Burma: An Enchanted Spirit ဗမာပြည် (သို့) သီဆိုမြည်တမ်းနေတဲ့ ဝိဉာဉ်တွေ

ဓါတ်ပုံစာအုပ်ထုတ်သူဟာ ဓါတ်ပုံပညာနဲ့ အနုပညာသမားဖြစ်တယ်လို့ မိတ်ဆက်ထားတယ်။ David Heath (ဒေးဗစ် ဟဲ့သ်) လက်ရာပါ။ (ဟဲ့သ်) ဆိုတာနဲ့ စိတ်ဝင်စားလို့ ဖတ်ရာကနေတွေ့မိတာပါ။ ခင်ဗျားတို့မှာလည်း ဓါတ်ပုံ ကောင်းကောင်းတွေ ရှိမှာပါပဲ။ ကျွန်တော့်ပုံတွေက ပိုပြီးတောက်ပ၊ လှပကြတယ်လို့ ကြော်ငြာထားတယ်။

အမှာစာရေးသူတဦးက ဒုက္ခတွေရောက်ခဲ့တဲ့နိုင်ငံက အမာရွတ်တွေကိုပြချင်တာလို့ ဆိုပါတယ်။ စစ်သားတွေရဲ့ တိုက်ပွဲ ဒဏ်ရာတွေကို ငေးကြည့်မယ့်အစား သူတို့ကို သယ်ဆောင်ကြရသူတွေ ပြုံးရယ်နေတာကို ပြချင်တာပါလို့ဆိုတယ်။ မြန်မာ (သို့) ဗားမားဟာ အဲလိုတိုင်းပြည်တွေထဲကတခုပါ။ နာမည်ကိုက အမာရွတ်ပါ။ အဲဒီနေရာဒေသမှာ အလွှာပေါင်းစုံ ရောယှက်နေတာပါတဲ့။

စာအုပ်ကို (နစ် မိုင်လိမ်းစ်) က မိတ်ဆက်ပေးထားပါတယ်။ အပြုံးတွေကသာ အရာရောက်တယ်။ သူ့ခေါင်းစဉ်တွေက ခေါင်းစီးတွေထက်တာသွားတယ်။

ကျွန်တော် ဒီပုံကိုတင်တော့ ကွန်မင့်တွေ အမျိုးမျိုးပေးကြတယ်။ သူများတွေနဲ့တော့ ယှဉ်မရပေမယ့် တိုးတက်လာပါတယ်။ ဒီပုံကဟောင်းနေပါပြီ၊ အခုဒိထက်ကောင်းလာပြီ စသဖြင့်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဘတ်စ်ကားတိုးစီးနေတဲ့ပုံကို သုံးမိတော့ တယောက်က အဲလိုညံ့တာတွေ အခုမရှိတော့ပါဘူးလို့ ရေးလာတယ်။ နောက်မှာ ကျွန်တော်ကျမတို့ဆီမှာ အဲတာမျိုးတွေ အခုထိရှိပါတယ်လို့ ဝိုင်းထောက်ခံကြလို့ သက်သာသွားတယ်။

ကျွန်တော်က အရှိကိုသာ သိချင်ရေးချင်ပါတယ်။ ဓါတ်ပုံတွေက ဟောင်းချင်ဟောင်းမှာပေါ့။ အဖြစ်အပျက်တွေက ဟောင်းချင်ဟောင်းမှာပေါ့။ ပုဂံကပုံတွေချည်းပြပြီး အနော်ရထာသာမဟုတ်ပါ၊ တရုပ်ပြေးမင်းနရသီဟပတေ့လည်း ကျွန်တော်တို့တိုင်းပြည်က ဘုရင်ပဲမဟုတ်ပါလား။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး