Sweet and Salty နားဝင်ချိုအောင်မပြောတတ်တဲ့ ဆရာဝန်

ကွန်မင့် (၁) ကိုကာကိုလာနဲ့လည်းမတည့်ဘူး ပြောတယ်ဆရာ။ မြွေဆိပ်ထက် ပြင်းတယ်တဲ့။ အဲ့ဒီနှစ်ခု တွဲပြီး သောက်မိ စားမိရင်...

ဟုတ် ဗီဒီယို လင့်ခ် တခုပို့လိုက်ပါတယ်။ တရုပ်မိသားတစု စားသောက်ကြတဲ့ဗီဒီယိုဖြစ်တယ်။ စားသောက်ပြီး စားပွဲကနေထသွားတဲ့သူ အဆုံးသတ်ပြောတာက I am fine တဲ့။

ကွန်မင့် (၂) ဆရာ သွေတိုးရောဂါရှိတဲ့သူတွေကို ဒူးရင်းသီး ငါးသလောက်ငါး၊ ပင်လယ်စာတွေစားရင် တက်တယ်လို့ အရပ်ထဲကလူတွေ ပြောကြတယ်။

ဟုတ် ကျွန်တော် နေရာဒေသပေါင်းများစွာမှာ နှစ်ပေါင်းများစွာနေခဲ့ရတယ်။ တက်တယ်ဆိုတာဘာလည်း မေးရင် တရွာတပုဒ်ဆန်း ဖြေကြတယ်။ သွေးတိုးအတွက် အငန် (ဆိုဒီယမ်) ကရန်သူဖြစ်တယ်။ ဒူးရင်းသီး ငါးသလောက်ငါး၊ ပင်လယ်စာတွေကို ငန်အောင်ချက်ရင် မတည့်ပါ။

လူတချို့က ဆရာဝန်ပြောတာထက် အရပ်ထဲပြောတာကို နားဝင်ချိုကြတယ်။ ကျွန်တော်လိုဆရာဝန်တွေက အသံမကောင်းကြလို့ပါ။ အချိုကြိုက်ပြီး အငန်မရှောင်ချင်ကြသူကများတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး