Friday, April 24, 2015

Another uneasy day ကနေ့လည်း မချောင်ပါ

- မေးတာတွေများတာက အကြောင်းမဟုတ်ပါ။ တချို့ဆီက အဆင်မပြေတာတွေလာတယ်။
- ကွန်မင့်မှာနားမလည်တာရေးလို့ မေးတော့ဖြေပါတယ်။ အဲတာကိုလည်း နားမလည်ပြန်လို့ ဖျက်ပါရစေလို့ ခွင့်တောင်းရတယ်။
- မက်ဆေ့ကနေ တခုပြီးတခုမေးနေတယ်။ (၁ဝ) ခါလောက်နေတော့ (ဘလော့ခ်) ပါရစေ လုပ်လိုက်ရတယ်။
- တချို့ကလည်း ဖြေလိုက်ရတာကအရှည်ကြီး လိုက်နာမယ်လည်း မပြောဘူး။ နောက်မေးပြန်ရော။ တချို့က စာထဲပါပြီးသား ပြန်မေးနေတယ်။
- ဆေးစာတွေပို့ပြီးမှ ဆရာဝန်ဆီသွားလိုက်ပါမယ်တဲ့။ အဲလိုဆရာဝန်ဆီသွားပြနိုင်တဲ့ အခြေအနေရှိရင် မေးမနေသင့်ပါ။ အကူအညီမရနိုင်သူတွေကို ကူညီရတာက အကျိုးရှိတယ်။
- ဆေးရုံပြနေသူက ဆေးနည်းလာမေးတယ်။ ဆရာဝန်တဦးကြည့်နေတာကို နောက်တဦးက ဝင်မစွက်ရပါ။

- ကွန်မင့်မှာလာတဲ့ တချို့ (အီမိုးရှင်း) အရုပ်တွေကို နားမလည်ပါ။ ငိုတာလား၊ ရီတာလား မသိတဲ့ပုံတွေလာတယ်။
- တချို့က တင်ထားတဲ့ (ပို့စ်) ထက်ကြီးတဲ့ ပုံတွေ (သူများလုပ်ထားတဲ့ပုံတွေ) ကို (ကွန်မင့်) မှာလာကပ်ကြတယ်။ ကိုယ်တိုင်တီထွင်ထားတာကိုတော့ အားပေးတယ်။ သူများ လုပ်ထားတာကို ယူတင်တာမျိုးကို ခဏခဏမြင်နေရရင် စိတ်ဝင်စားမှုနည်းတယ်။ ညီးငွေ့စေတယ်။
- ကျွန်တော်က (ကွန်မင့်) မှာ ပုံတွေပို့တာကို သိပ်သဘောမကျလှပါ။ ကိုယ်တိုင်သဘောလို့ မထင်ဘူး။ အငှားအငိုခိုင်းတာကို ဧယင်ကျူးတယ်လို့ခေါ်တယ်။ အငှားလက်ခုပ်တီးခိုင်းတာလည်း တန်ဘိုးနည်းတယ်။

- ကြံဖန်ပြီး ဂုဏ်ယူလိုက်အုံးမယ်။
Uneasy lies the head that wears a crown. (King Henry the Fourth by William Shakespeare)
(ရှိတ်စပီးယား) ကရေးတယ်။ သရဖူဆောင်းတဲ့ခေါင်းမှာ ခက်တာချည်းပဲတဲ့။ ကျွန်တော့ခေါင်းတော့ အတော်ဖြူပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...