Smart phone not smart စမတ်ဖုန်းတွေ စမတ်မဖြစ်ပါ

- ကျွန်တော့်စာတွေကို ဖုန်းကနေဖတ်တာ အဆင်မပြဘူးပြောသူတွေကို ကိုယ့်ဖုန်း (ဆက်တင်) ပြင်သင့်တယ် ထင်ပါတယ်လို့ ပြန်ရေးပါတယ်။
- ခုတခါ ဖုန်းကနေစာရိုက်ပြီး (ချတ်) မှာ မေးခွန်းမေးတာတွေကို ကျွန်တော်ဖတ်ရတာ အဆင်မပြေတာ တွေ့လာရတယ်။
- ကျွန်တော်က (ချတ်) မှာ ကျန်းမာရေးမေးသူတွေနဲ့ အပြန်အလှန်စကားပြောသလို မလုပ်ပါ။ မေးခွန်းသာရေးထားခဲ့ပါလို့ စည်းကမ်းမှာထည့်ထားပါတယ်။ ကျွန်တော်က (အွန်လိုင်း) မှာရှိနေချိန်မှာသာ (ချတ်) မှာ ရေးလာတာကို တန်းသိတယ်။ အဖြေမလာသေးရင် သတိပေးပါလို့ရေးထားပါတယ်။ ပြောလာရင် လိုက်ရှာဖွင့်ရတာလည်း ID တွေက နာမည်တူတွေ များရင်၊ (ဖရင်း) ထဲမပါရင် အချိန်အတော်ကုန်တယ်။

- ဖုန်းကလေးကနေ စာရိုက်ရတာ ခက်မှန်းတော့ သိပါတယ်။ စီကာစဉ်ကာလေးရေးရင် နားလည်ရမခက်လှပါ။ မြန်မာလို ရေးနေရင်း ဂဏန်းကို အင်္ဂလိပ်လိုပြောင်းရိုက်ကြတာ၊ အဖြတ်အတောက်မပါပဲ စာကို အစအဆုံး ရိုက်တာလည်း နားမလည်ဘူး။ ပုဒ်မ၊ ပုဒ်ထီးအစား (ဒေါ့) တွေရိုက်တာလည်း နားမလည်ဘူး။

- (ချတ်) မှာ ရေးသူတွေက မေးခွန်းစည်းကမ်းအတိုင်းမရေးရင် ခက်ရော။ ကျား-မ၊ အသက် မေးယူရတယ်။ ကိုယ်ပဲနားလည်တဲ့ အသုံးမျိုးဆိုရင် နားမလည်ဘူး။ ဥပမာ (ကျွန်တော်တို့က အဲတာကိုလက်ခံလို့ မရသေးဘူးဖြစ်နေတာ) လို့ ရေးတာကို နားမလည်လို့မေးမှ ကိုယ်ဝန်ရှိနေတာကို မလိုချင်ဘူးပြောတာတဲ့။ (ပြနေတုန်းပဲ) ဆိုတာလည်း တပ်မေးမှ ဆီးစစ်တာ ၂ ကြောင်းပြနေတာတဲ့။ မှန်းယူလို့တော့ ရချင်ရမယ်။ ဆေးကုတာမှာ အဲလိုမလုပ်ရပါ။

- ကျွန်တော်က ဆေးစာတွေသာ ရေးပါတယ်။ (အွန်လိုင်း) ကနေ ဆေးကုသလို မလုပ်ပါ။ မလုပ်သင့်ပါ။
- ကျွန်တော့်ဆီက တတ်နိုင်တာထက်တော့ ပိုပြီးမမျှော်လင့်စေချင်ပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂ဝ-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး