Selfie ကိုယ့်ပုံကိုရိုက်ပြခြင်း

ကျွန်တော် ရေးတာလေးတွေအောက်မှာ မှတ်ချက်ရေးသူတချို့ ချီးကျူးစကာမျိုး တခါတခါရေးလာကြတယ်။

အားလုံးကို တစုတည်းပြန်ရေးပါရစေ။ ကျွန်တော်က ကိုယ်လုပ်တာတွေ ရေးပြနေတဲ့သူဖြစ်တယ်။ တချို့က အဲလိုမရေးကြ မပြောကြပါ။ ရေးတယ်ပြောတယ်ဆိုတာ ကြွားနည်းတမျိုးဖြစ်တယ်။ ကိုယ်အဆဲခံရတာမျိုး ထည့်မရေးကြဘူး။

ကျွန်တော်က အလွန်ဆုံးရေးမှ ၁၉၉ဝ ရွေးကောက်ပွဲမဲစည်းရုံးရေးလုပ်တုံးက တရွာမှာ ကျွန်တော်ဟောပြောနေတုံး အိမ်ခေါင်မိုးပေါ် ခဲကျတာ။ မဲရုံ (၃) ရုံမှာရှုံးခဲ့တာလောက်ပဲ ရေးပါတယ်။ ဆိုးဝါးတာတွေလည်း ကြုံခဲ့ဘူးပါတယ်။ ရေးပြနေလည်း အကျိုးမများလောက်လို့ မရေးတာပါ။ တို့ထိတို့ထိလောက်သာ ရေးဘူးပါတယ်။

(ဆယ်လ်ဖီ) ဓါတ်ပုံရိုက်တဲ့လူတွေလိုပေါ့။ အမာရွတ်နေရာကို ရိုက်မပြကြဘူး။ ကျွန်တော့်မှာ အမာရွတ်တွေအများကြီး။ မြင်နိုင်တာတွေရော၊ မျက်စိနဲ့မမြင်နိုင်တာတွေရော။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂ဝ၁၅

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်