Child malaria vaccine ကလေးငှက်ဖျားကာကွယ်ဆေးစမ်းသပ်မှု မျှော်လင်ချက်ကောင်း

၂၄-၄-၂ဝ၁၅ နေ့ထွက် ဆေးသုတေသနသတင်းဖြစ်တယ်။ ငှက်ဖျားကာကွယ်ဆေးကို ကလေးတွေကိုထိုးပေးဘို့ နောက်ဆုံး လက်တွေ့ စမ်းသပ်မှုရဲ့ရလဒ်တွေကိုကြည့်ပြီး မျှော်လင်ချက်ကောင်းတယ်လို့ ဆိုပါတယ်။

အာဖရိက ၇ နိုင်ငံမှာ အသက် ၅ လကနေ ၁၇ လအရွယ် ကလေးပေါင်း ၁၆ဝဝဝ ကို ဒုတိယအကြိမ်ထိုးပြီး စမ်းတုံးကတော့ ထိရောက်မှုမရှိတာ တွေ့ရပါတယ်။ နောက်မှာ တတိယထပ်ထိုးပေးတော့ ၄၆% ကာကွယ်နိုင်လာတယ်။

အဲလိုငှက်ဖျားကာကွယ်ဆေးကိုစမ်းနေတာ နှစ်ပေါင်း ၂ဝ ကျော်ရှိပါပြီ။ တကယ်သုံးလာနိုင်ဘို့လည်း လိုပါသေးတယ်။

ဆာဟာရအောက်ပိုင်းနိုင်ငံတွေမှာ နေ့စဉ်ကလေးပေါင်း ၁၃ဝဝ သေဆုံးနေရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂ဝ၁၅
http://www.bbc.com/news/health-32437383

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး