Saturday, April 18, 2015

Facebook Health (ဖေ့စ်ဘွတ်) ဟာ ကျန်းမာရေးမကောင်းပါ

- မနေ့ကနဲ့ ကနေ့မနက် ဆေးပညာမေးခွန်းတွေ အဆင်မချောတာလေးတွေ တွေ့ရတယ်။
- တင်ထားတဲ့ (ပို့စ်) ခေါင်းစဉ်ပဲဖတ်ပြီး စာမဖတ်ပဲမေးကြတယ်။ စာထဲမှာပါပါတယ်ပြောရင် ဟုတ်ကဲ့ဆရာလို့ပြန်ရေးသူက တယောက်တိတိသာ ရှိတယ်။
- အရင်တခါ တယောက်ရဲ့ရောဂါကိုမေးပြီး နောက်တခါ နောက်တယောက်ရောဂါတခုမေးတယ်။ ဆက်စပ်ပါသလား ပြန်မေးယူရတယ်။
- တယောက်ကလည်း (လေးဖက်နာ + ရေယုံ + မီးယပ်) ရောဂါက ၃ မျိုးဆက်တိုက်ရေးတာ ဖတ်ရတယ်။ ဖြစ်တဲ့သူ ကျား-မ မသိပါ။ အသက် မသိပါ။ ဘာတွေခံစားနေရသလည်း မသိပါ။
- မေးခွန်းစည်းကမ်းအတိုင်းသာ မေးပါခင်ဗျား ရေးရသူမျိုး ခဏခဏလာတယ်။ မေးခွန်းစည်းကမ်းကို တင်တင်နေရတာ ခဏခဏအားနာရတယ်။
- မေးခွန်းလာရင် အရင်ဆုံး ကျား နဲ့ မတော့ စသိချင်တယ်။ ပြီးရင် အသက်သိချင်တယ်။ နောက် ဖြစ်တာတွေ စီကာစဉ်ကာ သိချင်တယ်။ ခံစားမနေရတာတွေကို မသိချင်ပါ။
- မြန်မာဆေး၊ တိုင်းရင်းဆေ၊ တရုပ်ဆေးတွေလည်း အတော်မေးကြတယ်။ ဆရာဝန်တွေကို အဲတာမျိုးမမေးသင့်ပါ။
- ကြော်ငြာဆေးလည်း အမေးများကြတယ်။ ကြော်ငြာတွေမှာ ပြောစရာသိပ်မရှိပါ။ ဆေးသုတေသနမရှိလို့။
- တချို့လည်း မေးခွန်းကိုကောက်ရေးလိုက်ပြီး၊ ဖြေတာနဲ့ (လင့်ခ်) ပို့ပေးတာကို ပြန်ပြီး (လိုက်ခ်) ကလေးတောင် လုပ်ဘော်မရဘူး။
- (မက်ဆေ့ခ်ျ) မှာ ဖြေတာကို ကျေးဇူးတင်ပါတယ်ပြန်လာရင် ကျွန်တော်က (ဟုတ်) လို့ပြန်ရေးပါတယ်။ ဒါမှ ဒီတခုပြီးပြီ ဆိုတာသိတယ်။
- ဖေ့စ်ဘွတ်ဟာ ကျန်းမာရေးလို အလေးထားစရာအတွက် မကောင်းပါ။ (ဘလော့ခ်) မှာ အချိန်မရွေး ရွေးဖတ်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၄-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...