Image reading အရိပ်ပြရင် အကောင်ထင်စေချင်

လွန်ခဲ့တဲ့ ၂ နှစ်က ကနေ့တင်လိုက်တဲ့ (ပို့စ်) ၂ ခုမှာ မှတ်ချက်ရေးသူတချို့က ကျွန်တော်ပေးချင်ချင်တဲ့ (မက်ဆေ့ခ်ျ) ကို မငုံမိကြပါ။ ရန်ကုန်မြို့ပတ်ရထားနဲ့ ပုဂံ။ မြို့ပတ်ရထားပုံအောက်မှာ အဲလိုဟာတွေထက် ကောင်းတာတွေရှိနေပြီလို့ ရေးတာတွေ့တယ်။ ပုဂံကိုကြတော့ ရှုခင်းကောင်းတာ၊ လှတာ၊ လွမ်းစရာကိုရေးတယ်။ နှစ်ခုလုံးမှာ ကျွန်တော် ဆိုလိုချင်တာက အဲတာတွေမဟုတ်ပါ။ ကျွန်တော်တို့နိုင်ငံထဲက တကယ့်အရှိကို သူများတွေကကြည့်သွားတာကို ပြချင်တယ်။

အရှိဆိုတာ အဟောင်းလည်းအရှိပဲ အသစ်လည်းအရှိပဲ။ ရှိခဲ့တာနဲ့ ရှိနေတာ။ သူများတွေက အပေါ်ယံလေးကြည့်ပေမယ့် ကျွန်တော်တို့က သမိုင်းအထိကြည့်ရပါမယ်။ နေပြည်တော်က ဆယ်လမ်းသွားလမ်းမကြီးတွေပေါ်က အက်စ်ယူဗွီနဲ့ လူတွေသာ မြန်မာပြည်သားမဟုတ်ပါ၊ ရန်ကုန်မြို့ပတ်ရထားပေါ်က ခေါင်းရွက်သည်လည်း မြန်မာနိုင်ငံသူပါလို့ ပြောချင်တာ။

ဘုန်းတန်ခိုးကြီးတဲ့ဘုရင်သာ တို့ဘုရင်လို့ ထင်မနေကြပါနဲ့ နရသီဟပတေ့လည်း ရာဇဝင်ထဲကဘုရင်ပါပဲလို့ ပြောချင်တာ။ နရသီဟပတေ့ဟာ လေးမည်ရမင်းဖြစ်ပါတယ်။ နရသီဟပတေ့၊ တရုတ်ပြေးမင်း၊ မင်းခွေးချေး၊ သားမြွှာဘ။ သူဟာ ၁၂၅၄ ကနေ ၁၂၈၇ အထိ ၃၃ နှစ်ကြာနန်းစံခဲတဲ့မင်းလည်းဖြစ်တယ်။ နန်းသက်ရှည်တိုင်းလည်း မင်းကောင်းမဟုတ်တာကိုပါ သိကြပါလားခင်ဗျာ။ မင်းဆိုးတွေနန်းသက်ရှည်ရင် တိုင်ပြည်ပျက်တတ်တာလည်း သိပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၅
၃ဝ-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ