Family defects from anti-vaccination stance after 7 children contract whooping cough
- ကလေးတွေကို ကာကွယ်ဆေးမထိုးရေး သဘောထားရှိတဲ့ မိသားစုဟာ ကလေး ၇ ယောက်ကို ကြက်ညှာချောင်းဆိုး ကူးစက်ခံရပြီးမှာ သဘောထားပြောင်းလာ ဆိုတဲ့သတင်းကို ကနေ့ (ဖေါက်စ်) သတင်းဌာနကရေးတင်လိုက်ပါတယ်။
ကနေဒါနိုင်ငံ အော်တာဝါမြို့မှာနေထိုင်တဲ့ မိသားစုတစုအကြောင်းကိုရေးထားတာဖြစ်ပါတယ်။
- ကလေးတွေအမေ Tara Hills တာရာဟေးလ်ကနေ သူတို့သဘောထားပြောင်းလိုက်ပြီလို့ သူ့ (ဘလော့ခ်) မှာ ရေးသားလိုက်ပါတယ်။
- မတ်လထဲမှာ ကလေးတွေ ချောင်းဆိုးလာတယ်။ အအေးမိသလိုနေတယ်။ တပတ်နေတော့ပိုဆိုးလာတယ်။ ၃ နှစ်သားလေးဆိုရင် အန်တဲ့အထိချောင်းဆိုးတယ်။ သူ့ကလေးအကြီး ၃ ယောက်ကိုပဲ ကာကွယ်ဆေးထိုးပေးထာပါသတဲ့။
ဘယ်ဟာကို ယုံရမှန်းမသိလို့ ကာကွယ်ဆေးမထိုးတာလို့ဆိုပါတယ်။ ဆေးမိသားစုအသိုင်းအဝိုင်းဟာ (ဆေးကုမ္ပဏီ + အစိုးရ + မီဒီယာ) သုံးပွင့်ဆိုင်လုပ်ကြံမှုကြီးရဲ့ ရုပ်သေးလိုဖြစ်နေတယ်။
- မိတ်ဆွေတွေက ကာကွယ်ဆေးထိုးဘို့ အကြံလာပေးတဲ့အခါ ဆေးထိုးရင်လဲ အန္တရာယ်ရှိတော့ မထိုးပဲနေတဲ့ အန္တရာယ်ကိုပဲ ရွေးလိုက်တယ်လို့ဆိုပါတယ်။
- မတ်လထဲမှာ ဒစ်စနေလင်းမှာ ဝက်သက်ကူးစက်တဲ့သတင်းထွက်လာတော့ သူတို့လင်မယားပြန်စဉ်းစားကြတယ်။ ဒါပေမယ့်ေးသခံအစိုးရကိုရော၊ ဆေးလောကကိုရော၊ ဆေးစက်ရုံတွေကိုရော မယုံနိုင်သေးဘူးလို့ဆိုပါတယ်။
တနှစ်လောက်တုံးက မိသားစုမှာ ဝက်သက်ရောဂါဖြစ်လာပါတော့တယ်။
- နောက်ဆုံးမှာတော့ ကျမတို့ဟာ ကလေးတွေကို အကောင်းဆုံးကာကွယ်စောင်ရှောက်ပေးခဲ့ပါတယ်။ အခုတော့ ပြန်မရနိုင်တော့ပါ။ တခြားသူတွေကိုလည်း ကူညီသွားပါမယ်လို့ ဘလော့ခ်မှာရေးသားလိုက်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၄-၄-၂ဝ၁၅

Comments
Post a Comment