Measles politics ဝက်သက်ကာကွယ်ဆေးနဲ့ နိုင်ငံရေး

• သြစတေးလျမှာ No jab, no pay policy ဆေးမထိုးရင် ငွေလည်းမပေးဘူးဆိုတဲ့ပေါ်လစီအရ ကလေးတွေကို ကာကွယ်ဆေး မထိုးရင် မိသားစုဝင်ငွေမှာ တနှစ်ကို ဒေါ်လာ ၁၁ဝဝဝ မကနစ်နာပါတော့မယ်။
• ယူအက်စ်မှာလည်း တချို့မိဘတွေက သူတို့ကလေးတွေကို ကာကွယ်ဆေး မထိုးစေချင်တာရှိတယ်။ ဘီဘီစီ ဆန်းစစ်မှုတခုအရ မိဘ ၆၈% ကသာ ကလေးတွေကို ကာကွယ်ဆေးထိုးစေချင်ကြတယ်။
• ဒါပေမယ့် ဒီအခြအနေအပေါ်မှာ ချိန်ဆပြီး အမေရိကန်သမတလောင်း ဟယ်လရီကလင်တန်ကတော့ ကလေးတွေကို ကာကွယ်ဆေးထိုးရေးဖက်ကနေ ထောက်ခံချက်ပေးလိုက်ပါတယ်။ သူ့အပြောကတော့ Sky is blue and vaccines work ကောင်းကင်ကြီးဟာ ပြာနေတယ်။ ကာကွယ်ဆေးတွေ အလုပ်ဖြစ်တယ်။
• နယူးဂျာစီ ဂါဗာနာ (ခရစ် ခရစ်စတီး) ကတော့ A measure of choice မိဘတွေမှာ ရွေးချယ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နာရီပိုင်းအတွင်းမှာ သူ့ရုံးကနေ ရှင်းလင်းချက်ထုတ်ရပါတယ်။ ကာကွယ်ဆေးတွေဟာ ကလေးတွေအတွက် အရေးကြီးပါတယ်။ ဝက်သက်လိုရောဂါဆိုရင်တော့ ကာကွယ်ဆေးထိုးပေးရပါမယ်တဲ့။ သူလည်း သမတလောင်းပါပဲ။
• အနားယူတော့မယ့် ကင်တပ်ကီ စီနေတာကလည်း Voluntary issue of freedom လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိတယ်လို့ ဆိုပါတယ်။
• ဟယ်လရီစကားကို တိတိကျကျပြောရရင် The science is clear: The earth is round, the sky is blue, and vaccines work. Let's protect all our kids သိပံ္ပပညာက ရှင်းပါတယ်။ ကမ္ဘာကြီးက လုံးဝန်းတယ်။ ကောင်းကင်ကြီးက ပြာနေတယ်။ ကာကွယ်ဆေးတွေ အလုပ်ဖြစ်တယ်။ ကျမတို့ကလေးတွေကို အကာအကွယ်ပေးကြပါ။
• အမေရိကားမှာ ဝက်သက်ကို ကင်းစင်အောင်လုပ်ထားပြီးပြီဆိုပေမယ့် လတ်တလောမှာ ကလေး ၂ဝဝဝ ဝက်သက်ပေါက်နေကြတယ်။ ကယ်လီဖိုးနီးယား၊ ဒစ်စနေလင်းကနေ စတာပါ။ ပြည်နယ် ၁၄ ခုကိုပြန့်တယ်။
• ၂ဝ၁၆ အမေရိကန်သမတရွေးပွဲမှာ ဒီဘိတ်တခုက ကာကွယ်ဆေး။ right versus left; science versus theology; authority versus doubt လက်ယာနဲ့ လက်ဝဲ။ သိပ္ပံနဲ့ ဘာသာရေးအဆုံအမ။ သြဇာရှိမှုနဲ့ သံသယ။
• ရီပတ်ဘလီကင်တွေဟာ ရာသီဥတုနဲ့ တရွေ့ရွေ့ပြောင်းလဲမှုမှာ အသေကိုင်ထားကြတယ်။ ဒါပေမယ့် သက်တောင့်သက်သာရှိတဲ့နေအိမ်၊ အိုင်ဒီယော်လော်ဂျီနဲ့ ကာကွယ်ဆေးမှာ အငြင်းပွါးစရောဖြစ်တယ်။
• မျိုးဗီဇပြုပြင်ထားတဲ့အစားအသောက်တွေမှာ သိပ္ပံညာရှင်တွေက ၈၈% လက်ခံကြပြီး။ လူထုအမြင်က ၃၇% သာ ရှိတယ်။
• ဝက်သက်ရောဂါ ကပ်ရောဂါလိုဖြစ်နေချိန်ဆိုရင်တော့ ဝက်သက်ကာကွယ်ဆေးထိုးရေး မထိုးရေးဟာ နိုင်ငံရေး (ဒီဘိတ်) ဖြစ်လာမှာမဟုတ်ပါ။
• ပြည်သူ့ကျန်းမာရေးအရာရှိတွေနဲ့ သတင်းဝေဖန်သူတွေကတော့ ကလေးတွေကို ကာကွယ်ဆေး ထိုးရမယ့် ဖက်ကနေကြပါတယ်။ နိုင်ငံရေးသမားတွေကသာ နိုင်ငံရေးစကားပြောနေကြတာလို့ ထောက်ပြကြပါတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၄-၂ဝ၁၅
The Top 6 Reasons Why Parents Are Choosing Not To Vaccinate Their Kids
# 1  The Vaccine/Autism Controversy
#2 Scientific/Industry Fraud
#3 The National Childhood Vaccine Injury Act
#4 The Ineffectiveness Of Some Vaccines And Vaccine Injury
# 5 Vaccine Ingredients
# 6 Vaccine Safety Evidence Is Not Rock Solid. One Size Does Not Fit All.

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး