Mand Thingyan ရေဒီယိုကကြားရတဲ့ မြန်မာ့သင်္ကြန်
- ဆရာဆူးငှက် ပြောသွားတဲ့ မန်းသင်္ကြန်နားထောင်ရတာ မင်္ဂလာရှိတာတွေပါလို့ စိတ်ချမ်းသာရတယ်။ ဆရာကိုလေး အင်းဝဂုဏ်ရည်ပြောတာလည်း မှတ်သားစရာတွေ။ အဆိုးထဲက အကောင်းတွေ ရွေးပြောကြတယ်။
- ပြည်တွင်း-ပြည်ပနေ လူငယ်တွေ သံချပ်ထိုးကြတာတွေလည်း ထိမိတယ်။ ချီးကျူးတယ်။
- ဝတ်စားဆင်းယင်၊ သောက်စားကြတဲ့ သရုပ်ပျက်လွန်တဲ့ မိန်းကလေးတွေပုံတွေ ခုထိတော့ မြင်ရတာသိပ်များလှပါ။ တချို့က သူများနိုင်ငံသူပုံတွေ၊ ဟိုအရင်နှစ်ကပုံတွေကို တင်ကြတယ်။ အဲလိုစေတနာတွေ နည်းကြပါစေ။
- ကောင်းတဲ့ယဉ်ကျေးမှုတွေ ဆက်ထိန်းကြရမယ်။
- သရုပ်ပျက်တွေကဟာ တနှစ်မှာ ၄-၅ ရက်သာခံမယ်တဲ့။
ဒေါက်တာတင့်ဆွေ
၁၅-၄-၂ဝ၁၅

Comments
Post a Comment