Athlete's foot drug may be MS therapy

- အားကစားသမားခြေထာက်ခေါ်တဲ့ ဖန်းဂတ်ရောဂါနဲ့ နှင်းကူနာကုသဆေးတွေကို Multiple sclerosis (MS) ခေါ် (မာလ်တီပယ် စကယ်လရိုးဆစ်) ရောဂါကိုကုသနိုင်မယ်လို့ ဆရာဝန်တွေက တွေ့ရှိလာပါတယ်။
- စောစောကလေ့လာမှုတွေအရ ဒီရောဂါကြောင့် အကြောသေသွားတာကို ပြုပြင်နိုင်စွမ်းရှိတာလည်း သိထားပါတယ်။
ဒီဆေးတွေကနေ Myelin (မိုင်လင်) ခေါ်တဲ့ အာရုံကြောအဖုံးလွှာ အသစ်ဖြစ်လာနိုင်တယ်လို့ယူဆလာရပါတယ်။
- MS ရောဂါဆိုတာ ခုခံအားစနစ်ကမောက်ကမဖြစ်တာပါ။ ကိုယ့်ကိုယ်ပိုင်အရာကို ရန်သူလိုထင်မှတ်ပြီး တိုက်ခိုက်နေတဲ့ရောဂါ အမျိုးအစားတခု ဖြစ်တယ်။
- အဲလိုရောဂါမျိုးက မနည်းပါ။ အကုရခက်လွန်းကြတယ်။ ဒီရောဂါသယ်တွေက နာတာရှည်ဒုက္ခိတဖြစ်ရတယ်။ ယူကေနိုင်ငံတခုထဲမှာ MS ရောဂါဖြစ်နေသူ ၁ သိန်းကျော်ရှိတယ်။
- လက်ရှိသုံးနေတဲ့ဆေးတွေက (အတက်) ရလာမှာကိုသာ နှေးစေနိုင်တယ်။ (မိုင်လင်) ကို အစားထိုးလို့မရဘူး။
- ဆရာဝန်တွေလည်း ဆေးအမျိုးမျိုးကို စမ်းသပ်နေကြတာ ဆေးအမယ်ပေါင်း ၇ဝဝ ကျော်နေပြီ။
- အခုပြောတဲ့ ဆေးနာမည်တွေကတော့ (၁) Miconazole (မီကိုနာဇိုးလ်) နဲ့ Clobetasol (ကလိုဘက်တဆော) ဖြစ်တယ်။ နောက်ဆေးက စတီရွိုက်အုပ်စုဆေးဖြစ်တယ်။ နှစ်မျိုးလုံးလိမ်းဆေးတွေဖြစ်ပါတယ်။
- ဆရာဝန်တွေက သတိပေးထားတာက အဲလိုပြောပေမယ့် ဆေးကို ကိုယ့်ဖါသာမသုံးပါနဲ့တဲ့။ စမ်းသပ်မှု လေ့လာမှုတွေ လိုပါသေးတယ်တဲ့။

ဒေါက်တာတင့်ဆွေ
၂ဝ-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး