Rice ဆန်ဝယ်သွားကြတယ်
- Magnolia (မက်ဂနိုလီယာ) ပန်းကို အင်္ဂလိပ်-မြန်မာအဘိဓာန်မှာ တတိုင်းမွှေးပန်းလို့ဘာသာပြန်တယ်။ တလောက (ပို့စ်) တင်တော့ တချို့က စကားပန်းလို့ဖတ်ရကြောင်း (ကွန်မင့်) မှာရေးတယ်။ ကျွန်တော်တို့နေရတဲ့ (အပတ်တမင့်) ထဲမှာ စပွင့်နေပြီ။
- ကနေ့ရာသီဥတုက သာယာပြီး နေရာင်ကောင်းကောင်းရတယ်။ အိမ်ဘေးနားက (ဆာရဂါး) ခေါ်တဲ့ဈေးဆိုင်ကို ဆန်သွားဝယ်ဖြစ်ကြတယ်။ အန်တီအေးက ဆန်အိတ်ကို တွန်းလှည်းနဲ့သယ်လာတယ်။
- Asian Jasmine rice (အေးရှန်း ဂျက်စမင်) ဆန်။ အဲဒီဆန်ကို Basmati rice (ဘတ်စ်မာသီ) ဆန်နဲ့ ဆတူရောစားရင် ကျွန်တော်တို့ အညာသားတွေအကြိုက် အနေတော်ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၅-၄-၂ဝ၁၅

Comments
Post a Comment