Saturday, April 18, 2015

The strange afterlife of Einstein's brain

သေပြီးလည်း ထူးဆန်းတဲ့ (အိုင်းစတိုင်း) ဦးနှောက်ခေါင်းစဉ်နဲ့ ဆေးပညာဆောင်းပါးကို (ဘီဘီစီ ဝဘ်ဆိုက်) မှာ ကနေ့ ရေးသားလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၆ဝ တိတိ ၁၈-၄-၁၉၅၅ နေ့ မနက် ၁ နာရီ ၁၅ မိနစ်မှာ ဂျာမန်လိုမျိုး ရူပဗေဒပညာရှင်၊ ငြိမ်းချမ်းရေး အကျိုးဆောင်၊ ပါရမီရှင် (အဲဗတ် အိုင်းစတိုင်း) အမေရိကန်ပြည်ထောင်စု နယူးဂျာစီမှာ ကွယ်လွန်ခဲ့ပါတယ်။ Theory of relativity (နှိုင်းရသီအိုရီ) ဟာ နာမည်အကြီးဆုံးဖြစ်ပါတယ်။ အဲဒါကြောင့်သာ နယူကလီယာဆိုတာ ဖြစ်လာတာပါ။

(အိုင်းစတိုင်း) ကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၆ဝ ရှိပြီ။ သူ့ဦးနှောက်ကို ဖန်ပေါင်းချောင်တွေ၊ ဆလိုက်တွေနဲ့ ဓါတ်ပုံတွေမှာ သိမ်းထားပါတယ်။ သုတေသနလုပ်သူတွေက ကနေ့အထိအံ့သြမဆုံးဖြစ်နေရတယ်။ သူသေဆုံးချိန်က သူ့အနားမှာရှိတဲ့ သူနာပြုဆရာမက ဂျာမန်စကားမတတ်သူဖြစ်လို့ (အိုင်းစတိုင်း) ရဲ့ နောက်ဆုံးစကားဟာ ဘာလည်းလို့ ဘယ်သူမှ မသိနိုင်တော့ပါ။ သူ့အသုဘရောက်တော့ ခေါင်းထဲက သူ့ကိုယ်ခန္ဓာမှာ ဦးနှောက်ပါမလာတာကို သူ့သား (ဟန့်စ် အဲလဗတ်) က သတိထားမိပါတယ်။

သူ့အလောင်းကိုခွဲရတဲ့ ရောဂါဗေဒဆရာဝန် ဒေါက်တာ (သောမတ်စ် ဟာဗေ) က သေဆုံးရတဲ့အကြောင်းရင်းကို ရှာရပါတယ်။ (အေအိုတာ) ခေါ် အကြီးဆုံးသွေးလွှတ်ကြောကြီးကွဲနေတာကိုတွေ့ပါတယ်။ သူကပဲ ဦးနှောက်ကို ထုတ်ယူခဲ့တာပါ။ ပညာရပ်ဆိုင်ရာမျှော်ကိုးချက်နဲ့လုပ်တာဖြစ်ပါတယ်။ ဒါပေမယ့် နှစ်တွေကြာပေမယ့် (အိုင်စတိုင်း) ဦးနှောက်လေ့လာမှု ဆေးသိပ္ပံစာတမ်းထွက်မလာပါ။

၁၉၇၈ ခုနှစ် သတင်းထောက် (စတီဗင် လီဗေ) ကနေ (အိုင်းစတိုင်း) ဦးနှောက်ကို ဓါတ်ပုံရိုက်ဖို့ (ပရင့်စ်တွန်) ဆေးပညာဌာနကိုလာပေမယ့် ဦးနှောက်မတွေ့ရပါ။ နောက်လိုက်တော့ (ကင်းဆပ်စ်) (ဝီချီတာ) မှာခြေရာခံလို့ရပါတယ်။
နောက်ဆုံးမှာ (လီဗီ) ဆောင်းပါး နယူးဂျာစီလစဉ်မှာပါလာတယ်။

ဒေါက်တာ (ဟာဗေး) က (အိုင်းစတိုင်း) ဦးနှောက်ကို အစိတ်အပိုင်းပေါင်း ၂၄ဝ လုပ်တယ်။ ၁၂ စုံနဲ့ ဆလိုက် ၂ဝဝ ရှိတယ်။
ဦးနှောက်က ၁၂၃ဝ ဂရမ်လေးတယ်။ (ဟာဗေး) ရေးတာကို ၁၉၇၈ နွေမှာထွက်လာတယ်။ ကယ်လီဖိုးနီးယားက ဒေါက်တာ (ဓိုင်းမွန်း) က နမူနာတောင်းလို့ သကြားတုံးအရွယ် ၄ ခုပို့ပေးတယ်။ သူ့စာတမ်း ၁၉၈၅ မှာ ထွက်လာတယ်။ သူရတာတွေ ထဲမှာ Glial cells တွေပါတယ်။ (နူရုံး) တိုင်းမှာရှိတာမျိုးဖြစ်တယ်။ ကြွက်တွေမှာ နိုးဆွမှုပေးတဲ့အခါ (ဂလိုင်ရယ် ဆဲလ်) များတာတွေ့ရပေမယ့် (အိုင်စတိုင်း) ဦးနှောက်မှာ နည်းနေတာ တွေ့ရတယ်။

၁၉၉၆ မှာ (ဘာမင်ဟမ်) မှာရှိတဲ့ (အယ်ဘားမား) တက္ကသိုလ်က ဒေါက်တာ Britt Anderson (ဘရစ်တ် အန်ဒါဆင်) က လေ့လာမှု စာတမ်းရေးတယ်။ prefrontal cortex ဦးနှောက်ရှေ့ပိုင်း (ကောတက်စ်) နေရာကို လေ့လာခဲ့တာဖြစ်တယ်။ သူတွေ့တာက (နူရုန်း) အရေအတွက်ဟာ ဦးနှောက် control group ထိန်းချုပ်နေရာနဲ့ မျှခြေတူဖြစ်တယ်။ ဒါပေမယ့် တင်းကြပ်နေအောင်စီထားတယ်။ အဲတာဟာ သတင်းအချက်အလက်ကို (ပရောဆက်စ်) လုပ်ဘို့ မြန်စေမယ်လို့ ယူဆတယ်။

၁၉၉၉ (လန်းဆက်) စာတမ်းကို ကနေဒါ McMaster University (မဂ်မာစတာ) တက္ကသိုလ်က Sandra Witelson (စန္ဒရာ ဝစ်တယ်လ်ဆန်) ကရေးတယ်။ ဟာဗေးရဲ့ ဓါတ်ပုံတွေကို လေ့လာတာဖြစ်တယ်။ inferior parietal lobule အောက်ဘေး နေရာတွေဟာ spatial cognition အထူးအသိဥာဏ်နဲ့ mathematical thought သင်္ချာစဉ်းစားမှုအတွက်လို့ ယူဆတယ်။ ပုံမှန်ထက် ကျယ်နေတယ်။

၂ဝ၁၂ ခုမှာ မနုဿဗေဒပညာရှင် Dean Falk (ဒင်း ဖေါ့လ်) ကဆက်လေ့လာတယ်။ mid-frontal lobe ဦးနှောက် ရှေ့-အလယ်ပိုင်းမှာ ridge အပိုတန်းတခုပါတာက အထူးခြားဆုံးဖြစ်မယ်။ အဲတာဟာ အစီအမံလုပ်တာနဲ့ မှတ်ဥာဏ်အတွက် ဖြစ်မယ်။ လူအများစုမှာ အဲလိုတန်း (၃) ခုပါတယ်။ (အိုင်းစတိုင်း) မှာ (၄) ခုပါတယ်။ parietal lobes ဘေးအပိုင်း တွေမှာလည်း asymmetric မညီမညာဖြစ်နေတာတွေ့ရတယ်။ right motor strip ညာ (မော်တာ) အပိုင်းမှာ knob ဘုတခု ပါနေတယ်။ အဲတာကို sign of omega (အိုမီဂါ ဆိုင်း) လို့ ခေါ်တယ်။ လက်ဝဲလက်သုံး တေးဂီတပညာရှင် ဖြစ်တာနဲ့ ဆိုင်တယ်။ (အိုင်းစတိုင်း) က တယောထိုးတယ်။

၂ဝ၁၃ မှာ (ဒင်း ဖေါ့လ်) ကပဲ (အိုင်းစတိုင်း) ရဲ့ corpus callosum (ကေားပတ်စ် ကလိုဆမ်) ဟာ ထုံးစံနဲ့မတူတာကို တွေ့တယ်။ ဘယ်-ညာ hemispheres အခြမ်းတွေကို ဆက်နေတဲ့နေရာ။ (အိုင်းစတိုင်း) မှာ control group အထိန်းအုပ်စု ထက် ထူနေတယ်။

မေးစရာရှိပါတယ်။ (အိုင်းစတိုင်း) ဟာ အဲလိုထူးခြားတာတွေကြောင့် အဆင့်အတန်းမြင့်တာတွေ တွေးခေါ်နိုင်တာလား။ (ဖေါ့လ်) ပြောတာကတော့ ဘဝအတွေ့အကြုံတွေနဲ့ ဦးနှောက်နေရာတွေဆက်စပ်မှုကိုပြောရတာ ပိုခက်ခဲပါသတဲ့။

ဒေါက်တာတင့်ဆွေ
၁၈-၄-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အမည်ကစ မှားတဲ့ ဆေးနည်း

၁။ အောင်မဲညို ပန်းပွင့်က ကင်ဆာရောဂါဖြစ်မဖြစ်အငြင်းပွားနေကြတယ် ဆရာ။ ဆရာ ရှင်းပြပေးတာလေ သိချင်ပါတယ် ခင်ဗျ။ ၂။ အောင်မဲညို အပွင့်က အဆိပ် ရှိ...