Saturday, April 25, 2015

Potassium ပိုတက်ဆီယမ်ဓါတ်ဆား

၁။ ပိုတက်စီယမ် ဓာတ်ချို့တဲ့တာရယ် ကြွက်သားအားနည်း တာရယ်အတွက် ဘယ်လို ဆေးမျိုးသောက်သင့်ပြီး အစားအစာပါ သိချင်လို့ပါရှင့်။ သမီးက ငယ်ငယ်ထဲက အရိုးအသားပျော့ပါတယ်။ ဧပရယ်လတုန်းက ပိုတက်စီယမ် ဓာတ် ချို့တဲ့လို့ ဆေးသွင်းရပါတယ်။ အခု ယောဂကျင့်တော့ ကြွက်သားအားနည်းလို့ ခန္ဓာကိုယ်က တုန်ခါနေတော့
သူများ တွေလို ကျင့်လို့မရပါဘူးရှင့်။
၂။ မင်္ဂလာပါဆရာရှင့် ကျမအမေကအသက် ၅၅ နှစ်ပါ။ ရန်ကုန်ကပါပဲ။ လူတစ်ကိုယ်လုံးကလည်းအေးစက်ပြီး အကြောတွေကပ်ခြေထောက်က တညလုံးကြွက်တက်နေတာနဲ့ ဆေးရုံတင်ပါတယ်။ လိုအပ်တာတွေစစ်ဆေးပြီး Hypokalemia နဲ့ Sodium နည်းတယ်လို့ ပြောပါတယ်ဆရာ။
၃။ ဆရာခင်ဗျား ကျေးလက်နေသူတွေကြားမှာ Potassium ဓါတ်တွေလျော့နည်းလာပြီး၊ ညောင်းညာကိုင်ခဲခြင်း၊ ခြေလက်တွေ မသယ်နိုင်ခြင်း၊ ခေါင်းကိုလည်းမထိမ်းနိုင်တော့၍ အောက်သို့စိုက်ကြနေခြင်း၊ ဆီးတအားများလာခြင်းကို တော်တော်များတွေ့လာရပါတယ်ဆရာ။ Potassinm ရောဂါအကြောင်းသိပါရစေချင်ဗျား။

ပိုတက်ဆီယမ်နည်းတာကို Hypokalemia လို့ခေါ်တယ်။ ဖြစ်စေတဲ့အကြောင်းတွေကများတယ်။ နာတာရှည် ကျောက်ကပ်ရောဂါ။ Diabetic ketoacidosis ဆီးချို။ ဝမ်းလျှော။ အန်။ အရက်များ။ ဝမ်းနုပ်ဆေးများ။ ချွေးထွက်များ။ ဖေါလစ်အက်စစ်နည်း။ Diuretics ဆီးသွားဆေး။ Primary aldosteronism ရောဂါတွေကနေ ဆက်ဖြစ်စေနိုင်တယ်။

ပိုတက်ဆီယမ်နည်းနေရင် အစာခြေလမ်း၊ ကျောက်ကပ်၊ ကြွက်သား။ နှလုံးနဲ့ အာရုံကြောတွေကိုထိခိုက်တယ်။ ဒါတွေ ခံစားရမယ်။ အားယုတ်နေမယ်။ မောပန်းနေမယ်။ ကြွက်တက်မယ်။ ကြွက်သားတွေနာမယ်။ ထုံကျင်မယ်။ ပျို့အန်မယ်။ ဗိုက်နာမယ်။ လေပွမယ်။ ဝမ်းချုပ်မယ်။ ရင်တုန်မယ်။ ဆီးများမယ်။ ရေငတ်မယ်။ သွေးဖိအားကျရာကနေ မူးမေ့ချင်ဖြစ်မယ်။ စိတ်ဓါတ်ကျမယ်။ စိတ်ရောဂါရမယ်။ ကယောက်ခြောက်ခြားဖြစ်မယ်။ စိတ်ရှုတ်ထွေးမယ်။ သူများ မမြင်မကြားတာတွေ မြင်ကြားနေမယ်။

သွေးထဲမှာ ပုံမှန် 3.6 to 5.2 mmol/L ရှိတယ်။ 2.5 mmol/L ထက်နည်းရင် အခြေအနေမကောင်းပါ။ 2.5-3.5 mmol/L အထိရှိသူတွေက သိပ်မဆိုးသေးလို့ မခံစားရသလိုနေနိုင်တယ်။ 2.5 mmol/L အောက်နည်းရင်တော့ cardiac arrhythmias နှလုံးခုန်မမှန်တာဖြစ်လာမယ်။ IV potassium သွေးကြောထဲသွင်းပေးရမယ်။ သွေးတိုးကျဆေး ACE inhibitors ပေးသူတွေကို ပိုဆက်ဆီယမ်မနည်းအောင်လုပ်တဲ့အခါ များသွားမှာကို သတိထားရတယ်။

ပိုတက်ဆီယမ် လိုအပ်ချက်
• ကလေး 0-6 months = 400 mg/day
• ကလေး 7-12 months = 700 mg/day
• ကလေး 1-3 years = 3,000 mg/day
• ကလေး 4-8 years = 3,800 mg/day
• ကလေး 9-13 years = 4,500 mg/day
• ကလေး 14 years and up = 4,700 mg/day
• လူကြီး 18 years and up = 4,700 mg/day
• ကိုယ်ဝန်ဆောင် = 4,700 mg/day
• နို့တိုက်မိခင် = 5,100 mg/day

Potassium Gluconate, Potassium Citrimax, Potassium Chelate, Potassium Acetate တွေကို နာမည်အမျိုးမျိုးနဲ့ ရောင်းတယ်။ Effer-K, Glu-K, KCare ET, K-Lyte, K-Lyte Cl, K-Tab, Potassimin, Tri-K, Urocit-K 10, K-10 Solution, Kaochlor 10, Kaochlor 20, Kaon, K-Lor, K-LyteCi, Potassium Chloride, Potassium-Rougier, Roychlor

ပိုတက်ဆီယမ်ဆေးက ဆေးပုံစံအမျိုးမျိုးနဲ့လာတယ်။ ဆေးပြား၊ ဆေးရည်၊ ဆေးတောင့်၊ ဆေးမှုံ့။ ကလေးတွေနဲ့ အသက်ကြီးသူတွေကိုပေးရင် အထူးသတိထားရမယ်။ ကိုယ်ဝန်ဆောင်ကိုပေးတာမှာ ကလေးကိုထိခိုက်တာမရှိပါ။ ပိုတက်ဆီယမ်ဆေးနဲ့ ဆီးချိုဆေးတချို့၊ သွေးကျဆေးတချို့၊ နှလုံးရောဂါဆေးတချို့နဲ့ တွဲမသောက်သင့်ပါ။ ကျောက်ကပ်ရောဂါ၊ ဆီးချို၊ နှလုံးရောဂါ၊ အစာအိမ်နာရှိသူတွေ မသင့်ပါ။

ပိုတက်ဆီယမ်ဆေး ဘေးထွက်ဆိုးကျိုးများ = ဝမ်းပျက်၊ ပျို့၊ အန်၊ ဗိုက်အောင့်၊ လေထ။ စိတ်ရှုတ်ထွေး၊ နှလုံးခုန်မမှန်၊ ခြေလက်ထုံကျင်၊ စိုးရိမ်စိတ်ဖြစ်၊ မောပန်း၊

ပိုတက်ဆီယမ်ကြွယ်ဝသည့်အစာများ = လိမ်မော်သီး၊ သရက်သီး၊ ဟင်းနုနွယ်ရွက်၊ ခရမ်းချဉ်းသီး၊ စထောဘယ်ရီ၊ မက်မွန်းသီး၊ ဆလတ်ရွက်၊ ငှက်ပျောသီး၊ ထောပတ်သီး၊ အစေ့အဆံများ၊ ဟင်းသီးဟင်းရွက်စိမ်းများ၊ အာလူး၊ ဖရဲသီး၊ ပဲသီး၊ အသား၊ စပျစ်သီး၊ နွားနို့၊ ရောဂတ်၊ ဟင်းနုနွယ်၊ အသီးခြောက်များ၊

Potassium Supplement ပိုတက်ဆီယမ် ဆေးနာမည်တွေ
• Potassium Gluconate
• Potassium Citrimax
• Potassium Chelate
• Potassium Acetate
ရောင်းကုန်နာမည်တွေ
• Effer-K
• Glu-K
• K+Care ET
• K-Lyte
• K-Lyte Cl
• K-Tab
• Potassimin
• Tri-K
• Urocit-K 10
• K-10 Solution
• Kaochlor 10
• Kaochlor 20
• Kaon
• K-Lor

ဆေးညွှန်းကိုဖတ်ရပါမယ်။ Hyperkalemia ပိုတက်ဆီယမ်များရင် ကြွက်သားပင်ပန်းခြင်း၊ အားနည်းခြင်း၊ လေဖြတ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ပျို့ခြင်းတွေဖြစ်မယ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တကယ်ကြီးပွားလိုသူများ

ဘူးတလုံးဆောင် အိုအောင်မဆင်းရဲ ပီမိုးနင်း ဘဝတိုက်ပွဲ ဒေါက်တာတင့်ဆွေ ၁၂-၇-၂၀၂၀