$10 Copy of Gilead Blockbuster Sovaldi Appears in Bangladesh

ဈေးချိုတဲ့ အသည်းရောင် (စီ) ပိုးကုသဆေး (ဆိုဗယ်လ်ဒီ) ရနိုင်ပါပြီ

• အသည်းရောင် (စီ) ပိုးကူးစက်မှုဟာ ဝင်ငွေအလယ်အလတ်ရှိရာဒေသတွေမှာ ၇၃% နဲ့ အများဆုံးဖြစ်ပါတယ်။ ဘရာဇီးလ်မှာ ၂့၆ သန်း၊ ထိုင်းမှာ ၁့၅ သန်းရှိနေပါတယ်။
• အမေရိကားအခြေစိုက် Gilead Sciences Inc. ဆေးကုမ္ပဏီကထုတ်တဲ့ Sovaldi (ဆိုဗယ်လ်ဒီ) ဆေးနဲ့ Harvoni (ဟာဗိုနီ) ဆေးတွေကြောင့် အသည်းရောင် (စီ) ကုသရေးမှာ တော်လှန်မှုကို ဖြစ်စေခဲ့တာအမှန်ဖြစ်ပါတယ်။
• (ဆိုဗယ်လ်ဒီ) ဆေး ၁ ပြားကို ယူအက်စ်မှာ ဒေါ်လာ (၁ဝဝဝ) ပေးရတယ်။ ၁၂ ပတ်စာအတွက် ဒေါ်လာ ၈၄ဝဝဝ ကုန်ကျပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆေးရောင်းရငွေ ၁ဝ့၃ ဘီလီယန်ရှိခဲ့ပါတယ်။
• (ဂေးလိဒ်) ကနေ ဆင်းရဲတဲ့နိုင်ငံတွေမှာ (ဆိုဗယ်လ်ဒီ) ဆေးကို ဈေးချိုချိုနဲ့ ထုတ်ဖို့အတွက် လိုင်စင်ထုတ်ပေးထားတာ (၉၁) နိုင်ငံရှိပါတယ်။
• ဈေးချိုတဲ့ဆေးထုတ်ဖို့ ဘင်္ဂလားဒက်ရှ်နိုင်ငံကနေ ဗွေဆော်ဦးထွက်လာတာ ဖြစ်ပါတယ်။ (၁ဝ) ဒေါ်လာသာ ပေးရမယ်။ ဒက္ကားမှရှိတဲ့ Incepta Pharmaceuticals Ltd. ဆေးကုမ္ပဏီကနေ နိုင်ငံတကာဆေးအရည်အသွေး စစ်ဆေးခံဘို့ လျှောက်လွှာပြင်ဆင်နေပါပြီ။ သူ့တိုင်းပြည်ထဲမှာတော့ အသိအမှတ်ပြုခံရပြီး ဖြစ်ပါတယ်။
• ဘင်္ဂလားဒက်ရှ်မှာ ဆေးမူလပိုင်ရှင် (ဂေးလိဒ်) ဆီက လိုင်စင်မရပဲထုတ်တာဖြစ်တယ်။ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေကိုပါ ရောင်းမယ်လို့ ဆေးကုမ္ပဏီက စီမံခန့်ခွဲမှုဒါရိုက်တာ Abdul Muktadir (အဘဒူ မုခ်တာဒါး) ကနေ ပြီးခဲ့တဲ့လမှာ ပြောလိုက်ပါတယ်။ Incepta ကနေထုတ်တဲ့ Sovaldi ကော်ပီဆေးကို Hopetavir လို့ခေါ်ပါတယ်။
• ဒီဆေးကုမဏီကို ၁၉၉၉ ကတည်းကထူထောင်ထားပြီး ဆေးအမယ်ပေါင်း ၆ဝဝ ကျော် ထုတ်လုပ်နေပါတယ်။ မွန်ဂိုးလီးယား၊ ဆိုမာလီ၊ အီသီယိုးပီးယား၊ ကွန်ဂို၊ အာဖကန်စတဲ့ နိုင်ငံပေါင်း ၄ဝ ကိုတင်ပို့နေပါတယ်။ ဒါ့ပြင် ဖင်လန်၊ ယူကေ၊ ယူကရိန်နဲ့ တူရကီနိုင်ငံတွေကိုလည်းဆေးရောင်းနိုင်ပါတယ်။
• ဘင်္ဂလားဒက်ရှ်ဟာ မြန်မာနိုင်ငံလိုပဲ LDC ဖွံ့ဖြိုမှုအနည်းဆုံးနိုင်ငံဖြစ်လို့ WHO စည်းကမ်းအရ ဆေးထုတ်တာမှာ (ပေးတင့်) မလိုပါ။ လိုင်စင်မရပဲ ဆေးထုတ်မှာတွေထဲမှာ ထိုင်း၊ မလေးရှား၊ မောရိုကို နိုင်ငံတွေလည်းပါတယ်။
• အိန္ဒိယမှာ လိုင်စင်ယူထားတဲ့ဆေးကုမ္ပဏီကြီးတွေရဲ့အရင် အခုလိုဘင်္ဂလားဒက်ရှ်ကနေ ထုတ်လုပ်ရောင်းချတာ ဖြစ်ပါတယ်။ အိန္ဒိယ Incepta ကနေထုတ်တဲ့ ဆေးကို ၁၂ ပတ်စာအတွက် ဒေါ်လာ (၉ဝဝ) ကုန်ကျပါမယ်။ အဲဒီ အိန္ဒိယ Incepta ကနေထုတ်တဲ့ဆေးကို အရည်အသွေးစစ်ဆေးဖို့ WHO အဖွဲ့ကြီးကနေ ပြောထားပါပြီ။ အိန္ဒိယမှာ လိုင်စင်ရထားတဲ့ ဆေးကုမ္ပဏီ (၁၁) ခုရှိပါတယ်။ Cipla Ltd., Hetero Labs Ltd., Mylan Laboratories Ltd., Ranbaxy Laboratories Ltd. နဲ့ Natco တွေလည်းအပါအဝင်ဖြစ်ပါတယ်။
• နယ်စီးမခြားဆရာဝန်များ Doctors Without Borders ကနေ ဒီလိုဈေးချိုတဲ့ဆေးကို WHO စည်းကမ်းနဲ့ ညီတဲ့ဆီက အများအပြား ဝယ်ယူဘို့လုပ်နေပါတယ်။
• အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘဂ်မှာရှိတဲ့ အိန္ဒိယ Natco Pharma Ltd. ဆေးကုမဏီကနေ နီပေါလ်နိုင်ငံမှာ ဒီလထဲမှာ ဆေးထုတ်ပါတော့မယ်။ ဆေး ၂၈ လုံးပါတဘူးကို (ရူးပီး ၁၉၉ဝဝ) ၃၁၈ ဒေါ်လာကုန်ကျပါမယ်။
• အိန္ဒိယမှာပဲ (အွန်လိုင်း) ကနေကြော်ငြာပြီးဆေးရောင်းနေပါတယ်။ ဈေးနှုန်းကိုတိတိကျကျရေးမထားပဲ ဖုန်းဆက်ပါလို့ ဆိုပါတယ်။ ဆေးအရည်အသွေးစစ်ဆေးမှု မသိပါ။
Best Buy SOVALDI 400mg (Sofosbuvir) Tablets in INDIA. Need to contact +91 8744090915 for Cost Price of Medicines. http://indianpharmanetwork.in/cancer_chemotherapy_medicines/buy_solvaldi_for_chronic_hepatitis_c.html
$10 Copy of Gilead Blockbuster Sovaldi Appears in Bangladesh http://www.bloomberg.com/news/articles/2015-03-08/-10-copy-of-gilead-s-blockbuster-sovaldi-appears-in-bangladesh

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး