Commercial products ကြော်ငြာဆေးတွေ
ဆရာရှင့် လေးစားစွာဖြင့် မေးခွန်းလေးတစ်ခု မေးချင်ပါတယ်။ ခုရက်ပိုင်းတွင် facebook ပေါ်မှာတွေတဲ့ အမျိုးသမီးသုံး ဆေးကြော်ငြာလေးပါ။ အဲဒီဆေးဟာ တရားဝင်တင်သွင်းတယ်လို့ ပြောထားပါတယ်။ သိချင်တာက ဆေးကိုသုံးစွဲရင် ဖြစ်နိုင်မယ့် အကျိုးမပြစ်နဲ့ ဘယ်အခြေမှာ သုံးသင့်၊ မသင့်ကို ပြည့်စုံစွာသိချင်တာပါ။ FillyMor ပါဆရာ။
• FillyMor ကို အရင်လည်းမေးကြလို့ ၄-၂-၂ဝ၁၅ နေ့ကရေးဖြစ်ပါတယ်။
• ခဏခဏဖြေရတယ်။ ကြော်ငြာဆေးသာဖြစ်ပါတယ်။ ဆေးသုတေသနမတွေ့ပါ။ အကောင်း-အဆိုး၊ ဘေးထွက် ဆိုးကျိုးတွေကို တိတိကျကျမပြောနိုင်ပါ။
• အရင်မေးသူတယောက်အပြောအရ ကောင်းစေတယ်ဆိုတဲ့ ရင်သားနဲ့ သားအိမ်ဆိုတာ တခြားစီဖြစ်တယ်။
ဆေးကြော်ငြာ ဖေ့စ်ဘွတ်မှာ Fillymor FinFin - Vitamins/Supplements လို့ရေးထားတယ်။ FDA ခေါ်တဲ့ ဆေးဝါးနဲ့ အစားအသောက်အာဏာပိုင်အဖွဲ့ သတ်မှတ်စည်းကမ်းကနေလွတ်အောင် အဲလို ဗီတာမင်နဲ့ အာဟာရ အမျိုးအစား လုပ်ကြတာဖြစ်တယ်။ အမေရိကားနဲ့ ဥရောပမှာလည်း အဲလိုပဲ။ မနက်ကတင် အဲလိုရောင်းကုန်တချို့ကို ရောင်းတဲ့ ဆေးကမ္ပဏီကဆေးတွေ ပြန်သိမ်းတဲ့သတင်း တင်လိုက်ပါသေးတယ်။
• ဆေးကြော်ငြာတွေထဲက မိန်းကလေးတွေဟာ ဆေးမထုတ်ခင်ကတည်းက လှနေတာဖြစ်ပါတယ်။ ဆေးအကြောင်းလဲ သိကြသူတွေမဟုတ်ပါ။ အသားဖြူဆေးကြော်ငြာမိန်းကလေးက ဆေးမပေါ်ခင်ကတည်းဖြူပြီးသား။
• ကြော်ညာဆေးတွေကို မယုံကြဘို့ စာတွေရေးရတာ မနည်းတော့ပါ။ ဆရာဝန်ဆိုတာ ဆေးကို ကောင်းမကောင်းပြောရင် ဆေးထဲမှာ ဘယ်လိုဓါတ်တွေပါသလည်း။ အဲတာတွေရဲ့ ဆေးစွမ်းနဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဆေးသုတေသနနဲ့ လေ့လာ ဆန်းစစ်မှုအရသာပြောရတယ်။ သက်သေခံချက်ဆိုတာတွေ ကြော်ငြာဆေးတိုင်းမှာ ဘယ်သူကတော့ ဘယ်လို ကောင်းပါတယ်လို့ ပါတာကိုတော့ အတည်မယူပါ။ သူများစီးပွါးရေးကိုလည်း ထိခိုက်စေချင်တာမဟုတ်ပါ။
ရေးတင်ထားတာတွေရှိပါတယ်။
- Adoxy Cellfood အမေးများတဲ့ဆေး http://doctortintswe.blogspot.com/2014/11/adoxy-cellfood.html
- A-Ra collagen ထိုင်းကလာတဲ့ ကြော်ငြာဆေး http://doctortintswe.blogspot.com/2014/12/a-ra-collagen.html
- Commercial medicine ဆေးလှလှလေးတွေ ဝယ်ကြမလား http://doctortintswe.blogspot.com/2015/04/commercial-medicine.html
- Commercial treatments ကြော်ငြာဆေး ထပ်မေးလာ http://doctortintswe.blogspot.com/2015/03/commercial-treatments_39.html http://doctortintswe.blogspot.com/2015/03/commercial-treatments_39.html
- Commercial ကြော်ငြာပါရစေ http://doctortintswe.blogspot.com/2015/03/commercial.html - FDA warns of liver injury from muscle-building supplement ကြွက်သားအားကောင်းအောင်သုံးတဲ့ဆေး သတိပေး http://doctortintswe.blogspot.com/2015/04/fda-warns-of-liver-injury-from-muscle.html
- Medicine Ad ကြော်ညာဆေးနောက်တမျိုး http://doctortintswe.blogspot.com/2015/03/medicine-ad.html
- Self-styled medicines ကြော်ငြာဆေး ဘေးဖြစ်နိုင်တယ် http://doctortintswe.blogspot.com/2015/03/self-styled-medicines.html
- Skin Whitening Injection အသားဖြူဆေး http://doctortintswe.blogspot.com/2015/03/skin-whitening-injection.html
- Unapproved medicines ကြော်ငြာဆေးတွေ http://doctortintswe.blogspot.com/2015/03/unapproved-medicines.html
ဒေါက်တာတင့်ဆွေ
၁၄-၄-၂ဝ၁၅

Comments
Post a Comment