Cause of death ဦးဝင်းတင် ဘာကြောင့်ဆုံးပါးရသလဲ

ဆရာဦးဝင်းတင်ဆုံးတဲ့နေ့ကရေးခဲ့တဲ့စာကို ပြန်တင်ပါရစေ။

• ရွှေတောင်ကြီးပြိုပြီလို့ ခိုင်းနှိုင်းလောက်တဲ့ ဆုံးရှုံးမှုကြီးဆိုတာ ရှားတယ်။
• ကျွန်တော်တို့ တခါက ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ကမ်း၊ (ကေအင်န်ယူ) စခန်းတခုမှာ အစည်းအဝေး လုပ်ကြတုံးကပါ။ အစည်းအဝေးတရက်တာပြီးတော့ တချို့က ထိုင်းထဲပြန်သွားစရာရှိလို့ သောင်ရင်းမြစ်ထဲဆင်းပြီး၊ လှေကလေးနဲ့ တဖက်ကမ်းကိုကူးဘို့လုပ်နေကြချိန်မှာ ကျန်နေတဲ့လူတွေက ညနေပိုင်းရေဒီယိုနားထောင်ပြီး၊ ကုန်းပေါ်ကနေ ဦးဝင်းတင် လွတ်ပြီဆိုပြီး ဝမ်းသာအားရ အော်ပြောကြတယ်။ အားလုံးက လက်ခုပ်လက်ဝါးတီးကြပြီး၊ သတင်းကောင်းကို ကြိုဆိုကြတယ်။
• နာရီပိုင်းအတွင်း ဦးဝင်းတင် ထောက်ထဲပြန်ဝင်ပြန်ပြီဆိုတဲ့သတင်းက ဆက်လာပါတော့တယ်။
•ဆေးပညာမှာ Occupational Health Risks လုပ်ငန်းခွင်ကျန်းမာရေးအန္တရာယ်ဆိုပြီး ကဏ္ဍတခုရှိပါတယ်။
• မြန်မာပြည်မှာ ထူးထာတခုက Political Health Risks နိုင်ငံရေးလုပ်လို့ ကျန်းမာရေးအန္တရာယ်တွေကို တကယ် ကြုံကြရ၊ ခံစားကြရ၊ သေဆုံးကြရတာတွေရှိကြောင်း ဧပြီ ဂ ရက်နေ့က ကျွန်တော်ရေးလိုက်မိသေးတယ်။
• ဦးဝင်းတင်ရဲ့ရောဂါ (တွေ) ဟာ ဇရာကြောင့်လဲပါသလို နိုင်ငံရေးကြောင့် ထောင်ထဲမှာ ဆေးဝါးကုသမှု ညံ့ဖျင်း အောက်ကျလွန်းလို့ ဖြစ်ရတယ်ဆိုတာ မဟုတ်ပါဘူးလို့  ငြင်းမဲ့သူရှိရင် စိန်ခေါ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး