Rather than really reforming, Burma will pay Washington lobbyist $840K/year to pretend it is

မြန်မာအစိုးရကနေ တနှစ်ကို ဒေါ်လာ ၈ သိန်း ၄ သောင်းပေးပြီးငှားလိုက်တဲ့ Podesta Group ဟာ ဝါရှင်တန်မှာ သြဇာကြီးတဲ့ လော်ဘီအုပ်စုတခုဖြစ်တယ်။ တည်ထောင်ခဲ့သူ John Podesta ဂျွန် ပိုဒက်စ်စတာဟာ အဖွဲ့ကနေထွက်ပြီး (ဘီလ် ကလင်တန်) ရဲ့ Chief of staff ဖြစ်ခဲ့သလို (အိုဘားမား) ရဲ့ အကြီးတန်း နိုင်ငံခြားရေးအကြံပေးလည်းဖြစ်တယ်။ အခုတခါ (ဟယ်လရီ ကလင်တန်) ရဲ့ ကင့်ပိန်းဥက္ကဋ္ဌဖြစ်ပါတယ်။

တွစ်တာမှာ ဒီလိုရေးထားတာတွေကို ဖတ်ရပါတယ်။
- (အဇာဘိုင်ဂျမ်) လို တိုင်းပြည်လည်းတချိန်က အဲလိုသုံးဘူးတယ်။
- စီးပွါးရေးပါပဲ။ ကျွန်တော်တော့ သဘောကျတယ်။
- အသိပညာနည်းတဲ့နေရာအတွက် Outsourcing အပြင်ကအသိပညာကို ဝယ်ယူတာပါပဲ။
- Podesta Group အုပ်စုကိုငှားတာဆိုတော့ တခုတော့တခုခုပဲ။ အဲဒါက ကလင်တန်ကင့်ပိန်းဥက္ကဋ္ဌပဲလေ။
- နိုင်ငံရေးသမားတွေ၊ ရှေ့နေတွေကို ထောင်ထဲထည့်ဘို့ကောင်းတယ်။ Can of worms တီကောင်တွေထည့်တဲ့ဗူးပဲ မဟုတ်လား။
- တကယ်တန်း ပြုပြင်ပြောင်းလဲရေးတော့ မလုပ်ဘူး။ အယောင်ဆောင်ချင်လို့သာ ဝါရှင်တန်က လော်ဘီရစ်ကို တနှစ် ၈ သိန်း လေးသောင်းပေး ငှားတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး