Preventable rabies kills 160 people per day

- ကာကွယ်လို့ရတဲ့ခွေးရူးရောဂါကြောင့် တနေ့မှာ လူ ၁၆ဝ သေဆုံးနေရပါတယ်။
- တနှစ်မှာ လူပေါင်း ၅၉ဝဝဝ ယောက် ခွေးရူးကိုက်ခံရေတယ်လို့ Global Alliance for Rabies Control ကမ္ဘာ့ခွေးရူးရောဂါ မဟာမိတ် (ထိန်းချုပ်ရေး) အဖွဲ့က ပြောလိုက်ပါတယ်။
- ဆက်ပြောတာကတော့ ဝင်ငွေနည်းတိုင်းပြည်တွေမှာ ခွေးရူးကာကွယ်ဆေးထိုးဘို့ ပိုပြီးလိုအပ်နေတယ်။ ခွေးရူး ကာကွယ်ဆေးဟာလည်း တတ်နိုင်တဲ့တန်ဘိုးဖြစ်သင့်တယ်။ ရနိုင်တဲ့နေရာတွေလဲ ကျယ်ပြန့်ရပါမယ်။
- ခွေးရူးရောဂါဟာ ခွေးမှာသာအဖြစ်များပေမယ့် နို့တိုက်သတ္တဝါတွေ အကုန်ကိုကူးစက်နိုင်တယ်။ လူတွေကိုကိုက်တာ ၉၉% က ခွေးရူးကနေဖြစ်တယ်။
- တိုးတက်တဲ့တိုင်းပြည် ဥပမာ ဗြိတိန်မှာတော့ ခွေးအားလုံးကို ကာကွယ်ဆေးအပြည့်ထိုးထားပါတယ်။
- နေ့တိုင်း လူ ၁၆ဝ သေဆုံးနေရတာထဲမှာ အာရှတိုက်က ၆ဝ% နဲ့ အာဖရိကတိုက်က ၃၆% ပါတယ်။ လူသေသမျှထဲမှာ အိန္ဒိယမှာ ၃၅% ပါတယ်။
- ခွေးရူးရောဂါကို ၁ဝဝ% ကာကွယ်လို့ရပါတယ်။ မကာကွယ်ရင် သေပါမယ်။

http://doctortintswe.blogspot.com/2015/02/arv.html

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး