Cause and effect အကြောင်းနဲ့ အကျိုး

ပို့စ်တခု = ယင်းမာပင်မြို့နယ် ကုသိုလ်ဖြစ်ကျေးလက်ဆေးပေးခန်းလေးက ကြံ့ခိုင်ရေးမကောင်း

ဇီဝိတဒါန၊ ကုသိုလ်ဖြစ် စသဖြင့် ဆေးခန်းလေးတွေ စာသင်ကျောင်းလေးတွေရှိတယ်။ အခမဲ့အကျိုးဆောင်ပေးကြတာပါ။

အကျိုးဆောင်ဆိုတဲ့အသုံးတောင်မှ နောက်ပိုင်းမှာသာ သုံးလာတာဖြစ်တယ်။ ရှေ့နေကို အကျိုးဆောင် ခေါ်တာကတော့ ကြာပါပြီ။ ပွဲစားလုပ်တာကိုလည်း အကျိုးဆောင်လို့ သုံးတယ်။ (ဆာဗစ် ပရိုဗိုက်ဒါ) ဆိုတဲ့ (အင်ဂျီအို) စကားလုံးကို ဘာသာပြန်ရင်လည်း ဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင်ပဲတဲ့။ အစိုးရကနေ ဒေါ်လာ ၈ သိန်း ၄ သောင်းနဲ့ငှားလိုက်တဲ့ (လော်ဘီ) ဆိုတာလည်း ကြားပွဲစားအလုပ်ပဲ။

အဲတာတွေကြောင့် ဆေးခန်း၊ ကျောင်း၊ သာရေးနာရေး အခကြေးငွေမယူပဲလုပ်ကြတာကို အကျိုးဆောင်လို့သုံးရတာမျိုး မကြိုက်ချင်ပါ။ အကြောင်းကြောင့် အကျိုးဖြစ်တယ်လို့ အများက နားလည်ကြတယ်။ လူတိုင်းတော့ မဟုတ်ပါ။

Cause and effect အကြောင်းနဲ့အကျိုးသဘောများ -
- Concept of causality ဖီလောဆော်ဖီ အယူအဆ
- Karma in Buddhism ဗုဒ္ဓဘာသာ ကံတရား

ကုသိုလ်ဖြစ်တွေက အကျိုးပေးမှာမှန်ပေမယ့် အကျိုးမမျှာ်တာမျိုးဖြစ်တယ်။ (အကြောင်းဆောင်) တွေသာဖြစ်ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၅
Photo by Sein Win

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး