ဝအပိတ်နဲ့ Diaphragm သားအိမ်ဝအဖုံးတွေကို Spermicide သုက်ပိုးသတ်ဆေးနဲ့ပါ ရောသုံးသင့်တယ်။ • Spermicidal Condoms ဆိုတာက ကွန်ဒွမ်မှာသုက်ပိုးသတ်ဆေးပါပြီးသားဖြစ်တယ်။ • Nonoxynol-9 ဓါတုဆေးသုံးထားတယ်။ Spermicide Brands တံဆပ်အမျိုးမျိုးလာတယ်။ - Advantage-S - Conceptrol - Crinone - Delfen Foam - Emko - Encare - Endometrin - First-Progesterone VG

Tendinitis အရွတ်ကြောရောင်ခြင်း

Image
ဆရာရှင့် Tendinitis ဆိုတာဘာရောဂါပါလဲရှင့်။ သမီးခလေးမွေးပြီး တစ်လအကျော်မှာ ကလေးနို့တိုက်ရင်း ကလေးန့အတူအိပ်ရင်း လက်က ကလေးဖက်ထားတာ နိုးလာတော့နဲနဲဆီနာပါတယ်။ နောက်နေ့ကျ မနက်မိုးလင်း အိပ်ယာထရင် လက်ဖဝါးနှစ်ဖက်စလုံးက ကျင်နေပါတယ်။ အဲနောက်ပိုင်းည ဘက်လက်မကနေ လက်ကောက်ဝတ်ထိ နာနေပါတယ်။ လက်မထောင်လို့မရပါ။ ကျန်တဲ့လက်ချောင်းတွေ လူပ်ရင်ရပါတယ်။ လက်မနဲ့လက်ကောက်ဝတ်အရိုးပဲ နာတာပါ။ လက်မထောင်လို့မရပါ။ ဒီ့ က ဆေးခန်းပြတော့ ဒဏ်ကျေဆေးနဲ့ အကိုက်အခဲပျောက် သောက်ဆေးပေးပြီး လက်အပတ်ကို ပတ်ခိုင်းထားပါတယ်။ အရိုးကိုဓါတ်မှန်ရိုက်ပါတယ်။ ဘာပြသနာမှမတွေ့ပါ။ ပြီးတလပြန်ချိန်းပါတယ်။ ဒီမှာက ဆရာဝန်န့်တွေ့ဖို့ တလကြာစောင့်ရပါတယ်။ ဒီနေ့တလပြည့်နေမှာ လက်ကိုကြည့်ပြီး ဘာအလုပ်မှ မလုပ်ဖို့ ပြောပါတယ်။ ပြီးတော့ ရောဂါနာမည်ကို tendinits လို့ပြောပါတယ်ဆရာ။ သမီးအဲရောဂါအကြောင်းနဲ့ ဘာကြောင့် ဖြစ်တယ်ဆိုတာ သိချင်လို့ပါဆရာ။ ပြီးတော့ သမီးမှာ အရင်ကလေးဘက်နာပိုးလဲရှိပါတယ်။ အရင် လေးရာကနေ ဗမာဆေးသောက်ပြီး နှစ်ရာဖြစ်သွားပါတယ်။ တန်ဒွန်ဆိုတာ ကြွက်သားအဆုံးနေရာက အရွတ်ကိုပြောတာဖြစ်တယ်။ အဲတာရောင်တာကို Tendinitis ခေါ်တယ်။ အနားသက်သာဆေးနဲ့ ကောင်းနိုင်ပါတယ်။ ဆေးေ

Marvelon တားဆေးနဲ့မတည့်သူ

Image
ဆရာ့ကိုလေးစားစွာဖြင့် စာရေးလိုက်ပါတယ်ရှင်။ မေးစရာလေးရှိလို့ပါဆရာ။ သမီးအသက်က ၂၅ နှစ်ပါ။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ ယနေ့အထိ အလာဂျီတွေ တစ်ကိုယ်လုံး ဖြစ်လာပါတယ်။ ညဘက်ဆိုပိုထွက်ပါတယ်ဆရာ။ လမ်းထဲက ဆရာဝန်ကိုပြကြည့်တော့ Calamine lotion ပဲလိမ်းဖို့ပေးပါတယ်။ လိမ်းပြီးသက်သာပေမယ့် မနက်နဲ့ ညပိုင်းတွေမှာ ပြန်ထွက်ပါတယ်ဆရာ။ သမီးက marvelon 28 လည်း သောက်ပါတယ်။ ယနေ့ထိ အိမ်ထောင်သက် ၁ နှစ်နဲ့ ၇ လလုံး သောက်လာတာပါ။ လွန်ခဲ့တဲ့တစ်ပတ်ကတော့ဆေး ကို ၃ ရက်လောက် မသောက်ဘဲနေကြည့်တော့ အလာဂျီတွေမထွက်တော့ဘူးဆရာ။ ပြန်သောက်တော့ ပြန်ထွက်ပါတယ်။ အလာဂျီအတွက် ဘာဆက်လုပ်ရမလဲဆိုတာနှင့် marvelon28 ကြောင့်ဆိုရင်လည်း သမီးတို့ကလေးယူဖို့ အစီစဉ်မရှိသေးတာကြောင့် ဘယ်ဆေးနဲ့ သင့်တော်မလဲဆိုတာကို ညွှန်ကြားပေးပါအုံးဆရာ။ Marvelon (မာဗယ်လွန်) တားဆေးကို (အလားဂျစ်) ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိနေသူ၊ မျက်စိ သွေးကြောရောဂါရှိသူ၊ နှလုံး (အတက်) ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ဥပမာ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ အသဲကင်ဆာ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ အသဲရောင် အသားဝါရှိနေသူ၊ မွေးလမ်း

A visit to Forte Wayne

Image
နေ့ချင်းပြန် အလည်တခေါက် (အင်ဒီယာနာ) ပြည်နယ်၊ (ဖို့ဒ်ဝိန်း) မြို့က ဇေတဝန်ကျောင်း ဒေါက်တာတင့်ဆွေ ၂၆-၄-၂ဝ၁၅

A visit to Forte Wayne နေ့ချင်းပြန် အလည်တခေါက်

Image
- အခုပဲ (ဖို့ဒ်ဝိန်း) မြို့ကပြန်ရောက်တယ်။ သားအငယ်ဆုံးမိသားစုနဲ့အတူသွားကြတာပါ။ လွန်ခဲ့တဲ့ ၁၁ နှစ်က သူနဲ့ပဲ တခေါက်ရောက်ဖူးတယ်။ - အဲဒီတုံးက ရာဇာတင့်ဆွေက Ball State University မှာ ကျောင်းတက်နေတုံး။ အခု ကလေး ၂ ယောက်ရှိနေပြီ။ - ဆရာမောင်စိုးချိန်နဲ့ ဇနီး ဒေါ်ဇင်ဇင်တို့ကလည်း လက်ဆောင်တွေပေးလိုက်သေးတယ်။ - နေ့လည်စာကို (ဘူဖေး) ဆိုင်မှာ ကိုခင်မောင်လေးကကျွေးတယ်။ ဒေါက်တာတင့်ဆွေ ၂၆-၄-၂ဝ၁၅

A visit to Forte Wayne နေ့ချင်းပြန် အလည်တခေါက်

Image
- အခုပဲ (ဖို့ဒ်ဝိန်း) မြို့ကပြန်ရောက်တယ်။ - ဇေတဝန်ကျောင်း ဆရာတော်ဆီလည်းရောက်တယ်။ ကျွန်တော့် ဖေ့စ်ဘွတ်ဆရာတော်ပါ။ - ရောဂါဘယတွေလည်း မေးလို့ဖြေခဲ့ပါသေးတယ်။ မြန်မာပြည်သူပြည်သားတွေအတွက် ဆက်လက်ပြီး အကျိုးဆောင်နိုင်ပါစေလို့ ဆုပေးပါတယ်။ ဒေါက်တာတင့်ဆွေ ၂၆-၄-၂ဝ၁၅

A visit to Forte Wayne နေ့ချင်းပြန် အလည်တခေါက်

Image
- အခုပဲ (ဖို့ဒ်ဝိန်း) မြို့ကပြန်ရောက်တယ်။ သားအငယ်ဆုံးမိသားစုနဲ့အတူသွားကြတာပါ။ - လွန်ခဲ့တဲ့ ၁၁ နှစ်က တခေါက်ရောက်တုံးက တညတာတည်းခိုခဲ့တဲ့ ကိုခင်မောင်လေးအိမ်မှာပဲ စတည်းချတယ်။ အဲဒီတုံးကတော့ သူကအိမ်ထောင်မကျသေး၊ အခုကလေး ၂ ယောက်ရှိပြီ။ - အသိမိတ်ဆွေတချို့နဲ့လည်းတွေ့တယ်။ NLD ပညာရေး၊ ကျန်းမာရေး ရံပုံငွေအတွက် မြန်မာပြည်က အဆိုတော်တွေလာမယ့်ကိစ္စလည်း ဆွေးနွေးခဲ့ပါသေးတယ်။ ဒေါက်တာတင့်ဆွေ ၂၆-၄-၂ဝ၁၅

A visit to Forte Wayne နေ့ချင်းပြန် အလည်တခေါက်

Image
- အခုပဲ (ဖို့ဒ်ဝိန်း) မြို့ကပြန်ရောက်တယ်။ သားအငယ်ဆုံးမိသားစုနဲ့အတူသွားကြတာပါ။ - လွန်ခဲ့တဲ့ ၁၁ နှစ်က တခေါက် ရောက်ဖူးတယ်။ အဲဒီတုံးက တညတာတည်းခိုခဲ့တဲ့ ကိုခင်မောင်လေးအိမ်မှာပဲ စတည်းချတယ်။ လက်ဆောင်လည်း ပေးလိုက်သေးတယ်။ ကင်ပွန်းရွက်။ - အရွက်ခူးခဲ့တဲ့အပင်နဲ့ အမှတ်တရပုံလဲရိုက်ခဲ့တယ်။ အပင်ပေါက်လည်းပေးလိုက်သေးတယ်။ ဒေါက်တာတင့်ဆွေ ၂၆-၄-၂ဝ၁၅