VOA ဆွေးနွေးခန်း
• မြန်မာပြည်မှာ မနေ့ည ကျွန်တော်ဆီ ကနေ့မနက်က VOA မှာ တိုက်ရိုက်လေလှိုင်းဆွေးနွေးခန်းမှာ ပါဝင်ခွင့်ရပါတယ်။ ဒေါ်အောင်ဆေန်းစုကြည့်ပြောထားတဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ဘို့ဟာ ရွေးစရာလမ်းတခုဖြစ်တယ်ဆိုတဲ့ သတင်းကိုအခြေခံပြီး ဆွေးနွေးကြပါတယ်။
• ဒေါ်စုကနေ အဲလို ရိုက်တားစ်သတင်းဌာနကိုပြောချိန်မှာ NLD အနေနဲ့ပြောရမယ့်စကားဖြစ်တယ်။
• ရွေးကောက်ပွဲတခုကို သပိတ်မှောက်တယ်ဆိုတာ နိုင်ငံရေးအဆုံးအဖြတ်ဖြစ်တယ်။ ပညာရှင်တွေသုံးသပ်တာနဲ့ တူချင်မှ တူမယ်။ ဥပမာ (ဆန်ရှင်) ခေါ်တဲ့ဒဏ်ခတ်အရေးယူမှုကို သည်အတိုင်းကြည့်ပြီး (သီအိုရီ) အရ မကောင်းဘူးလို့ အတော်ပြောခဲ့ကြတယ်။ လိုရင် သုံးရတာပဲ။ အခုတောင် ရုရှားကို ယူအက်စ်နဲ့ အီးယူက ဆန်ရှင်လုပ်ထားကြတယ်။
• ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်လို့ အခွင့်အရေးတွေရော အခွင့်အလမ်းတွေပါ ဆုံးရှုံးနိုင်တာမှန်ပေမယ့် လုပ်သင့်ရင် လုပ်ရတယ်။ လုပ်ရဲရတယ်။
• တကယ်ပဲ NLD က ၂ဝ၁၅ မှာ မဝင်ဘူးဆိုရင်လည်း ပြီးခဲ့တဲ့ ဘင်းဂလားဒက်ရှ်မှာ ရွေးကောက်ပွဲကို ရှိတ်ဟာဆီနာပါတီက သပိတ်မှောက်တာနဲ့ မတူပါ။
• ခုချိန်မှာ NLD ကို ရွေးကောက်ပွဲမှာ ဘာပဲဖြစ်ဖြစ် ဝင်သာဝင်ပြိုင်ပါလို့ရော၊ သပိတ်မှောက်ပါလို့ပါ မပြောနိုင်ပါ။ ဝင်ပြိုင်မယ် မပြိုင်ဘူးလို့ ဆုံးဖြတ်ရမယ့် နောက်ဆုံးအချိန်မှာရှိနေတဲ့ မြန်မာပြည်နိုင်ငံရေးအခြေအနေအပေါ်မှာ NLD က အကောင်းဆုံး ဆုံးဖြတ်မယ်လို့ မြင်ပါတယ်။
• သောတရှင်တွေအနေနဲ့ ပါဝင်ဆွေးနွေးကြတာတွေကို နားထောင်ရတာ ကျွန်တော် အားရှိတယ်။ နိုင်ငံရေးကို လေးလေးနက်နက်ပြောဆို ထောက်ပြနိုင်ကြတယ်။ အရပ်သားတွေမညံ့ဘူးလို့ စစ်တပ်ကလူတွေသိစေချင်တယ်။
• တကယ်လို့ NLD ကနိုင်လို့ အနိုင်ရပါတီဖြစ်လာရင် ပြည်ခိုင်ဖြိုးဟာ အတိုက်အခံပါတီဖြစ်လာမယ်။ ခက်တာက စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးဟာ အာဏာယူပါတီအနေနဲ့သာနေခဲ့ကြ၊ နေတတ်ကြလို့ အတိုက်အခံကောင်းဖြစ်မယ် မထင်ပါ။
(အသံဖမ်းနေချိန်မှာ အိမ်အပေါ်ထပ်ကအခန်းပြင်နေချိန်မို့ အသံအရည်အသွေးညံ့သွားရင် ကျွန်တော့်ကြောင့်ဖြစ်ပါတယ်။ ဆောရီး။)
ဒေါက်တာတင့်ဆွေ
၁၄-၄-၂ဝ၁၅

Comments
Post a Comment