မြန်မာစာ ဘာတွေဖြစ်နေလဲ

မြန်မာစာရေးကြတာမှာ သတ်ပုံလွဲနေတာ၊ စကားပြောတာနဲ့ သီချင်းဆိုကြတာမှာ မပီသတာတွေရေးနေလို့ အမြင်ကပ်စရာတော့ ကောင်းနေမယ်။ မတတ်နိုင်ပါ။ ထပ်ပြောရပါဦးမယ်။

(ကန်တော့ပါ) ဝမ်းသွာတဲ့အထဲ သွေးပါတာကို သွေးဆင်းတယ်လို့ရေးတာ နှစ်ယောက်ရှိတယ်။ အမျိုးသမီး လစဉ်ရာသီနဲ့ မျိုးပွါးခြင်းမှာသာ သွေးဆင်းတယ်လို့ ရေးရ ပြောရပါတယ်။

ယောက်ျားနဲ့ မိန်းမ အသုံးလည်း တည့်မှန်အောင် မသုံးတတ်သူတွေမနည်းပါ။ ယောက်ျားလေးနဲ့ အမျိုးသား၊ မိန်းကလေးနဲ့ အမျိုးသမီးလည်း တည့်မှန်အောင် မသုံးတတ်သူတွေမနည်းပါ။

အမျိုးသားတယောက်ဆီကလာတဲ့ မေးခွန်းတခုကတော့ သူ့ယောနိတဲ့။ အမျိုးသမီးလိင်အင်္ဂါကိုသာ အဲဒီအသုံး သုံးရပါတယ်။ အဲတာလည်း ကန်တော့ပါ။

ယောနိ = သားအိမ်၊ ပဋိသန္ဓေ၊ မိန်းမနိမိတ်။

မြန်မာစာ အထီး အမ မစစ်တော့ဘူးလား။ ကန်တော့ပါ။

ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၇
၁၉-၃-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)