US exhibit shows women as objects and adverts

အမေရိကားမှာ အမျိုးသမီးတွေဟာ ပုံပြစရာဖြစ်တယ်

- အမေရိကားမှာ သမတရွေးကောက်ပွဲဟာ ဓါတ်ပုံအနုပညာနဲ့ ကြောငြာတွေမှာပါ လွှမ်းမိုးတယ်။ အဲဒီအထဲမှာ ဓါတ်ပုံဆရာ Hank Willis Thomas (ဟန့် ဝေးလ်စ် သောမတ်စ်) လည်းယောက်ဖြစ်တယ်။ အဖို-အမ ခေါ်တဲ့ (ဂျင်းဒါ) လိင်က သမတရွေးပွဲမှာ သူ့အတွက် အမြဲစဉ်းစားစရာဖြစ်တယ်လို့ဆိုတယ်။
- ၂ဝဝ၈ ခုနှစ်မှာ အိုဘားမား (ကင့်ပိန်း) လုပ်တုံးက တိုင်းပြည်ရဲ့မထမဆုံး လူမည်းသမတဖြစ်လာစေဘို့ သောမတ်စ်ဟာ အမည်းရောင်သင်္ကေတတွေကို သုံးခဲ့တယ်။
- ဒီနှစ်အတွက်တော့ ဟယ်လရီကလင်တန်က သမတရွေးပွဲမှာဝင်ပြိုင်မယ်လို့ ကြောငြာလိုက်တာနဲ့ အဖြူအမျိုးသမီးတွေက မော်ဒယ်တွေ ဖြစ်လာပါတော့တယ်။
- ၁၉၁၅-၂ဝ၁၅ လူဖြူအမျိုးသမီးတွေရဲ့ရာစုနှစ်လို့ခေါင်းစဉ်အောက်မှာ ရုပ်ပုံပေါင်း (၁ဝဝ) ကိုရိုက်ကူးထားပါတယ်။ ပါဝါ၊ မျိုးနွယ်နဲ့ လိင်အမျိုးမျိုးနဲ့ကိုယ်စီနဲ့ ပုံတွေကို နယူးယော့မှာရှိတဲ့ Jack Shainman Gallery ဂယ်လရီမှာပြသထားပါတယ်။

- မြန်မာပြည်မှာတော့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ စစ်စိမ်းရောင်ကနေ ကြံ့ခိုင်ရေးစိမ်းရောင်ဖြစ်လာခဲ့တယ်။
- လာမယ့် ၂ဝ၁၅ မှာ ချိတ်ထဘီမလာနိုင်အောင် ချိတ်ပုဆိုးတွေ ဝတ်ပြထားလို့ တကယ်ပဲကျိန်းကျေမှာလား။
- မြန်မာပြည်ကအနုပညာရှင်တွေ ဘယ်လိုစိတ်ကူးများရှိကြပါသလည်း။
- ဘယ်ဒီဇိုင်းမှလည်း ခေတ်တိုင်းမှာ ခေတ်စားတာမဟုတ်ပါ။ ဘယ်အရာမှလည်း (ပါမင့်နင့်) မဟုတ်ပါ။
- လူတွေက အသစ်ကိုသာ မျှော်လင့်နေကြပါတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၄-၂ဝ၁၅
Photo from Jack Shainman Gallery

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး