Posts

Showing posts from March, 2018

Muscle twitch ကြွက်သားလှုပ်ခြင်း

Image
၁။ ဆရာ အသားလှုပ်တာ မျက်ခမ်းလှုပ်တာနဲ့ပတ်သတ်လို့ဖတ်ချင်လို့ link လေးပေးပါလားရှင့် ဘလော့မှာသာ ရှာပါရန်။ ရှာတာမတွေ့လို့ပါဆရာ ၂။ ဆရာ ကျွန်မလေ ညာဘက်အောက်မျက်ခမ်းတွေလှုပ်နေတာ ၂ ရက်ရှိပြီဆရာ။ ရောဂါလက္ခဏာ တခုခုကြောင့်များလားဆရာ။ လေတွေဘာတွေဖြတ်တတ်တယ်လဲပြောကြလို့ ဆရာ့ကို မေးကြည့်တာပါဆရာ။ ၃။ ဆရာရှင့်ကျမအသက် ၃၁ပါ။  အိမ်ထောင်မရှိ။ အခုတလောမျက်နှာကြွက်သားတွေ အဆက်မပြတ်လှုပ်နေလို့။ တခါတလေခေါင်းတခြမ်းကိုက်တယ်။ နှလုံးခုန်မြန်ပြီးဒူးတွေတုန်တယ်။ အဲ့တာလေဖြတ်တဲ့လက္ခဏာလားဆရာ။ ဘယ်လိုလုပ်ရမလည်းရှင့်။ ၄။ ကျွန်တော့အမျိုးသမီး အသက် ၄၁နှစ်၊ ဘယ်ဘက် မျက်နှာခြမ်းက တွန့်တွန့်နေတာကြာပါပြီ။ အမျိုးသမီးက ပေါင် ၁၄၀၊ အရပ် ၅ ပေ ၂ လက်မပါ။ ဝပါတယ်။ ဆရာဝန်နဲ့ပြတော့ Reju Nuron ဆိုတဲ့ Methylcobalamin and Alpha Lipoic Acid Capsules ကို ညအိပ်ရာဝင် သောက်ရပါတယ်။ အကြာကြီးသောက်ဖို့ ညွန်ပါတယ်။ အတော်လေးသက်သာပါတယ်။ ပျောက်တော့ အရှင်းမပျောက်သေးပါ။ ဆက်လက်သောက်သွားရမှာလား။ စိတ်ကနေခိုင်းလို့ လှုပ်တာမဟုတ်ဘဲ Muscle twitch ကြွက်သားလှုပ်တာကို ဆေးစာနဲ့ Fasciculation ခေါ်တယ်။ မြင်ရတဲ့ အပေါ်ယံအရေပြားမှာဖြစ်တာနဲ့ အတွင်းပိုင်းမှာဖြစ်တာလို့ရှိတယ်

Women Pathology ခေမာ ဗေဒ

Image
နာရီတိုင်းမှာ အရွယ်မရွေးမေးကြတာ၊ အပျိုလည်းပါ၊ မမွေးသေးသူလည်းပါ။ ကလေးမိခင်တွေလည်းပါ။ သွေးဆုံးပြီးသူတွေလည်းပါ၊ ဝေဒနာမျိုးစုံလာ။ မျက်စိနဲ့ မမြင်ရတာပါသိ၊ ကြိုတင်လည်း မြင်မိ၊ ကွက်တိ။ စိတ်ကိုအပြုသဘောဆောင်ပါ၊ ကံတရား အားကိုးပါ။ ကံကောင်းဘို့ဆိုတာ အခုပြု၊ အခုဆုတောင်းနဲ့တော့ မရပါ။ ခေမာမိဖုရားကြီးကို ကြည့်စရာမလိုတဲ့ရောဂါ။ အမျိုးသမီးရောဂါများ မာတိကာ နမူနာ 1. Girl to Woman အရွယ်ရောက် မိန်းကလေး 2. Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁) 3. Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂) 4. Menstruation (3) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၃) 5. Menstruation (4) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၄) 6. Menstruation ရာသီလာရင် ဘာဆင်ခြင်ရမလဲ 7. Menstruation and athlete ရာသီလာခြင်းနဲ့ အားကစား 8. Museum of Menstruation ရာသီပြတိုက် 9. Dysmenorrhea ရာသီလာရင် နာ 10. Myths about menstrual cycle ရာသီလာခြင်း အရိုးစွဲအယူအဆများ 11. Menstrual Suppression ရာသီရက်ရွေ့နည်း 12. Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု 13. PMS (1) ရာသီမလာခင် ဖြစ်ချင်တာတွေ (၁) 14. PMS (2) ရာသ

OSAS အိပ်စက်ခြင်းဆိုင်ရာရောဂါ

Image
အသက် ၆၁ နှစ် အမျိုးသမီးပါရှင်။ ဆီးချို ရောဂါ ရှိတာ (၁၀ )နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့ (၁) လောက်က မောမောလာလို့ အဆုတ်အထူးကုနဲ့ပြကြည့်တော့ အာက်ဆီဂျင်က ၆၀ ပဲရှိလို့ အရေးပေါ်ဆေးရုံတက်ခဲ့ပါတယ်။ Obstructive Sleep Apnea Syndrome (OSAS) ရောဂါလို့ပြောပါတယ်။ BiPAP စက်တပ်ဖို့လိုအပ်တယ်ပြောလို့ပါရှင့်။ အောက်ဆီဂျင် ကို တနေ့လုံးနီးပါး ရှူနေရပါတယ်။ အိပ်ချိန် မရှူမိရင် ၅၀ ကျော်လောက်ပဲရှိလို့ပါ ဆရာ။ လိုအပ်မယ်ထင်တဲ့ ဆေးစစ်ချက်လေးတွေ ပူးတွဲပို့ပေးလိုက်ပါတယ်။ အမှားပါတာများရှိရင်လည်း ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ် ဆရာ။ အထူးကုဆရာဝန်တွေနဲ့ ပြသ ကုသနေတာကောင်း။ ထူးဖြေရန်မရှိပါ။ ဟုတ်ကဲ့ပါဆရာ။ မေးခွန်းမပါသလိုဖြစ်သွားတယ်ထင်ပါတယ်။ OSAS ရောဂါနဲ့ပတ်သတ်ပြီး ဆရာရေးထားတာများရှိရင် ဖတ်ချင်လို့ပါ။ ရောဂါအကြောင်း အသေးစိတ်သိချင်လို့ပါ။ ခုလောလောဆယ် ByPAP စက်ဝယ်ဖို့ မတတ်နိုင်သေးလို့ တခြား သက်သာမဲ့နည်းလမ်းများရှိဦးမလား သိချင်လို့ပါ။ မေးခွန်းထပ်မေးရသလိုဖြစ်တာမို့ အားနာပါတယ် ဆရာ။ ဆေးပညာဗဟုသုတတွေ အမြဲဖတ်ရလို့ ကျေးဇူးတင်ပါတယ်။ Obstructive sleep apnea ဆိုတာ အိပ်စက်ခြင်းဆိုင်ရာရောဂါတခုဖြစ်တယ်။ ဆိုးတယ်။ ဆောရီး။ အိပ်နေရင်း ယာယီ အသက်ရှ

အစီအစဉ်တရပ်

Image
ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် ခုဒ္ဒကနိကာယ်ဝင် အဘိဓမ္မာပိဋက ဓမ္မသင်္ဂဏီပါဠိတော် မြန်မာပြန် ဤသို့ မြတ်ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူခဲ့သည့် ပိဋကတ်သုံးပုံ၏ တရားအဆီအနှစ်များအားလုံး အကျုံးဝင်သော သင်ရိုးမာတိကာ အစီအစဉ်တရပ်ရှိခဲ့ခြင်းကြောင့်သာလျှင် မြန်မာနိုင်ငံ၌ ပရိယတ္တိသာသနာတော်ကြီးသည် ယနေ့တိုင်အောင်ပင် တိုးတက်စည်ကား ပြန့်ပွါးနေခြင်းဖြစ်သည်။ ရွှေသွေးရုပ်စုံကာတွန်းမှာသာမကပါ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် မြန်မာပြန်မှာလည်း သတ်ပုံမှန်တွေအတိုင်းသာ ရေးသားခဲ့ပါတယ်။ အစီအစဉ်တစ်ရပ်လို့ မရေးပါ။ ဒေါက်တာတင့်ဆွေ ရှေးအခါက ရွာတရွာတွင် မောင်ကောက်နှင့် မောင်ဖြောင့် ဆိုသူတို့ရှိကြ၏။ တနေ့သောအခါ မောင်ကောက်သည့့် ဇာတ်လမ်းအဆုံးတွင် မောင်ဖြောင့်သည် မြန်မာစာသတ်ပုံမှန်အတိုင်းသာရေးသား၍ မောင်ကောက်သည် ရွာတစ်ရွာတွင်၊ တစ်နေ့သောအခါ ပေါ်လစီသတ်ပုံနောက်သို့ ကောက်ကောက်ပါ လိုက်သွားလေတော့သတည်း။ Smile! ဒေါက်တာတင့်ဆွေ လက်ပံပွင့်ချိန် တိတ်ဆိတ်သော နွေဦးည သန်းခေါင်ယံတွင် သာအေးသည် ပူအိုက်ကာ နိုးလာပြီး တစုံတခုကို စူးစိုက်တွေးနေနမိသည်။ သာအေးတွေးနေသည်မှာ တစ်စုံတစ်ခုကိုလို့ ရေးနေကြတာ မှားတယ်ဟူ၍ဖြစ်၏။ Smile! ဒေါက်တာတင့်ဆွေ

Hypoparathyroidism လည်ပင်ကြီး ခွဲပြီးသည့်နောက် (၂)

Image
အင်္ဂလိပ်စာလုံးတွေပါတယ်။ ဆောရီး။ ၁။ အသက် ၃၈ မိန်းကလေးပါ အိမ်ထောင်ရှိပါတယ် လည်ပင်းခွဲထားပါတယ်ဆရာ အရင်က ကယ်စီယမ်ဆေး သောက်ရတာ တနေ့ခြောက်လုံးပေးထားပါတယ် ပုံမှန်သောက်ပါတယ် ထိုးဆေးကမထိုးရတာ လေးလရှိနေပါပြီ အခုခရီးထွက်နေချိန်မှာ လက်တွေကပ်ချင်နေပါတယ် သောက်ဆေးကတော့ပါလာပါတယ် ထိုးဆေးပါမလာဘူးဆရာ အရေးပေါ်ဘာလုပ်သင့်လဲ အကြံလေးပေးပါဆရာကျေးဇူးတင်ပါတယ် ခရီးကအညာဘက်ပါဆရာ ကယ်ဆီယမ် နည်းတဲ့လက္ခဏာက ဘယ်လိုတွေလဲဆရာ ဘာတွေစားရင်ပြန်ပြည့်မလဲ ဘာတွေရှောင်ရမလဲဆရာ ဆေးစစ်တာတော့ ကယ်ဆီယမ်နည်းတယ် ပြောပါတယ် အုန်းရည်နဲ့ ထိုးဆေးမှာပါတဲ့ ဂလူးကို့စ် တူပါသလားဆရာ လောလောဆယ် ထိုးဆေးမပါလာလို့ပါ သောက်လို့ရပါသလား ၂။ သမီးအမေက လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က လည်ပင်းကြီး (ညာဘက်) အတွက် ခွဲခဲ့ရဖူးပါတယ်။ အခု အနှစ် ၂ဝ ရောက်တော့ နောက်တခါ ပြန်ဖြစ်တာနဲ့ ထပ်ခွဲရပါတယ်။ ၂ လ နီးပါး အရောက်လည်းကျရော မျက်နှာတွေ ခြေတွေ လက်တွေ အမ်းလာပါတယ်။ သွေးလည်း တိုးပြီး သွေးပေါင်ချိန်က မမှန်ပါဘူး။ လူကတော့ ဝလာတယ် ထင်နေတာ။ နောက်တော့ ခေါင်းပါ မထူနိုင်လို့ နယ်မှာ ပြနေကျ ဆရာဝန်နဲ့ သွားပြတော့ ကယ်ဆီယမ် ချို့တဲ့တာလို့ ပြောပါတယ်။ နယ်ဆရာဝန်က ရန်ကုန်က သူခွဲခဲ့တဲ့ ဆရာဝန်ကြီးကို မြန

သစ်ခေါက်ဆိုး

Image
အိပ်ရာထ ကွန်မင့်တွေဖတ်တယ်။ မအိပ်ခင်ကတင်ထားတဲ့ သစ်ပင်ကြီးနဲ့ ပင်နီခေတ်အောက်တွေမှာ ဖတ်ရတယ်။ ကျိုင်းတုံက သစ်တပင်တောင်လို့ရေးသူနဲ့ သစ်တစ်ပင်တောင်လို့ရေးသူ။ အဲဒီကို မရောက်ဖူးသေးပါ။ မနေ့ကလည်း မုံရွာနားက ဗောဓိတထောင်ဘုရားပို့စ်တခုမှာ တယောက်က ဗောဓိတစ်ထောင် လုပ်ထားတာတွေ့တယ်။ အဲဒီကိုတော့ တည်ထောင်ကစကတည်းက ရောက်ဖူးတယ်။ တဆူ။ နှစ်ဆူ။ အဆူတရာ။ နှစ်ရာ။ ရန်ကုန်ဗိုလ်တထောင်ဘုရားကို ၄-၅ ခေါက်ရောက်ခဲ့တယ်။ တလောက ဗိုလ်တစ်ထောင်လို့ရေးတာတခု ဖတ်ရတယ်။ ပင်နီလက်ဆောင်ပေးချင်သူက တစ်ခေါက်တော့လာပါတဲ့။ တခေါက်မက လာချင်တယ်။ တစ်ခေါက်တော့မလာလို့ ပြန်ရေးမိတယ်။ တစ်ခေါက်ဆိုရင် သစ်ခေါက်ဆိုးသင်္ကန်းဝတ်တဲ့ရသေ့ဖြစ်သွားမယ်။ အဲလိုပဲ စာအုပ်အဖုံး၊ ဆိုင်းဘုတ်တွေမှာ သတ်ပုံမှန်နဲ့ရေးထားတာကို ပို့စ်တင်သူတွေက ပေါ်လစီသတ်ပုံနဲ့ရေးကြတယ်။ ဆိုးတယ်။ မြန်မာစာ အရောင်ဆိုးခံထားရတာ။ တရားကျစရာကောင်းတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၃-၂ဝ၁၈

Pterocarpus macrocarpus မွှေးလှတဲ့ ပိတောက်

Image
အကယ်ဒမီထက်လည်း စောတယ်။ သမတမဲပေးပွဲထက်လည်း စောတယ်။ မြန်မာပြည်မှာ ဘယ်တော့ ပိတောက်ပွင့်မလဲ သတင်းကို စောင့်နေတာ။ အခုပဲတွေ့တယ်။ မန္တလေးကလို့တော့ ထင်တယ်။ သေချာ မသိပါ။ မြန်မာပြည်မှာ ပိတောက်ဝါတွေ ပွင့်နေပြီတဲ့။ မုတ်သုန်ရာသီဥတုတော့ အတူတူရှိပါရဲ့ အိန္ဒိယနိုင်ငံကြီးမှာ ဘယ်နေရာမှာမှ ပိတောက်ပင်မရှိပါ။ ကာလကတ္တားဘုန်းကြီးကျောင်းမှာ မြန်မာပြည်ကနေ တကူးတကယူပြီး စိုက်ထားတဲ့ ပိတောက်ပင် ရှိတယ်။ ကိုင်းတကိုင်း ချိုးယူလာသေးတာ နေတဲ့တိုင်းပြည် ပြောင်းရပြန်လို့ မစိုက်ဖြစ်လိုက်ပါ။ ထိုင်းနိုင်ငံမှာတော့ လမ်းဘေးတွေမှာ ပိတောက်ပင်တွေ အစီအရီရှိပေမဲ့လဲ ခူးပြီး ပန်တာ၊ ပေးတာ၊ တင်တာ မလုပ်ကြပါ။ ငုပန်းတွေကတော့ ဒေလီမှာလည်း ဝင်းဝါနေတာဘဲ။ ဟိုတနှစ်က ၁၉၉ဝ တုံးက အကောင်းဆုံး ရွေးကောက်ပွဲဆောင်ပုဒ် ဖြစ်ခဲ့တဲ့ ငုနဲ့ ပိတောက် နွေမှာလှိုင်သည်၊ စုနဲ့ ခမောက် မေမှာနိုင်မည်ဆိုတာလေး မမေ့ကြအောင်ရေးဖို့ ငုပင်တွေပေါတဲ့ သံရုံးတွေရှိတဲ့ ချာနကျာပူရီကို နေပူလောင်လောင်သွားပြီး၊ ဓါတ်ပုံရိုက်ခဲ့ဘူးသေးတယ်။ တနှစ်မှာတလ၊ တလမှာတရက်ဆိုပြီး ပိတောက်ပွင့်တဲ့ကာလကို ပြောကြတယ်။ ခုံမင်နှစ်သက်ကြလွန်းလို့ ပိတောက်တွေ နေ့စဉ်ပွင့်ပါစေလို့ ဆုချွေကြတယ်။ ပိတောက်ပန်းဟာ

Pills and Women ဆေးတွေက မကွာ ကွာတာက လူတွေ

Image
တယောက်တည်းက မေးပါတယ်။ JAN 13TH, 12:12PM မင်္ဂလာပါ ဆရာ ချောင်းစို ချောင်းချောက်အကြောင်းသိချင်လို့ပါဆရာ ဖြေကြားပေးပါနော်ဆရာ JAN 13TH, 1:51PM မေးနည်းစည်းကမ်း ပို့လိုက်တယ်။ MAR 10TH, 11:32PM မင်္ဂလာပါ ဆရာ သမီးက ၂၅နှစ်ပါ မျက်မှန် တော့မတပ်ရသေးပါဘူး မျက်ခမ်းအောက်ကအမြဲတမ်းလှုပ်နေလို့ မျက်လုံးအနာလားသိချင်လို့ပါဆရာ ဘလော့မှာ ဖတ်နိုင်။ (မေးနည်းစည်းကမ်းပို့ပေးထားသူက လိုအပ်ချက်အစုံမပြောလို့ ဘလော့ကိုညွှန်းလိုက်တာ ဖြစ်ပါတယ်။) THU 4:28AM မင်္ဂလာပါ ဆရာ ကျွန်မအသက် ၂၅ပါ အိမ်ထောင်ကျတာ ၁နှစ်ရှိပါပြီ OK တားဆေးကိုသောက်နေပါတယ် သူများတွေက Marvelon 28 က ဆေးရပ်လိုက်တာနဲ့ခလေးတန်းရတယ် Ok က ကြာတယ်လို့ ပြောလို့ပါဆရာ နောက်တနှစ်လောက်ဆို ခလေးယူချင်လို့ပါ့ Ok သောက်သင့်မသောက်သင့်ပြောပြပေးပါဆရာ တယောက်နဲ့တယောက် မတူ။ တယောက်တည်းကမေးတာ။ ကျား-မ-အသက် စတာ ဘာမှမပြော။ မေးနည်းစည်းကမ်းပို့တော့ အသက်နဲ့ အမျိုးသမီးလို့ ပြောတယ်။ တတိယအကြိမ်မေးတော့ အိမ်ထောင်ကျတာပြောတယ်။ ကလေးလိုချင်တာပါပြီး ရာသီ မပြော။ တားဆေး စားဆေး ၂ မျိုးက အဲလိုဖြစ်တယ်လို့ အိုဂျီကပြောတာ ဟုတ်ပုံမရ။ တားဆေးတားနည်း အားလုံး ခဏခဏ (ခဏခဏ) တင်ထားတယ်။ အမျိုးသမီးတွေ

တာဝန်

Image
ရဲကြပ်ကြီးတယောက်ဟာ မဟာဗန္ဓုလပန်းခြံကိုရောက်တော့ လက်ပတ်နာရီကြည့်ပြီ့း့ လွတ်လပ်ရေးကျောက်တိုင်နားမှာတော့ လူတယောက်ရပ်နေတာကို တွေ့ရတယ့့် ကျွန်တော့် မိတ်ဆွေတယောက်ကို စောင့်နေတယ့့် ထိုသူ စီးကရက် နောက်တလိပ် ထပ်ညှိပြီ့း့ လူတယောက် သုတ်သုတ်ပြာပြာ ဝင်လာတယ့့် တခုခုစားကြပြီး အေးအေးဆေးဆေး စကားပြောကြရအောင့့် ၂ဝ-၁-၁၉၇၃ နေ့ထုတ် ရွှေသွေးဂျာနယ် ဒေါက်တာတင့်ဆွေ ၃ဝ-၃-၂ဝ၁၈

ဘူး ဖူး ဗူး (သို့) မြန်မာစာမှာ ဖေါ်မြူလာရှိသလား

Image
၁။ ဘူးလား ဖူးလားဗျ ဆရာ စားဖူးသလား စားဖူးတယ် မစားဖူးဘူး စားမလား မစားဘူး သုံးဖူးသလား သုံးဖူးတယ် မသုံးဖူးဘူး သုံးမလား မသုံးဘူး ရောက်ဖူးသလား ရောက်ဖူးတယ် မရောက်ဖူးဘူး ၂။ ဆရာခင်ဗျာ။ ဘူးသီး၊ ဗူးသီး၊ နှာဘူး၊ နှာဗူး၊ မည်သည်က အမှန် ကျေးဇူးပြု၍ အများသိရန် ဖော်ပြပေးပါခင်ဗျား။ ၃။ ဆရာ နို့ဆီဗူးလား နို့ဆီဘူးလားသိပါရစေရှင့်။ ၄။ အတွေ့အကြုံဆိုဖူးလို့ မှတ်ထားတာ ဘူးက အငြင်းဝါကျမှာသုံးတာလို့ မှတ်ထားတာ ၅။ ကျွန်တော်လည်းဖြစ်ဘူးလို့ ဘူးအစား ဖူးကိုသုံးရမှာမို့လားဆရာ။ စားဖူးတယ်၊ သွားဖူးတယ်၊ ဖြစ်ဖူးတယ်။ ဘူးက အငြင်းဝါကျ။ ၆။ ဆရာရေးတဲ့ ဝန်ကြီးဆိုပြီး အကြာကြီးခေါ်ခံရဘူးတယ်။ အဲဒီ့မှာ ဖူးသုံးရမှာလား၊ ဘူးသုံးတာက အမှန်လား။ ၇။ ဆရာခင်ဗျာ ဒုတိယတန်းသင်္ချာထဲမှ နို့ဆီဘူး သတ်ပုံ ခွဲခြားပေးပါခဗျား။ ပို့ပေးတဲ့ ဒုတိယတန်းသင်္ချာထဲမှာ နို့ဆီဗူးရေးလိုက်၊ နို့ဆီဘူးရေးလိုက် တွေ့ရတယ်။ နို့ဆီဗူးက မှန်မယ်ထင်ပါတယ်။ မကြာမကြပြောလာကြတယ်။ အငြင်းသဘောမှာသာ ဘူးသုံးရပါတယ်တဲ့။ မြန်မာစာမှာ ဖေါ်မြူလာလုပ်တာတွေကို ဆန်းစစ်ကြည့်တော့ အားနည်းချက်တွေတွေ့မိပါတယ်။ ရေတွက်လို့ရတာကို တစ်ဆိုတာ အကုန်မမှန်ပါ။ မ နောက်က ဘဲ လိုက်လည်း နေရာတိုင်းမှာ မမှန်

Black Vulture ကောင်သေလင်းတ ကျ၏တည်း

Image
၁။ လင်းတ၊ ဠင်းတ ဘယ်ဟာမှန်။ ဇီဇာကြောင်ဆိုတာ သတ်ပုံကျမ်းမှာ ရှိ၊ မရှိ။ ၂။ တချို့ မြန်မာစာအုပ်တွေမှာ လင်းတ (ငှက်အမည်)၊ ဠင်းတ (ငှက်အမည်) နှစ်မျိုး တွေ့နေရပါ၍ ဘယ်အရာကသာ သတ်ပုံအမှန် ဖြစ်ပါလဲဆရာ။ ၃။ မင်္ဂလာပါဆရာရှင့် ငယ်ငယ်က ကဗျာလေးတွေ ဖတ်ရလို့ ကျေးဇူးတင်ပါတယ်။ ကုဋေ ၈၀ သူဌေးသား ကဗျာလေး တွေ့ရင် တင်ပေးပါ ရှာမတွေ့ပဲ အကုန်မရလို့ပါ။ ရှေးသရောအခါ ပြည်ဗာရာဝယ် ကုဋေကြွယ်သား သူဌေးသားလျင့့် ကောင်သေလင်းတ ကျ၏တည်း။ အရင်ထုတ်တွေရော နောက်ထုတ်တွေမှာပါ ဠကို ထည့်မထားပါ။ ဝေဠုဝန်ကျောင်းတော်နဲ့ ကာဠုဒါယီအမတ်သာ တွေ့တယ်။ သတ်ပုံစာအုပ်ဟောင်းမှာ လင်းတလို့ရေးပါတယ်။ စာရေးသူတွေတချို့က ဠင်းတလို့လည်းရေးကြတယ်။ ဇီဇာကြောင်လို့ သတ်ပုံစာအုပ်ဟောင်းတွေမှာ မတွေ့သေးပါ။ သတ်ပုံစာအုပ်သစ်မှာ ပါတယ်။ ဇီ ဇီဇဝါပန်း ဇီရာပင် ဇီဝက ဇီဝဇိုးငှက် ဇီဝိတ (အသက်) ဇီဝိတိနြေ္ဒ ဇီဝိန်ချုပ် (သေဆုံး) လင်း တလင်း (မြေပြန့်) မိုးလင်းပြီ ရုံတလင်းရွာ ရှင်းရှင်းလင်းလင်း ရှင်းလင်းသည် လင်းကွင်း (တူရိယာ) လင်းကျင်း လင်းချင်းတော်မူပါ လင်းတငှက် လင်းတပနီငှက် လင်းပက်ပိုက် လင်းပိုင်ငါး လင်းကြက် လင်းမြီးဆွဲငှက် လင်းယဉ် (လှေရွက်) လင

Voyage ရွက်လှေ

Image
အခုစာရေးနေချိန်မှာ ပြည်ပနိုင်ငံရေးလုပ်ဘော်ကိုင်ဘက်တဦး ပြည်တွင်းကိုရောက်နေတယ်။ သူအလည်ပြန်နိုင်တာ ဘယ်နှစ်ခေါက်လဲ မသိ။ နော်ဝေသည် ယူအက်စ်အေထက်နီး၏။ ယင်းမာပင်သည် ပုလဲထက်နီး၏။ ဒေလီသည် အင်ဒီယာနာထက်နီး၏။ ဆေးကျောင်းသူငယ်ချင်း အမျိုးသမီးဆရာဝန် နှစ်ယောက်လည်း အလည်ပြန်နေကြတယ်။ သူတို့ကလည်း တယောက် တိုင်းပြည်တခုစီမှာနေကြတာ။ ဟောင်ကောင်နှင့် နယူးယောက်တို့သည် အင်ဒီယာနာပုလစ်ထက် နီးကြ၏။ လာလိုလျှင် အနီးလေးလို့ရေးတာတွေ ကြိမ်ဖန်များစွာ ဖတ်ဖူးထားပြီးဖြစ်။ ခရီးမိုင်သည် အတားအဆီးတမျိုးသာဖြစ်၏။ ဓါးတောင်ကိုသော်လည်းကောင်း မီးပင်လယ်ကိုသော်လည်းကောင်း တက်ကျော်ဖြတ်ရသူတွေ တကယ်ပင်ရှိ၏။ အကျွန်ုပ်အကယ် အလည်ပြန်ဖြစ်ပါက အချိန်ဗီဇာကိုဝယ်ယူနိုင်ပြီး အခြေအနေပြည်ဝင်ခွင့်ပါရလို့ဖြစ်၏။ ဒေါက်တာတင့်ဆွေ ၃ဝ-၃-၂ဝ၁၈

ဘော် နှင့် ဖေါ်

Image
၁။ လုပ်ဖော်လား လုပ်ဘော်လား ဆရာ မရှင်းလို့။ ၂။ ဆရာ အကောင်းဆုံးအဘော်ဖြစ်သည်လို့သုံးတာ အမှန်လားဆရာ။ အဖော် အဘော် ဘယ်ဟာအမှန်ပါလဲဆရာ။ ၃။ အဖော်ကိုလဲ အဘော်လို့ရေးထားတယ်နော် ဆရာ အဲ့ဒါလေးလဲအချိန်ရရင် ရှင်းပြပေးပါအုံးဆရာ။ ၄။ မင်္ဂလာပါဆရာရှင့်။ လုပ်ဖော်ကိုင်ဖက်၊ လုပ်ဘော်ကိုင်ဖက်၊ လုပ်ဖော်ကိုင်ဘက်၊ လုပ်ဘော်ကိုင်ဘက်၊ ဘယ်ဟာ အမှန်ဆိုတာ သိပါရစေရှင့်။ ၅။ မင်္ဂလာပါဆရာ။ အပျိုဘော်ဝင်လို့ သုံးထားတာတွေ့တယ်ဆရာ။ တော်တော်များများနေရာတွေမှာ အပျိုဖော်ဝင်ဆိုပြီး သုံးတတ်ကြတယ်။ ဘယ်ဟာက အမှန်လည်းပြောပြပေးပါဆရာ။ ဘော် ရဲဘော် လူဘော်မဝင် ဝသီဘော်ငါးပါး အပျိုဘော်ဝင်သည် အယ်ဒီတာအာဘော် အာဘော် အာနုဘော် အပေါင်းအဘော် = အပေါင်းအဖေါ် ဆေးဘော်ကြောဘက် ဒွေးဘော် ဘော်တွင်း ဘော်ဖြူငွေရွက် ဘော်လီဘော ဘော်ဝါ ဘော်ငွေ ရွေဘော်တသင်း ဖေါ် တဖေါ်နှစ်ဖေါ် အပေါင်းအဖေါ် ဆေးဖေါ်သည် ဆွေမျိုးပေါက်ဖေါ် ပေါ်အောင်ဖေါ် ဖေါ်ထုတ်သည် ဖေါ်ပြသည် ဖေါ်လံဖါးသည် ဖေါ်လှစ်ပြသည် ဖေါ်ကောင်သက်သေ ဖေါ်ဖေါ်ရွေရွေ ဖေါ်ပြောသည် ဖေါ်ရွေသည် ဖော်ကျူး ဖော်စပ် ဖော်ထုတ် ဖော်ပြသည် ဖော်ရွေသည် ဖော်ညွှန်းသည် ဖေဖေါ်ဝါရီလ အဲဒီအသုံးက နောက်ပေါ်ဖြစ်တယ်။ အရင်ထုတ်သတ်ပ

Surgical Adhesion ခွဲစိတ်ရရင် တွယ်ကပ်မှုဖြစ်တယ်

Image
၁။ မင်္ဂလာပါဆရာရှင့် ကျွန်မညီမက အသက် ၂၁ပါ ဆရာ  အူအတက်ခွဲထားတာ ၂ လရှိပါပြီ အခု ဗိုက်ကနည်းနည်းပြန်အောင့်ပြီး နေ့တိုင်းအန်ပါတယ်ဆရာ စိုးရိမ်ရပါသလားရှင် အူအတက်ခွဲထားတာက ရန်ကုန်ဆေးရုံကြီးမှာခွဲထားတာပါဆရာ  ကျွန်မတို့ကနယ်ကိုပြန်သွားတော့  ခုလိုအန်နေတာကို နယ်ကဆရာဝန်နဲ့ပြပေမဲ့လည်း နေ့တိုင်းအန်နေတာ ဆယ်ရက်လောက်ရှိပါပြီဆရာ ကျေးဇူးပြုပြီးဖြေကြားပေးပါဆရာရှင့်။ ၂။ ဆရာခင်ဗျား ကျွန်တော့်အစ်မ ၄ဝ နှစ်၊့ မြို့၊ ရန်ကုန်သည် လွန်ခဲ့သော ၂ နှစ်ခန့်တွင် အူမကြီးနဲ့အစာအိမ်ကြားတွင် အနာဖြစ် ပြည်တည်၍ အူဖြတ်၍ဆက်ထားရပါသည်။ ခုအခါ မကြာခဏ ဗိုက်ထဲတွင် နာကျင်ခြင်း (အူဆက်ထားသည့် နေရာဟုထင်ပါသည်) အားနည်းခြင်း၊ ဝက်ခြံများပေါက်လာခြင်း ဖြစ်နေပါ၍ သက်သာစေမည့် နည်းလမ်းနှင့် ဆေးများ ညွန်ကြားပေးရန် အစ်မကိုယ်စား ပန်ကြားပါသည်။ ၃။ ဆရာရှင့် သမီးက 5.6.2014 နေ့က ဗိုက်ခွဲပြီး ကလေးမွေးခဲ့ပါတယ်။ အခု တလကျော်တာတောင် ဗိုက်သားတွေ နာနေတုန်းပါဘဲ။ ချုပ်ရိုးက ကောင်းပါတယ်။ လုံးဝမနာပါဘူး။ ဒါပေမယ့်  ချုပ်ရိုးအောက်ဗိုက်ထဲမှာ မာမာ အမြှောင်းလိုက် ဖြစ်နေပါတယ်။ ချုပ်ရိုးအပေါ်ဘက်နားက ဗိုက်သားတွေကလဲ အရမ်းနာနေတုန်းပါ။ ဘယ်လိုကုသမှုမျိုး လိုအပ်ပါသလဲ ဆရာ။ ေ

Bamboo shoot မျှစ်

Image
ကျွန်တော်က မျှစ်ကို အတော်ကြိုက်ပါတယ်။ ပြည်တွင်းကမျှစ်နဲ့ဝေးနေတာ ၂၈ နှစ်။ ပြည်ပနိုင်ငံရေးလုပ်ရစဉ်က ထိုင်းကို ခဏခဏသွားခဲ့ရတာ အခေါက်တိုင်းမှာ မျှစ်ဝယ်ပြန်ပါတယ်။ မျှစ်စို့ကြီးတွေကို ကျောပိုးအိတ်မှာ နိုင်သလောက်ထည့်ပြီး သယ်လာပါတယ်။ ခတ္တမန္ဒူသွားတိုင်းတော့ မှိုဝယ်လာတယ်။ နယ်စပ်ရောက်တိုင်းလည်း မျှစ်ဝယ်ဖြစ်တာများတယ်။ မာနယ်ပလောခေါ်တဲ့ အတိုက်အခံမှန်သမျှရဲ့ဌာနချုပ်ကိုလည်း ၁၉၉၅ မတိုင်ခင်မှာ သုံးခေါက်ရောက်တယ်။ ဝါးတောထဲက ကျွန်တော်တို့ရုံးမှာ ဗုံးခိုကျင်းရှိတယ်။ ထမင်းစားရင် မျှစ်ဟင်းပါတယ်။ ဒေလီမှာနေစဉ်က ပုလဲကအသိတယောက် နေပြည်တော်မှာ တာဝန်ကျနေတာ၊ ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ မျှစ်စိမ်းကပို့မရတော့ မျှစ်တွေကို သူကိုယ်တိုင် လှီးစိတ်ပြီး၊ မျှစ်ခြောက်လုပ်ထားသတဲ့။ အဆင်မသင့်ချင်တော့ ကျွန်တော်က နေရာတခုထပ်ပြောင်းရပြန်လို့ လက်ဆောင်က မရောက်နိုင်တော့ပါ။ မျှစ်ဆိုတာ ဝါး။ မုံရွာနဲ့ ပုလဲမှာလည်း မျှစ်ပေါပေါများများရတယ်။ စာထဲမှာသာဖတ်ရတဲ့ တပင်တိုင်ဝါးကို မသိပါ။ တပင်တိုင်မျှစ်လည်း မစားဖူးပါ။ မြန်မာစာအဖွဲ့ကနေ တစ်ပင်တိုင်အလုပ်ခိုင်းထားလို့ အဲသည်မျှစ်ကိုသာစားရရင် မျိုမကျလောက်။ ဒေါက်တာတင်ဆွေ ၃ဝ-၃-၂ဝ၁၅ ၃ဝ-၃-၂ဝ၁၈

Black and White အဖြူနဲ့အမည်း

Image
၂ဝ၁၂ သြဂုတ်လထဲမှာ ဦးသိန်းစိန်အစိုးရကနေ နိုင်ငံရေးလုပ်သူ ၂ဝဝဝ ကျော်ကို အနက်ရောင် အမည်စာရင်းကနေ ပယ်ဖျက်တဲ့ထဲမှာ ကျွန်တော့်နာမည်က နံပါတ် (၇) မှာပါခဲ့ပါတယ်။ ကျေးဇူး။ မြန်မာ့နိုင်ငံရေး အဖြူ-အမည်း သဲကွဲပြီလား။ ပြည်ခိုင်ဖြိုး ဆိုးဆေးနဲ့ နာမည်ကဖြူသွားတယ်။ ကျွန်တော့်ဆံပင်ကတော့ စစ်အစိုးရတက်ကတည်းကဖြူခဲ့တာ။ မြန်မာ့နိုင်ငံရေး အဖြူ-အမည်း အခုထိ မသဲကွဲလှသေးပါ။ ဒေါက်တာတင့်ဆွေ ၃ဝ-၃-၂ဝ၁၈ Big Name နာမည်ကြီး Black and White အဖြူနဲ့ အမည်းပို့စ်အောက်မှာ ကွန်မင့်တခု ဖတ်ရတယ်။ ကျေးဇူး။ နိုင်ငံရေး လှုပ်ရှားသူ နာမည်ကြီးစာရင်းထဲပါတဲ့သူ ဖြစ်လို့ပါ။ ဒါကြောင့် အခုအထိ နာမည်ကြီးနေဒါပေါ့။ ဆိုင်းဘုတ်ကြီးကြီးရေးထားရင်၊ အသံကျယ်ကျယ်ဟစ်တတ်ရင်၊ သူများထက်ထူးခြားပြီး ဝတ်စားဆင်ယင်တတ်ရင် နာမည်ကြီးနိုင်တယ်။ Smile! ဒေါက်တာတင့်ဆွေ ၃ဝ-၃-၂ဝ၁၈

သွေးကာချီ ဖူးပွင့်ငုံဝေစီ

Image
ကျွန်တော် အခုနေရတဲ့အရပ်မှာ မနှစ်က ဒီအချိန်မှာ သစ်ပင်လေးတွေ ဖူးပွင့်ငုံဝေစီနေကြပြီ။ ဒီနှစ် စောင့်ရဦးမယ်။ မြန်မာစကားမှာ လေသွေးတယ်ဆိုတာ တော်တော်ရိုးပါတယ်။ နှင်းဆီ အဖူးအငုံလေးတွေကို လေသွေးလိုက်တော့ ဟိုယိမ်းဒီယိမ်းနဲ့ လုပ်လီလုပ်လဲ့ဖြစ်နေတာကို ခေတ်ဟောင်းတေးရေးပညာရှင်က သွေးကာချီ ဖူးပွင့်ငုံဝေစီလို့ လှလှ ပပလေး ဖွဲ့နွဲ့ထားပါတယ်။ ဒါကို ခေတ်ပြန်ဆိုသူက ပွေ့ကာချီ ပွေ့ကာချီ ဖူးပွင့်ငုံ ဝေစီလုပ်ပစ်လိုက်တော့ ပျက်ရော။ ရုန့်ရင်းကြမ်းတမ်းလိုက်တဲ့ဖြစ်ခြင်း။ မိန်းမပျိုကလေးရဲ့ကိုယ်လုံးလေးကို ရာဂုမ္မတ္တကြီးတဦးက ပွေ့ချီသွားတာကို မြင်လိုက်ရတော့တယ်။ မောင်သာနိုးက ရေးထားတာ။ ဖူး ကမ်းနဖူး စိန်ဖူးတော် ဆတ်သွားဖူး ထိပ်ဖူး နဖူး ဖူးငုံ ဖူးစာ ဖူးပွင့်ငုံ ဖူးဖူးမှုတ်ထားသည် ဖူးမြင်သည် ဖူးတွေ့သည် ဖူးမြော်သည် ဖူးရောင်သည် ဖူးရွှေလက်တင် ဘုရားဖူး ပြောင်းဖူး ဆရာမောင်သာနိုးစာမူရင်းမှာ တဦးလို့သာရေးထားတာကို ကူးတင်သူကနေ တစ်ဦးလုပ်ထားတယ်။ အဲလိုတွေများနေလို့ မြန်မာစာ ဖူးပွင့်ငုံဝေစီ ဖြစ်မလာနိုင်တာ။ အညွန့်ကိုတုံးစေအောင် လုပ်ထားတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၃-၂ဝ၁၇ ၃ဝ-၃-၂ဝ၁၈ Photo by Myo Myint

Nausea and Vomiting ပျို့ချင်အန်ချင်

Image
ကန်တော့ပါ။ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်။ ဆောရီး။ ၁။ ဆရာရှင့် ကျွန်မအသက် ၂၃ နှစ်ပါ အိမ်ထောင်မရှိပါဘူးရှင် မနက်တိုင်းလိုလို အဝါရောင် အရည်တွေအန်နေပါတယ်ရှင် ဘာဖြစ်တာလဲဆိုတာ သိလို့ရမလားရှင် တခါတလေ အချွဲတွေပါ ပါတယ်ရှင် (တစ် ၂ လုံးကို ပြင်လိုက်တယ်။ ရာသီ မသိ။) ၂။ မ Female 4days စားပီး စားသမျှ ပြန်အန် အပျိုပါဆရာ အသက် ၄ ရက်သမီး။ အပျို။ နားမလည်ပါ။ ဆောရီး။ ဖြစ်တာ 4ရက်ပါ အသက်က ၂၅ ရာသီ မပြော။ တခြား သံသယရှိစရာ မသိ။ ဘလော့မှာ ဖတ်နိုင်။ စားသမျှ ပြန်ပီး အန်ပါတယ် ရာသီလာပါတယ်ဆရာ ဆရာဝန်တွေက အစာအိမ်ဆေး ပေးတယ်ဆရာ ပျို့ချင်-အန်ချင်တာဟာ ရောဂါတခုခုရဲ့ လက္ခဏာသာဖြစ်တယ်။ ရောဂါမဟုတ်ပါ။ အန်ချင်တာကို အကြောင်းတရား အများကြီးကနေဖြစ်စေတယ်။ အစာအိမ်ရောင်တာ၊ အစာဆိပ်သင့်တာလို သိပ်မဆိုးတာနဲ့ ဦးနှောက်ကင်ဆာလို ဆိုးတာကနေလဲ ဖြစ်စေနိုင်တယ်။ မအန်ခင် ပျို့လာပေမဲ့ ပျို့တိုင်းတော့ မအန်ဘူး။ အန်တာများရင် ဝမ်းလျှောသူတွေလိုဘဲ ဓါတ်ဆားရည်တိုက်ရ သွင်းနိုင်တယ်။ အအန်ပျောက်ဆေး တခါတလေ လိုမယ်။ အန်တာနဲ့ အစာအိမ်ထဲကဟာတွေ အထက်ဆန်တာနဲ့မတူပါ။ အန်တာက အင်နဲ့အားနဲ့ အစာအိမ်ထဲက ရှိသမျှကို ထုတ်ပြစ်တာ။ နောက်တမျိုးက အားမပါဘူး။ အန်လို့ နောက

ဆွံ့အသည်

Image
ပို့စ်တခု တွေ့တယ်။ ခနလောက် စွန်းအသွားတယ် ခဏလို့ရေးသင့်တယ်။ ဏ ကလျာဏ ခဏခဏ ခဏငယ် တခဏ ဒက္ခိဏ ပမာဏ ပဝါရဏ ပုဏ္ဏကတိုက် ဗာရာဏ မရဏ ဗြဟ္မဏ ပေါရာဏ ဆွံ့ စကားဆွံ့ ဆွံ့အသည် လက်ဆွံ့ အဆွံ့အအ ခြေဆွံ့ ဆွန့် ဖဆွန့်တွန့်တွန့် ဆွန့်တွန့်သွားသည် မယုတ်မဆွန့် မိုးဆွန့်သည် အစားဆွန့်သည် စေတနာဆွန့်သည် ဒေါက်တာတင့်ဆွေ ၂၉-၃-၂ဝ၁၈

Spelling စာလုံးပေါင်းမှားရင် ရောဂါလည်းမှားတယ်

Image
ဒေါက်တာရှင့် ကိုယ်ဝန်ရှိသည်က ရာသီသွေးလာရင် ဘာဖြစ်တက်ပါသလဲရှင့်။ ကိုယ်ဝန်ရှိစဉ် သွေး၊ အရည်၊ အဖြူဆင်းတာ မကောင်း။ ကိုယ်ဝန် ပတ်-လ အပေါ်မှာမူတည်။ ကိုယ်ဝန်ပျက်ခြင်း အမျိုးမျိုးရှိ။ 1. Abortion Complications ကိုယ်ဝန်ဖျက်ခြင်း နောက်ဆက်တွဲများ https://doctortintswe.blogspot.com/2017/08/abortion-complications.html 2. Abortion Risks စပွန်ဆာရောဂါ https://doctortintswe.blogspot.com/2016/06/abortion-risks.html 3. Amenorrhea ရာသီထိန်ခြင်း၊ ရာသီမလာခြင်း https://doctortintswe.blogspot.com/2014/10/amenorrhea.html 4. Bleeding During Early Pregnancy ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း https://doctortintswe.blogspot.com/2014/11/bleeding-during-early-pregnancy.html 5. Ectopic Pregnancy (1) ထူးဆန်းသည့်ကိုယ်ဝန် (၁) https://doctortintswe.blogspot.com/2014/11/ectopic-pregnancy-causes.html 6. Ectopic Pregnancy (2) ထူးဆန်းသည့် ကိုယ်ဝန် (၂) http://doctortintswe.blogspot.com/2015/09/ectopic-pregnancy.html 7. H mole စပျစ်သီးကိုယ်ဝန် https://doctortintswe.blogspot.com/2014/11/hydatidiform-mole-treatment.html 8. M

တစ်

Image
နှစ်ယောက်တွဲဖြေတာ ၁ မှတ်သာရ။ ကျ။ ဇောက်ထိုးကျ။ ဒေါက်တာတင့်ဆွေ ၂၉-၃-၂ဝ၁၈

Early Rupture of Membranes ရေမြွာစောပေါက်ခြင်း

Image
၁။ ဆရာရှင့် ရိုသေလေးစားစွာဖြင့် သမီးသိချင်တာလေးဖြေပေးပါဦးဆရာ သမီး သားဦးကိုယ်ဝန် ၃၈ ပတ်ထဲမှာပါ အခု ဆီးသွားသလို အချွဲရည်တွေ ဆင်းနေလို့ပါဆရာရှင့် ဆေးရုံချက်ခြင်းတက်ဖို့ လိုပြီလားဆရာရှင့် ပြသင့်။ ချက်ချင်းလို့ ရေးရ။ ၂။ ဆရာရှင့်။ ကျမမောင်လေးရဲ့အမျိုးသမီးအကြောင်း မေးမြန်းပေးချင်လို့ပါ။ သူကမြန်မာပြည့့် မြို့ကပါ။ အသက် ၃၂ နှစ်ပါ။ အမျိုးသား သက် ၃၂ နှစ်။ အခု သူတို့ရဲ့ သားဦး ကိုယ်ဝန်ဆောင်ထားတာ ၈ လပြည့်ဖို့ ၈ ရက်အလိုမှာ ရေမွှာရည် ဆင်းပါတယ်။ မိုးလင်းတာနဲ့ဆေးရုံကိုခေါ်သွားပါတယ်။ ထိုင့်း့ ဆေးရုံမှတဆင့့် သို့ သွားရပါတယ်။ ညခင်း ၄ နာရီအထိ ဗိုက်နာခြင်း၊ ခါးနာခြင်းလဲမရှိ ကလေးကထွက်ခြင်သောကြောင့်တိုးနေပါတယ်။ သားအိမ်ခေါင်းလဲ မပွင့်ပါဆရာ။ ပွင့်ဆေးထိုးပေးလဲ မပွင့်ပါဘူးဆရာ။ ကလေးက ၂့၎ ကီလို ရှိမယ်လို့ ဆရာမကခန့်မှန်းပါတယ်။ ဆရာဝန်များက ဆေးထိုးပေးပြီး နောက်ထပ် ၄၈ နာရီစောင့်ကြည့်မယ်လို့ပြောပါတယ်။ ကလေးကတော့ ယခင်ရက်ထက် ပိုလူပ်ရှားပါတယ်။ ဆရာဝန်များက လမစေ့သေးလို့ မနက်ဖြန်မှာ ပေါက်ထားတဲ့ ရေမွှာကို ပြန်ချုပ်ပေးပြီး လစေ့အောင် အိမ်ပြန်စောင့် ဒါမှမဟုတ် လမစေ့ပဲခွဲမွေးချင်မွေး မိမိတို့နှစ်သက်ရာကိုရွေးချယ်ခိုင

Propaganda ပေါ်လစီ

Image
တူတော်မောင်တယောက်က တင်ထားတယ်။ ဟိုးခေတ်တုန်းကတော့ ပေါ်လစီကားတွေခေတ်စားခဲ့ဖူးတယ်။ အခုထိမှတ်မိနေတာက အဖေနှင့်သားများတို့၊ ပါပီမတိုပေါ့။ ဝါဒဖြန့်ဖို့အတွက် ရုပ်ရှင်မီဒီယာကို အသုံးချခဲ့ကြတာတွေပါ။ ဘယ်သူက ဘယ်လိုနာမည်ပေးလိုက်လဲမသိဘူး၊ အဲဒီလိုမျိုးတွေကို ပေါ်လစီဆိုတဲ့နာမည်တပ်လိုက်ကြတယ်။ နိုင်ငံတကာမှာလည်း ပေါ်လစီဇာတ်ကားတွေရှိတာပေါ့ဗျာ။ စသဖြင့် နမူနာရုပ်ရှင်အမည်တွေပါပေးထားတယ်။ ကျွန်တော်တို့ငယ်ငယ်က ဦးနုရေးတဲ့ လူထုအောင်သံရုပ်ရှင်ကို မြို့တကာ ရွာတရာ လမ်းတကာမှာ ပိတ်ကားထောင်ပြီး အကြိမ်ကြိမ်အခါခါ အခမဲ့ပြခဲ့တယ်။ ကွန်မြူနစ်ဆန့်ကျင်ရေးကား။ အနည်းဆုံး ၅ ခါလောက်ကြည့်ဖူးတယ်။ ကလေးဆိုတော့ ကွန်မြူနစ်ကို မသိ။ ထမင်းကလည်း မာလိုက်တာဆိုတဲ့ သူပုန်ခေါင်းဆောင်ပြောတာပဲ စွဲနေတယ်။ Smile! ကျွန်တော်လည်း တောထဲမှာ ထမင်းမာတာ စားခဲ့ဖူးတယ်။ မာလို့ မျိုမကျ။ No Smile! ကျွန်တော်ကတော့ ပေါ်လစီမြန်မာစာသတ်ပုံအကြောင်းတွေ ရေးနေတယ်။ အဲဒီဇာတ်ကားကို ၁၉၈၁ ခုနှစ်မှာစရိုက်တာ။ အလွန်အောင်မြင်တယ်။ အခုထိ ရိုသေကျိုးနွံစွာ လိုက်နာကြတယ်။ ကျွန်တော့်အတွက်တော တစ်နေလို့ မျိုမကျ။ ဒေါက်တာတင့်ဆွေ ၂၃-၃-၂ဝ၁၈

Womb သားအိမ်ဆိုတာ တခုတည်းသာရှိတယ်

Image
အသက်က 24 ပါ မိန်းကလေးပါဆရာ ညာဘက်သားအိမ်နားအောင့်အောင့်နေလို့ပါဆရာ သားအိမ်ဆိုတာ တခုတည်းသာရှိတယ်။ သားအိမ်နှစ်ခွက ရှားတယ်။ သားအိမ်ရဲ့ ဘယ်ဘက် ညာဘက်လို့သာ ပြောရတယ်။ သားအိမ်ပြွန်နဲ့ မျိုးဥအိမ်တို့က တစုံရှိတယ်။ သားအိမ်ဝကလည်း တခုတည်း။ ဒီမေးခွန်းက အခုရတာ။ နမူနာသာဖြစ်တယ်။ အဲလိုရေးမေးသူတွေ မနည်းပါ။ ကိုယ်ခန္ဓာမှာ တခုတည်းသာရှိတဲ့ အင်္ဂါအစိတ်အပိုင်း (ခေါင်း၊ နဖူး၊ မေး၊ လည်ပင်း၊ ရင်ပတ်၊ နောက်ကျော) ကို အဲလိုမှားပြောတတ်ကြတယ်။ နောက်အမှားတမျိုးက ရှေ့နဲ့ အရှေ့၊ နောက်နဲ့ အနောက်။ အဲဒီအကြောင်းလည်း ရေးထားတယ်။ 1. Double Reproductive Organs အင်္ဂါနှစ်မျိုးပါနေခြင်း https://doctortintswe.blogspot.com/2014/11/double-reproductive-organs.html 2. RV Uterus သားအိမ်နောက်လန် https://doctortintswe.blogspot.com/2017/02/rv-uterus.html 3. Tilted uterus သားအိမ်စောင်းနေခြင်း https://doctortintswe.blogspot.com/2014/11/tilted-uterus.html 4. Uterus didelphys သားအိမ်နှစ်ခွ https://doctortintswe.blogspot.com/2015/07/uterus-didelphys.html 5. Uterus သားအိမ် https://doctortintswe.blogspot.com/2014/11/uterus.html 6. အ

ငယ်စဉ်ကို မှန်း

Image
ဆရာက ပုလဲက ဒေါက်တာတင့်ဆွေဆိုရင် ဆရာ့အတွက် အလွမ်းပြေ ဆရာ့အိမ်ကို ဓာတ်ပုံရိုတ်ထားတာပို့ပေးလိုက်မယ် ဆရာ။ ကျွန်တော် ကြောင်သန်းကပါဆရာ။ ရန်ကုန်မှာ စက်မှုအင်ဂျင်နီအလုပ်နဲ့ လုပ်ပါတယ်ဆရာ။ ကိုယ့်မှာရှိခဲ့တာ အဲတာသာ။ အဲတာလည်း အိုဟောင်းပျက်စီးနေပြီ။ သစ်လွင်တောက်ပမှု ကင်းမဲ့ပြီ။ သက်ဝင်လှုပ်ရှားမှု ဆိတ်သုဉ်းပြီ။ ကိုယ့်မှသာ မဟုတ်။ လူတိုင်းကိုယ်စီမှာ သစ်လွင်တောက်ပမှုရော သက်ဝင်လှုပ်ရှားမှုပါ ရှိခဲ့ကြတယ်။ တချို့မှာ တာရှည်ပြီး တချို့မှာ မကြာ။ ဖြစ်စဉ်သဘောကတော့ တူတယ်။ နုပျိုသစ်လွင်ချိန်မှာ အကျိုးရှိစေတာကို စွမ်းနိုင်သလောက် လုပ်ကြရတယ်။ အစွမ်းရှိသူတွေ ဖြစ်ကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၂၉-၃-၂ဝ၁၈

Amniotic fluid ရေမြွာရည်

Image
၁။ ဆရာရှင့် ကျမ ခုကိုယ်ဝန် ၃၆ပတ်ရှိပါပြီရှင့် ၇လမှာ PE ရပါတယ်အဲ့ကတည်းက Nephitapine 20mg BD labitalol tds သောက်နေရပါတယ် USG ရိုက်တယ် ၂ပတ်တခါ  AFI ကနည်းနည်းလာတယ်ခု 9.2 ဘဲရှိတော့တယ်ဆရာ OG ကတပတ်ဘဲထပ်စောင့်မယ်ပြောပါတယ် ကလေးလည်းကောင်းကောင်းလှုပ်နေတယ် အဲ့ဒါ AFI ကဘယ်လောက်လောက်ဆို ဂိတ်ဆုံးနည်းလို့ရပါသလဲဆရာ  ကျမ ၂ပတ်လောက်ထပ်စောင့်ချင်လို့ပါ အသက် မပြောပါ။ အတိုကောက်တွေကို မှန်းယူရတာ မသင့်။ စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က လိုတာညွှန်မယ် ထင်ပါတယ်။ အသက်က ၂၉ ပါရှင့်ဆရာ preclamsia ရတာပါရှင့် AFI က Liqour intent ကိုပြောတာလို့ပြောပါတယ် AFI level က အနည်းဆုံးဘယ်လောက်ရှိရမှာလဲရှင့်ဆရာ မွေးခါနီးခန်းခန်းသွားတာလား dribling လည်းမရဘဲနဲ့လေ Dribbling လို့ရေးရတယ်။ Content လို့ ရေးရတယ်။ AFI အတိုကောက်ကို ကိုယ်စားပြုတာတွေ အများကြီးရှိတယ်။ AFI = Anthems for Insubordinates (band) AFI = Allied Forces Italy AFI = Ah, Forget It (polite form) AFI = American Forest Institute နောက်ထပ် ၅၇ ခုရှိသေးတယ်။ PE မှာလည်း Professional Engineer ကအစ ၁ဝဝ ကျော်ရှိတယ်။ သားဖွားပညာမှာ PET လို့သာသုံးကြတာများတယ်။ ၂။ ဆရာရှင့် ရေမွှာ 9.

Hydrocele မုတ်ရောဂါ

Image
၁။ ဆရာရှင့် ကျွန်မသားလေး က အသက် ၁ နှစ်နဲ့ ၉လ ရှိပါပီကန်တော့ပါနော် ဆရာ ကျွန်မသားလေး ဝှေးစေ့ တလုံးက နဲနဲလေး ကြီးလာသလို ဖြစ်တယ်လို့ စိတ်ထဲ ထင်မိ၍ ကလေးဆေးရုံကို သွားပြခဲ့ပါတယ်မပြခင် ၅ ရက်လောက်က အိမ်မှာ သားလေး ဆော့နေရင်း ချော်လဲခဲ့ပါတယ် အဲ့ဒါနဲ့လည်း သက်ဆိုင်မယ် ထင်သောကြောင့် ဆရာဝန်ကို အကျိုးအကြောင်း စုံလွင်စွာ ပြောပြပါတယ် ဆရာဝန်က သားသားလေး ဝှေးစေ့ကို စမ်းသပ်ပီး အရည်အိတ် ရှိနေတာလို့ ပြောပါတယ်ဆရာကလေး ခွဲစိတ်ဆရာဝန်နဲ့ ထပ်မံပြဆိုရန် ဆေးစာ ရေးပေးပါတယ်ဒီလို အရည်အိတ် ရှိခြင်းဟာ အန္တရာယ် ရှိမရှိနဲ့ အကယ်၍ ခွဲထုတ်လိုက်မည် ဆိုရင်ရော သားလေး ခံနိုင်ရည် ရှိ မရှိ သိလိုပါတယ်ဆရာခွဲထုတ်ပီးရင်ရော အရည်က ပြန်တည် လာနိုင်ပါသလားရှင်သားလေး အသက်ကြီးလာရင်ရော ပြန်ဖြစ်လာနိုင်သလား သိချင်ပါတယ် ဆရာ ခွဲစိတ်ဆရာဝန်နဲ့က ရက်ချိန်း မရောက်သေး၍ မပြရသေးလို့ပါရှင်သားလေးက ဆော့ချိန်/စားချိန်/အိပ်ချိန် အားလုံးပုံမှန်ပါ ရွှင်ရွှင်ပျပျလည်း ရှိပါတယ်ဒီလို အရည်အိတ် တည်ခြင်းဟာ ဘယ်လို ဂရုစိုက် ကာကွယ်မှု လိုအပ်သောကြောင့် ဖြစ်လာရတယ် ဆိုတာလည်း သိလိုပါတယ်ဆရာရှင့်ဆရာ့၏ အကြံဥာဏ်နှင့် ကုသရန် နည်းလမ်းများ ရယူလိုပါ၍ ဆေးမှတ်တမ်းများ ပူးတွဲ၍ ပေးပို့ပါ