Aquagenic urticaria ရေနဲ့မတည့်တဲ့ရောဂါ

Aquagenic ရောဂါလေးအကြောင်း ကျေးဇူးပြု၍ တင်ပေးပါလို့ တောင်းဆိုပါတယ်ရှင့်။ သားလေးကရေချိုးရင် အဲလို အမြဲဖြစ်ပါတယ်။ ချွေးထွက်ရင်လည်း ဖြစ်ပါတယ်ရှင့်။

- Aquagenic urticaria ဆိုတာ ရေနဲ့ အလာဂျီဖြစ်တဲ့ရောဂါ။ အလွန်ရှားတယ်။ ဒါပေမယ့် တကယ့် (အလာဂျီ) တွေလို (ဟစ်တမင်း) ဓါတ်နဲ့မဆိုင်ပါ။ ဒါကြောင့်ကုသရာမှာ (အင်တီဟစ်တမင်း) ဆေးနဲ့ အကျိုးမများပါ။
- ရေနဲ့ထိရင် အရေပြားနာမယ်။ ရေအပူချိန်မတူရင် မတူသလို တုန့်ပြန်မှုဖြစ်မယ်။ ရေထဲပါတဲ့ (ကလိုရင်း) နဲ့ (ဖလိုရင်း) ဓါတ်ပါတာတွေမတူရင်လဲ ဖြစ်လာတာမတူပါ။ အဲဒီ ၂ ချက်လုံး မမှန်ဘူးပြောတာလည်းရှိပါတယ်။
- ရေချိုး၊ ရေကူး၊ မိုးရေထဲသွားတဲ့အခါဖြစ်မယ်။ ကံဆိုးသူတွေမှာ မျက်ရည်နဲ့ ချွေးကိုလည်းလက်မခံနိုင်ဖြစ်ရတယ်။
- Lactose intolerance နို့ထဲမှာပါတဲ့ (လက်တို့စ်) ဓါတ်ကို မခံနိုင်သူတွေမှာ တွဲဖြစ်တာလည်းရှိတယ်။ တကယ့် အလာဂျီနဲ့ပါတွဲနေတာလည်းရှိတယ်။
- မိသားစုထဲမှာ တယောက်မက တွေ့တယ်။ မိန်းကလေးတွေက ပိုများတယ်။
- ပျောက်အောင် ဆေးကုသမှု မရှိပါ။ ဆောရီး။
- (အင်တီဟစ်တမင်း) hydrochloride, hydroxyzine, terfenadine နဲ့ cyproheptadine ဆေးတွေတော့ပေးနိုင်တယ်။
- Corticosteroids (ကော်တီဇုန်း) လိမ်းဆေးနဲ့ စားဆေး၊ ထိုးဆေးတွေသုံးနိုင်တယ်။
- သိပ်ဆိုးတဲ့အခါ Epinephrine ဆေးပေးရတယ်။
- PUVA therapy ကုသနည်းလည်း တပတ် ၄ ကြိမ် စမ်းသုံးပါတယ်။
- Ultraviolet radiation ခရမ်းလွန်ရောင်ည်ြပေးနည်းလည်းစမ်းသုံးတယ်။
- Stanazolol ဆေးဖြစ်တဲ့ HIV အတွက်ပေးတာကိုလည်း သုံးနိုင်တယ်။
- Capsaicin ဆေးလည်းသုံးတယ်။
- Barrier methods ရေနဲ့တိုက်ရိုက်မထိစေအောင် ကြားခံအဖြစ် ဆီသုံးနိုင်တယ်။ oil in water solution နဲ့ emulsion cream တွေဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၈-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး